<div style='background-color: none transparent;'></div>

Home » » အင်တာနက်ပေါ်တွင် ရေးသည့်စာကြောင့် သံသယဖြင့် အုပ်စုဖွဲ့ ရိုက်နှက် ဖြေရှင်းခဲ့သော ဖြစ်ရပ်

အင်တာနက်ပေါ်တွင် ရေးသည့်စာကြောင့် သံသယဖြင့် အုပ်စုဖွဲ့ ရိုက်နှက် ဖြေရှင်းခဲ့သော ဖြစ်ရပ်

အောက်တိုဘာ ၁၇ ရက်နေ့၊ နေ့လည် (၂) နာရီ အချိန်က ချမ်းအေးသာစံ မြို့နယ်၊ ၃၂ လမ်း၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ “မောနင်းစတား” လက်ဖက် ရည် ဆိုင် တွင် အင်တာနက်ပေါ် ရေးသည့်စာ သံသယဖြင့် လက်ဖက်ရည်ဆိုင် အတွင်းသို့ ဝင်ရောက်လာကာ အုပ်စုဖွဲ့ ရိုက်နှက် ဖြေရှင်း ခဲ့သော ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့၊ မြရည်နန္ဒာ ရပ်ကွက်၊ ဘဘ (၁၄) နေထိုင်သူ ဦးအောင်သာ (ခ)ကဗျာဆရာ ဥက္ကာကျော် (ဘ) ဦးရှုစိန်သည် အမြဲထိုင်နေကျဖြစ်သော ၃၂ လမ်းရှိ “မောနင်းစတား” လက်ဖက်ရည်ဆိုင်အတွင်း အနောက်ဘက် ထိုင်ခုံတွင် တစ်ယောက်တည်း စာအုပ်ဖတ်နေချိန်၌ လူတစ်ယောက် ရောက်ရှိလာပြီး ကင်မရာအား စားပွဲပေါ်ချလာသည်။ ကဗျာဆရာ ဥက္ကာကျော်က အပေါ်သို့ မော့ကြည့်လိုက်ရာ မန္တလေးမြို့၊ “စိမ်းရောင်စိုအဖွဲ့” ၏ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် အပေါင်းအပါ (၅) ဦးတို့အား တွေ့ရသည်ဟု ဆိုသည်။ ထို့နောက် စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက Tablet ကို ဖွင့်၍ “ဒါမင်းရဲ့သားလား” ဟု ပြ၍ မေးသည်။
ဆက်၍ “မင်းသားက MC ခက်ထန် ဆိုတဲ့ နာမည်နဲ့ စာရေးသလား” ဟု မေးရာ ကဗျာဆရာ ဥက္ကာကျော်က “ငါတော့မသိဘူး၊ ငါ့သားနာမည်က ငြိမ်းသစ်ဆွေ” ဟု ပြန်ဖြေလိုက်သည်ဟု ဆိုသည်။
ထိုမှစ၍ တစ်ယောက်နှင့်တစ်ယောက် သူမေးငါဖြေနှင့် စကားအပြန်အလှန်နှင့် တစ်ယောက်တစ်ခွန်း စကားများ ခဲ့ကြသည်ဟု ဆိုသည်။ ထိုသို့ စကားအခြေအတင် ပြောဆိုနေကြရင်း စိမ်းရောင်စို အတွင်းရေးမှူး ဦးမောင်မောင်ဦးက စားပွဲပေါ်တွင် ရှိသော ဆေးလိပ်ခွက် အနီရောင် အမာစား ကြေမွသည်အထိ ကဗျာဆရာ ဥက္ကာကျော်၏ ဦးခေါင်းအား ရိုက်နှက်ခဲ့သည်။ ထို့နောက် ဦးမောင်မောင်ဦးနှင့် ပါလာသောသူများက ကဗျာဆရာ ဥက္ကာကျော်အား ချုပ်ကိုင်ပေးထားပြီး ဦးမောင်မောင်ဦးက လက်သီးဖြင့် ချိုစောင်းတစ်ချက်၊ ပါးစောင်တစ်ချက် ထိုးနှက်ခဲ့သည်။ ထို့နောက် စိမ်းရောင်စိုအဖွဲ့များ ထပ်မံ ရောက်လာကြပြီး ဦးညီညီအောင်၏ ဖျန်ဖြေပေးမှုကြောင့် အခင်းဖြစ်ပွားမှု ပြီးဆုံးခဲ့သည်ဟု ဆိုသည်။ ထိုသို့ဖြစ်ရပ် ဖြစ်ပွားပြီးသည့်နောက် ညနေ (၆) နာရီတွင် အမှတ် (၈) ရဲစခန်း၌ တိုင်ချက်ဖွင့်ခဲ့ပြီး မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်း၊ ၈၇ လမ်း ၈၈ လမ်းကြား၊ ဒေါင်းရိုးရပ်နေ ဦးမောင်မောင်ဦး (ဘ) ဦးအာယုအား ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် ဦးတိုက်၍ အမှုဖွင့်လှစ်ခဲ့ရာ တရားရုံးမှ ဥပဒေပုဒ်မ (၃၂၃) ဖြင့် တရား စွဲဆိုထားကြောင်း သတင်း ရရှိသည်။
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map