ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်တိုင်း ဒေသကြီး၊
အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်စခန်း အတွင်းရှိ မန္တလေး၊ နေပြည်တော်၊ ပြည်၊
တောင်ကြီး၊ မြင်းခြံ၊ ပုဂံ၊ မိတ္ထီလာ၊ လားရှိုး၊ မူဆယ်စတဲ့ ခရီးသည် အများဆုံး
ဝင်ထွက်သွားလေ့ ရှိတဲ့အမှတ် (၁/၂) ယာဉ်ရပ်နားကွင်းများကို မိုးလုံနေလုံ
ယာဉ်ရပ်နားကွင်းများ အဆင့်တိုးမြှင့် တည်ဆောက်ရန် အတွက် ယခုအခါ
မြေသားစမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
အဲဒီလို တည်ဆောက် ပြုပြင်ရတာဟာ ခရီးသွားများ နေလုံမိုးလုံ အဆင်ပြေစွာနဲ့ ခရီးသွားများ နားနေနိုင်ရန်အတွက် ဖြစ်ပြီး၊ ထိုသို့ တည်ဆောက်ရာတွင် အဝေးပြေး ခရီးသည်တင်ယာဉ်များ အဆက်မပြတ် ဝင်ရောက်မှုရှိတာကြောင့် ယာဉ်ကြောများ မပိတ်ဆို့ရေးကိုလည်း အလေးထား တည်ဆောက်သွားမှာဖြစ်ကြောင်း၊ မြေသားစမ်းသပ် စစ်ဆေးမှုများ အတည်ပြုပြီးပါကလည်း တည်ဆောက်မယ့် အစီအစဉ်များကို မီဒီယာများကတဆင့် ထုတ်ဖော်ရှင်းလင်း အသိပေး ဆောင်ရွက် လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ယာဉ်ရပ်နားစခန်းများ စည်ပင်သာယာရေး ဌာနမှ ဌာနမှုး ဦးဥာဏ်ထွန်းအောင်က ပြောပြလို့ သိရပါတယ်။
news.yatanarpon

0 comments:
Post a Comment