<div style='background-color: none transparent;'></div>

Home » » ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် ရှုခင်းသာလမ်းပေါ်တွင်ကွန်တိန်နာယာဉ်တစ်စီးလုံး ခိုးယူမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် ရှုခင်းသာလမ်းပေါ်တွင်ကွန်တိန်နာယာဉ်တစ်စီးလုံး ခိုးယူမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ် ရှုခင်းသာလမ်းပေါ်တွင် နိုဝင်ဘာ ၈ ရက်နေ့က ကွန်တိန်နာယာဉ် တစ်စီးလုံးခိုးယူလာသူကို ယာဉ်ပိုင်ရှင် နှင့်ဒေသခံများ ပူးပေါင်းဖမ်းဆီးခဲ့ ကြောင်း သာကေတမြို့နယ်(၄) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကပြောကြားသည်။ အဆိုပါ ကွန်တိန်နာ ယာဉ်သည် ဗိုလ်တထောင်မြို့နယ် ဗဟိုရုံကားမှတ် တိုင်အနီးတွင် ရပ်တန့်ထားကြောင်း၊ အဆိုပါယာဉ်၏ ယာဉ်အကူမှာ နံနက် ၄ နာရီအချိန်ခန့် လက်ဖက်ရည် ဆိုင်မှ ဘောလုံးပွဲကြည့်ပြီး ပြန်အလာတွင် ၄င်း၏ ကားမှာ နောက်မီးသီးများလင်းနေပြီး မောင်းထွက်သွားသဖြင့် ယာဉ်နောက်မှ ခုန်တက်၍ လိုက်ပါသွားခဲ့ကြောင်း၊ ယာဉ်ကို ခိုးယူမောင်းနှင်သွားသူမှာ လေးဦးဖြစ်ကြောင်း၊ ယာဉ်နောက်မှ လိုက်ပါလာသည့် ယာဉ်အကူက ၄င်း၏ ယာဉ်ပိုင်ရှင်ထံ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားခြင်းကြောင့် ယာဉ်ပိုင် ရှင်နှင့်အတူ လိုက်ပါလာသူများဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ သာကေတမြို့နယ် (၄) ရပ်ကွက်တောင်ပိုင်း ရှုခင်းသာ လမ်းမကြီးပေါ် အောင်သစ္စာလမ်းသွယ် အနီးတွင် စက်ရပ်သွား၍ဆင်းပြေးစဉ် ရပ်ကွက်နေပြည်သူများနှင့် ယာဉ်ပိုင် ရှင်တို့ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ နှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း အဆိုပါ ရပ်ကွက်ရှိ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သူ ရာအိမ်မှူးတစ်ဦး၏ ပြောကြားအရသိရ သည်။

ယင်းကွန်တိန်နာယာဉ်ကို ခိုးယူ မောင်းနှင်သူလေးဦးအနက် နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့မှာ ၂၅ နှစ် အရွယ်အမျိုးသားတစ်ဦးနှင့် ယာဉ်ကို ခိုးယူစဉ် မောင်းနှင်လာသော ၁၈ နှစ် အရွယ် လူငယ်တစ်ဦးတို့ဖြစ်ကြောင်း၊ ကျန်နှစ်ဦးမှာ ဒလမြို့နယ်နှင့် သန်လျင် မြို့နယ်တို့တွင် နေထိုင်ကြ၍ ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ၄င်း ကဲ့သို့ယာဉ်များကိုခိုးယူ၍ ဘက်ထရီ အိုးများနှင့် ဒီဇယ်ဆီများ ထုတ်ယူခြင်း ခံရသည့်ယာဉ်များကို ယာဉ်ပိုင်ရှင်များ က ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားသည့် စာရင်းများအရ ၁၄ စီးခန့်ရှိပြီ ဖြစ်ကြောင်း သာကေတမြို့နယ်အုပ် ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရသိရသည်။ အဆိုပါအမှုကို သာကေတမြို့ နယ် အမှတ် (၁) ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ ဖြေဆိုခွင့် မရှိ ကြောင်း ပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက် စုံစမ်းမေးမြန်းခဲ့ရာ ယင်းအမှုနှင့်ပတ် သက်၍ တိုင်းရုံးသို့တင်ပြစာရောက် မလာသေးကြောင်း၊ ရောက်ရှိလာပါက မီဒီယာများသို့ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ရဲမှူးတစ်ဦးကပြောကြား သည်။
yoyarlay
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map