<div style='background-color: none transparent;'></div>

Home » » အင်တာနက်စာမျက်နှာပေါ်မှာဝေဖန်မှုပေါင်းမြောက်များစွာ ခံနေရတဲ့နန်းခင်ဇေယျာ(အင်တာဗျူး)

အင်တာနက်စာမျက်နှာပေါ်မှာဝေဖန်မှုပေါင်းမြောက်များစွာ ခံနေရတဲ့နန်းခင်ဇေယျာ(အင်တာဗျူး)

ဂျပန်နိုင်ငံမှာ Miss International ပြိုင်ပွဲဝင်ခဲ့တဲ့ အချိန် တုန်းက စင်ပေါ်မှာ သူ့ရဲ့ပြိုင်ပွဲဝတ်စုံ နဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်မှာ ဝေဖန်မှုပေါင်း မြောက်များစွာခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒါဟာပြိုင်ပွဲဝင်စည်းကမ်းသတ်မှတ် ချက်ကြောင့်ဝတ်ဆင်ခဲ့တာဖြစ်ပြီး မြန်မာမိန်းကလေးတစ်ယောက်ဖြစ် တာကြောင့် ဒီလိုဝတ်စားဆင်ယင်မှု မျိုးကိုလုံးဝမနှစ်သက်ပါဘူးလို့ဆိုပါ တယ်။ အင်တာနက်စာမျက်နှာပေါ် က ဝေဖန်ချက်တွေကြောင့် ဂျာနယ် မဂ္ဂဇင်းတွေရဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ မှာတောင်မှ အဝတ်အစားကို သေချာစွာဂရုတစိုက်ရွေးချယ်ဝတ် ဆင်ပြီးမှ ရိုက်ကူးတယ်လို့သိရပါ တယ်။
Q.ဧည့်လမ်းညွှန်တစ်ယောက် ဘဝနဲ့ ခုလိုအာရုံစိုက်ခံလာရတဲ့ ဘဝဘယ်အရာကိုပိုနှစ်သက်လဲ
A. ဧည့်လမ်းညွှန်ဆိုတာက ညီမရဲ့ တကယ့် Professional ဘဝ၊ ဒီအလုပ်ကလည်း ကိုယ့်နိုင်ငံ ရဲ့ ပုံရိပ်နဲ့ အများကြီးသက်ဆိုင်တဲ့ အလုပ်၊ Miss အနေနဲ့ပြိုင်ပွဲဝင်ခဲ့ တာကလည်း မြန်မာတစ်နိုင်ငံလုံးရဲ့ စည်းလုံးမှုကိုပြခွင့်ရလိုက်တယ်။ မြန်မာဆိုတာဘာလဲ ဒီစင်မြင့်ပေါ် မှာ ပြသခွင့်ရလိုက်တဲ့အတွက်လည်း ကျေနပ်ပါတယ်။
Q. ခုလိုပြိုင်ပွဲဝင်ပြီးပြန်လာတဲ့ အခါမှာ MTF ဘယ်လိုနားလည် မှုတွေနဲ့ ဆက်လက်လုပ်ကိုင်မှာပါ လဲ။
A. MTF နဲ့ က ထွေ ထွေထူးထူးချုပ်ကိုင်ထားမျိုးမရှိပါ ဘူး။ ညီမရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ ဓာတ်ပုံရိုက်တာကအစ တခြားအနုပညာအလုပ်တွေလုပ် တာပါ၊ အားလုံးကိုတော့ သူတို့ကို တင်ပြရပါတယ်။ ညီမရဲ့Miss Myanmar သက်တမ်းကလည်း ၂၀၁၃ မတ်လဆိုရင် စာချုပ်ပြည့်ပါ ပြီ။

Q.စာချုပ်ပြည့်သွားရင်ရော ဘာတွေဆက်လုပ်ဖို့အစီအစဉ်ရှိလဲ။
A.ညီမက ခုဆုရတယ်ဆို တာကလည်း မြန်မာပြည်သူပြည် သားတွေချစ်လို့ပေးတဲ့ဆုပါ။ အဲဒီ တော့ ကိုယ့်မြန်မာနိုင်ငံအတွက် ကောင်းတာတွေကို တတ်နိုင်တဲ့ ဘက်ကလုပ်သွားဖို့ပဲအစီအစဉ်ရှိပါ တယ်။
