"ပရိသတ်ကို အကျိုးပြုနိုင်မယ့် ဇာတ်ကားမျိုးဆိုရင် ပြန်ရိုက်ဖြစ်မှာပါလို့ဆိုတဲ့ မယ်လိုဒီ"“ထာဝရအလင်းတန်းများ”
ရုပ်ရှင် ဇာတ်ကားကြီးမှာ အညာသူမအေးချစ် အဖြစ် သရုပ်ဆောင် ခဲ့တဲ့ မယ်လိုဒီက
ဒီဇာတ်ကား ကို ပြန်ကြည့်ရတဲ့အချိန်မှာ ဂုဏ်ယူပြီး ပီ တိဖြစ်ရကြောင်း ပြော
ပါတယ်။ ” ဒီဇာတ်ကားက ထူးခြားတယ်။ မိဘ မေတ္တာရော၊ ဆရာနဲ့တပည့်ရော၊ ပညာရေး
စနစ်ရော ဒါတွေအကုန်လုံးပါတယ်။ အခုပြန်ကြည့်တဲ့ အချိန်မှာဒီဇာတ်ကားလေးကို
ရိုက်ရ တာ တော်တော်ကို ကျေနပ်မိတယ်။ ဂုဏ်လည်းယူတယ်။ ပင်ပန်းရကျိုးလည်း
နပ်ပါတယ်။ ဒီဇာတ်ကား ကို ကြည့်တာ ကိုယ်တစ် ယောက်တည်းကို မကြည့်မိဘူးဖြစ်
နေတယ်။ အကုန် လုံးကို ခြုံကြည့်ပြီး အကုန်လုံးကို လိုက်ခံစားနေတယ်။ အခု
ဒီဇာတ်ကားကို ကြည့်ဖူးတာ ပထမဦးဆုံးအကြိမ် ကြည့်ဖူးတာမဟုတ်ဘူး။ ကားဆက်တဲ့
အချိန်မှာလည်း သွားကြည့်တယ်။ အခု အချိန်မှာကြည့်တာက ပိုပြီး ခံစားရတယ်”
လို့ ပြောပါတယ်။ အခုအချိန်မှာ သရုပ်ဆောင် အလုပ်တွေကို ရပ်နားလိုက်
ပြီဖြစ်တဲ့
မယ်လိုဒီကို အခုလို သူပါဝင်သရုပ် ဆောင်တဲ့ ဇာတ်ကားတွေကို မြင်ရတဲ့အခါ လွမ်းကြတဲ့ သူ့ပရိသတ်တွေအတွက်မယ်လိုဒီက “ပရိ သတ်တွေက ချစ်တာ၅ဝ၊ မုန်းတာ ၅ဝ လို့ ပဲထင်ပါတယ်။ ၁ဝဝအပြည့်ဆိုရင် မျိုးဘဝ မှာအတိုင်းထက်အလွန်ပဲပေါ့။
မျိုးပြန်ရိုက် တယ်ဆိုရင်တောင်မှ ဒီလိုပညာ ရမယ့် ဇာတ် ကားမျိုး၊
ရုပ်ရှင်ဗီဒီယိုပြန်ရိုက်ရ မှာမဟုတ်ဘူး။ အကျိုးပြုတာကို လုပ်ပေးရမယ်ဆိုရင်
လုပ်ပေးဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့လည်း ပရိသတ်ရဲ့လက်ခုပ်သံ ၅ဝကို သာယာ
ပျော်ရွှင်တယ်။ ကြည်နူးတယ်။ ဒါပေမဲ့လည်း နောက်ထပ်၅ဝရဲ့ဝေဖန်သံကိုလည်း
မျိုးခံနိုင် ရည်ရှိပါ့မလား ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး
သုံးသပ်နေပါတယ်။ ပရိသတ်အတွက် တကယ့်ကို အကျိုးပြုနိုင်မယ် ဆိုရင်တော့
ရိုက်ဖြစ်မှာပါ။ အခုအချိန်မှာ အလုပ်ချင် ဆုံးကလည်း အဲဒီ အလုပ်ပါ”လို့
ပြောပါတယ်။ “ထာဝရ အလင်းတန်း များ” ရုပ်ရှင်ဇာတ်ကား ကြီးက သဘာဝ ကျကျ၊
ရိုးရိုးရှင်းရှင်းနဲ့ ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး
အကယ်ဒမီကိုတော့ အကုန်လုံးကို ရစေချင်ကြောင်း ပြောပါတယ်။ မယ်လိုဒီ က
ပရဟိတအလုပ် တွေကို လည်း နိုင်သလောက် လုပ်သွားမှာဖြစ် ပြီး
ဖောင်ဒေးရှင်းအဖြစ် ထူထောင်မှာတော့ မဟုတ်ကြောင်း ပြောပါတယ်။
“အခုအချိန်မှာတော့ ကိုယ် တတ်စွမ်း သလောက် အရင်လုပ်ဖို့ပဲ စိတ်ကူးထားပါ တယ်။
ဖောင်ဒေးရှင်းထောင်ဖို့လည်း
အစီ အစဉ်မရှိပါဘူး။ ဖောင်ဒေးရှင်းထောင် တာက ပုံမှန် လည်ပတ်တဲ့ အလုပ် တစ်ခု
ရှိနေမှပါ။ အဲဒီဖောင်ဒေးရှင်း အတွက် သီးသန့် လည်ပတ်မယ့် အလုပ်တစ်
ခုမျိုးမှာ မရှိသေးဘူး” လို့ မယ်လိုဒီက ပြောပါတယ်။
popular journal
မယ်လိုဒီကို အခုလို သူပါဝင်သရုပ် ဆောင်တဲ့ ဇာတ်ကားတွေကို မြင်ရတဲ့အခါ လွမ်းကြတဲ့ သူ့ပရိသတ်တွေအတွက်မယ်လိုဒီက
popular journal


0 comments:
Post a Comment