ထိုင်း-မြန်မာနယ်စက်တစ်လျှောက်ရှိမြို့များတွင် မြန်မာမိန်းကလေးငယ်အချို့၏ ဘ၀သည် မျှော်လင့် ချက်မဲ့ ပျဉ်သုဏ်း
လျက်ရှိကြောင်း သိရှိရသည်။ အသက် ၁၀နှစ်မှ ၁၆ နှစ်ကြား မိန်းကလေးများဟု သိရပြီး အရွယ်နှင့်မလိုက်အဆိုးရွား
ဆုံး ပြည်တန်ဆာကျေးကျွန်များဖြစ်နေကြောင်း နယ်စပ်အသိုင်း အ၀ိုင်း များထံမှ သိရှိရသည်။
ထိုင်းဘာသာစကားအရ “ ပွတ်သောရီဆွတ်” မြန်မာလို အပျိုစင်အား ဈေးဦးဖောက်ခြင်း ဟူခေါ်တွင် သော နယ်စပ်
ဈေးကွက်တွင် အမျိုးသမီးငယ်လေးများသည် အများဆုံးရှိနေကြောင်း သိရသည်။ ကျွန်တော့် ကိုယ်တွေ့ တစ်ခုပြော
ပါမယ်။
ကလေးမလေးတွေဟာ တကယ်တော့ ပညာသင်ရမယ့် အရွယ်ဗျ၊ အခုတော့ ထမင်းတလုတ်အတွက် ခါးစည်းခံနေရ
တယ်လေး ထိုင်းနိုင်ငံသားတစ်ဦးက မြန်မာမိန်းကလေးငယ် တစ်ယောက်ကို ဘတ် သောင်းဂဏန်းကနေ သိန်းဂဏန်း
အထိ ပေးဝယ်တယ်ဗျ၊ ဒီအကောင်တွေက ပျော်ရင် ပျော်သလို သုံးမယ်ပေါ့ဗျ၊ ရုပ်ရည်၊ ခန္ဒာကိုယ်အချိုးအစား၊
ကျန်းမာရေးပေါ်မူတည်ပြီး၊ ဈေးကို အလျှော့အတင်း လုပ်သွားကြတာပေါ့ဗျ၊ ဟိုတစ်ဘောက ကြားလိုက်သေးတယ်၊
ဘတ် ၃၀၀၀ပေးပြီး ၁၂ နှစ်အရွယ် ကလေးမလေးကို ဟိုတယ်မှာ အသုံးပြုတယ်၊ နောက်ရက်ကျတော့ အဲဒီ
ကလေးမလေးသေဆုံးနေ တယ်ဆိုတဲ့ သတင်းကို ကြားရတာပဲ၊
တစ်ခါတလေဆိုရင် အဲဒီ ကလေးလေးတွေက သူတို့ကို ဒီလိုလုပ်စားခိုင်းတယ်ဆိုတာ ဘုမသိဘမသိနဲ့ လိုက်လာကြ
တာပဲဟု. နယ်စပ်တွင် အလုပ်လုပ်နေသူတစ်ဦးက ရင်ကွဲဆို့နင်စွာပြောပြခဲ့သည်။
မိဘအချို့သည် မိမိသမီးဖြစ်သူသွေးရင်း သားရင်း ကို မိဘစိတ်ကင်းမဲ့သွာဖြင့် ရောင်းစားကြခြင်း အဆိုပါ မိန်းကလေး
များတွင် HIV ကူးစက်ခံရပြီဆိုရင် လူရာမသွင်းတော့ခြင်းဈ စီးပွားရေးဖွံဖြိုးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါး
ခြင်းတို့ကြောင့် စာသင်ခန်းထဲမရောက်ဘဲ ဟိုတယ်ခန်းထဲ ရောက် နေကြခြင်းသာဖြစ်နေကြောင်း သုံးသပ်သူများက
သုံးသပ်ကြသည်။
http://www.thithtoolwin.net/2012/11/pyi-myanmar-news-journal-11-9-1...http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1849044&xgs=1&xg_source=msg_share_post


0 comments:
Post a Comment