Q. နန်းခင်ဇေယျာကို Role Model တစ်ယောက်အနေနဲ့ပဲ ရပ်တည်စေချင်တယ်လို့ပြောတဲ့ အပေါ်ရော
A. ခုကတော့ ညီမလည်း ရုပ်ရှင်မရိုက်သေးဘူး။ ဒီပြည်သူလူ ထုက ညီမရဲ့ ပုံရိပ်တွေကို မြင်ချင် တယ်ဆိုလို့သာ ဓာတ်ပုံတွေရိုက် ဖြစ်တာ။ ညီမခုအလုပ်နှစ်ခုကို မျှပြီး လုပ်နေပါတယ်။ ညီမပရဟိတ အလုပ်တွေပဲပိုလုပ်ချင်ပါတယ်။
Q.Miss World အတွက် ဖိတ်ကြားထားခြင်းခံရတယ်ဆိုတော့ ပြိုင်ပွဲဝင်ဖြစ်ဦးမှာလား
A. အဲဒီကိစ္စသွားပြိုင်ဖို့မပြိုင်ဖို့ အသေးစိတ်မသိရသေးဘူး။ ပြင်ဆင် ရဖို့အပိုင်းတွေလည်းအများကြီးရှိ တယ်။ Miss World က နောက်နှစ် မှဆိုတော့ ညီမရဲ့ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာကြိုမသိနိုင် ဘူး။ နောက်နှစ်ပြိုင်ရမယ့် အချိန်မှာ ညီမကို ပြိုင်ဖို့လိုလိုလားလားရှိဦး မယ်ဆိုရင်တော့ ညီမပြိုင်ဖြစ်သွား မှာပါ။
Q.ခုလိုလူတွေအများကြီးက ကိုယ့်ကိုသောင်းသောင်းဖြဖြကြိုတဲ့ မြင်ကွင်းမျိုးကို စိတ်ကူးကြည့်ဖူး လား။
A. ညီမလုံးဝတွေးမထားတဲ့ အရာပါ။ Miss International ပြိုင်ပွဲ ပြီးတော့ ညီမကိုယ့်အလုပ်တွေနဲ့ တော်တော်လေးပြတ်သွားခဲ့သေး တယ်။ နိုင်ငံတကာမှာပြိုင်တဲ့ အချိန်က လူတွေအများကြီးရဲ့ အားပေးမှုကိုလည်း ရခဲ့တယ်။ ပြန်လာတော့လည်း လူတွေအများ ကြီးကကိုယ့်ကိုကြိုဆိုကြတော့ အရမ်းကို ပီတိဖြစ်ရပါတယ်။ အဲဒီ အချိန်မှာ ပရိသတ်တွေအတွက် ဘာပြန်လုပ်ပေးရမလဲဆိုတဲ့ စိတ်ဖြစ်မိတယ်။
Q.ခုလိုဖြစ်ရပ်တွေပေါ်မှာ ညီမလေးရဲ့ ခံစားမှုက
A.ညီမ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေကိုလေးစားပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ညီမကိုချစ်တဲ့ စိတ်မဟုတ်ဘဲ မြန်မာနိုင်ငံကိုချစ်တဲ့ စိတ်နဲ့အားပေးခဲ့တာဆိုတော့ မျိုးချစ်စိတ်ကို လုံးဝအသိအမှတ်မပြု လို့မရပါဘူး။
Q. မြန်မာမိန်းကလေးတွေကို ညီမပြောချင်တဲ့စကားတစ်ခွန်း လောက်
A. နိုင်ငံတကာမှာ ပြိုင်ပွဲဝင် နိုင်အောင်ကြိုးစားကြပါ။ နောင် အနာဂတ်မှာ ညီမထက်ပိုပြီး တော်တဲ့၊ လှတဲ့ဆုတွေအများကြီး ရနိုင်တဲ့မိန်းကလေးတွေ မြန်မာနိုင်ငံ မှာ အများကြီးရှိပါသေးတယ်လို့
Q.နန်းခင်ဇေယျာ အနာဂတ် စိတ်ကူးက
A.ညီမဘဝကို ဒီ့ထက်ပိုပြီး တိုးတက်အောင် အချိန်တိုင်းမှာ ကြိုးစားနေပါမယ်။
