<div style='background-color: none transparent;'></div>

Home » » မိုးဟေကိုနှင့် သတင်းစာပါ ကြေညာချက် အကြောင်း

မိုးဟေကိုနှင့် သတင်းစာပါ ကြေညာချက် အကြောင်း

သရုပ်ဆောင် မိုးဟေကို(ခ) မအေးအေးခိုင်၏ ခင်ပွန်းဖြစ်သူ ကိုညီညီထွန်းက ယခုလက်ရှိ မိုးဟေကို နေထိုင်သော နေအိမ် ပိုင်ဆိုင်မှုနှင့် ပတ်သက် ၍ အောက်တိုဘာ ၃၁ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ညီညီထွန်းနှင့် မိုးဟေကိုတို့သည် ၂၀၀၈ ဧပြီလကပင် ကမာရွတ်မြို့နယ် တရားရုံး၌ တရားဝင်လက်ထပ်ခဲ့ပြီး သုံးလအကြာ အမှတ်(၇၄/ဘီ)၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်ရှိ နေအိမ်ကို မိုးဟေကိုအမည်ရင်းဖြင့် ၀ယ်ပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ ယခုအခါ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် ညီညီထွန်းက စင်ကာပူနိုင်ငံသို့ ခေတ္တထွက်ခွာသွားပြီး ယင်းမရှိသည့်အချိန်တွင် နေအိမ်နှင့်မြေနေရာကို လက်ရှိနေထိုင်သူများက မိမိသဘောဖြင့် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း စသည်တို့ကို မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူ မည်ဟု ဖော်ပြ ထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မိုးဟေကိုကို ဆက်သွယ်မေးမြန်းရာ ဓာတ်ပုံရိုက်ခြင်း၊ အင်တာဗျူးဖြေဆိုခြင်းများ မပြုလုပ်လိုကြောင်း သူမကပြောသည်
7 days news 

Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map