Q. ဂျပန်ပြိုင်ပွဲဝင်နေတဲ့ အချိန် ညီမရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ် သက်ပြီး အားမလိုအားမရဖြစ်ကြ တဲ့အပေါ် ညီမဘာပြောချင်လဲ
A.ညီမ ဒီပြိုင်ပွဲဝင်ဖို့ ပြင်ဆင် ချိန်နည်းလွန်းပါတယ်။ ပြင်ပလှုပ် ရှားသွားလာမှုတွေအတွက် ပြင် ဆင်ချိန်လုံးဝမရလိုက်ပါဘူး။ စာရွက် စာတမ်း၊ ဓာတ်ပုံတွေအများကြီး ပို့ဖို့ ပြင်ဆင်ရတယ်။ ညီမသာ ဒီ့ထက် ပြင်ဆင်ချိန်ပိုရခဲ့မယ်ဆိုရင် ဒီ့ထက်ပို တဲ့ ရလာဒ်ထွက်မယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။
Q.ပြိုင်ပွဲကပြန်လာပြီးတဲ့ အချိန် ဓာတ်ပုံတွေရိုက်ကူးမှုမှာရော MTF ဝတ်စားဆင်ယင်မှုကိုရော ထိန်းချုပ်ထားသေးလား
A. မရှိပါဘူး။ ညီမက မြန်မာ တစ်နိုင်ငံလုံးရဲ့ စံပြမယ်တစ်ယောက် လည်းဖြစ်တယ်။ ပြိုင်ပွဲမှာ Bikini ဝတ်တာကိုလည်း မြန်မာတစ် နိုင်ငံလုံးက အင်တာနက်မှာ Comment တွေတော်တော်များများ ပေးထားတယ်။ ညီမသာလျှပ်ပေါ် လော်လီသာဝတ်နေမယ်ဆိုရင် ညီမနောက်ကလိုက်လာကြမယ့် သူတွေအတွက် အရမ်းရင်လေး ပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်တဲ့ အချိန်မှာလည်း ညီမအတတ်နိုင် ဆုံးဂရုစိုက်သလိုအပြင်မှာ သွားလာ တဲ့အချိန်မျိုးဆိုလည်း ဂရုစိုက်ဖြစ် သွားတာပါ။ ညီမရဲ့ စိတ်ကြိုက် ဝတ်ချင်တဲ့ ပုံစံဆိုရင်တော့ T-Shirt နဲ့ ဂျင်းဘောင်းဘီရှည်ပါပဲ။
Q. မြန်မာနိုင်ငံသူနိုင်ငံသား တွေကို ညီမပြောချင်တဲ့စကား
A. ညီမအားလုံးကိုကျေးဇူး တင်တယ်။ ညီမကိုဝေဖန်ပေးတဲ့ ကောင်းတာရော၊ မကောင်းတာ ရောအားလုံးက ညီမကိုခွန်အားတွေ ဖြစ်စေပါတယ်။ မြန်မာတစ်နိုင်ငံလုံး ကနိုင်ငံသူနိုင်ငံသားတွေအားလုံး ကိုချစ်ပါတယ်။ အဲဒီတော့ သူတို့ တွေအတွက် ညီမဘာတွေလုပ်ပြ သွားမလဲဆိုတာကိုစောင့်ကြည့်စေချင် ပါတယ်။ ဘဝဆိုတာကတော့ ဒီလို ပါပဲ။ ဘယ်သူမှ လွယ်ကူတယ်ရယ် လို့ ရှိမှာမဟုတ်ပါဘူး။ ညီမ ဧည့် လမ်းညွှန်တစ်ယောက်လုပ်မယ်ဆို တော့လည်း စာတွေတော်တော်ဖတ် ခဲ့ရတယ်။ အင်တာဗျူးတွေအကြိမ် ခပ်များများဖြေခဲ့ရတယ်။ ဒီအလုပ်ရ ဖို့ ငါးနှစ်ခြောက်နှစ်လောက် အသေ အကြေကြိုးစားခဲ့ရတာဆိုတော့ ကိုယ်မြတ်နိုးတဲ့အလုပ်ကိုလည်း မရပ်တန့်လိုက်ချင်ဘူး။
8  days news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map