<div style='background-color: none transparent;'></div>

Home » » ဒဂုံမြို့သစ်တွင်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင်သုံးလောင်းပြိုင် လူသတ်မှု

ဒဂုံမြို့သစ်တွင်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင်သုံးလောင်းပြိုင် လူသတ်မှု

ရန်ကုန် ဆင်ခြေဖုံး မြို့နယ် တစ်ခုဖြစ်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉) ရပ်ကွက်တွင် အိမ်နီးချင်း စကားများ ရန်ဖြစ်ရာမှ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးလောင်းပြိုင် လူသတ်မှု တစ်ခု အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ရပ်ကွက် မင်းလှမင်းခေါင် လမ်းတွင်
နေထိုင်သူ ကိုကျီးကန်းခေါ် ကိုစိုးစိုးသည် ၄င်း၏ ယောက္ခမ ဖြစ်သူ နှင့် စကားများ နေသည်ကို မျက်နှာချင်း ဆိုင်တွင် နေထိုင်သူ ကိုပြည့်ဖြိုးအောင်က တားမြစ်ရာမှ အချင်းချင်း စကားများပြီး ကိုကျီးကန်းက ကိုပြည့်ဖြိုးအောင်ကို လေးခွနှင့် ပစ်ကြောင်း၊ ကိုပြည့်ဖြိုးအောင် က ကိုကျီးကန်းကို ဓားဖြင့် ထိုးသတ်ခဲ့ ကြောင်း၊ ထိုအချိန်တွင် ကိုကျီးကန်း၏ ယောက္ခမဖြစ်သူမှာ မြေးဖြစ်သူ သုံးနှစ် အရွယ် ကလေးငယ် လက်ဆွဲ၍ မင်းလှမင်းခေါင် လမ်းအတိုင်း ထွက်ပြေးရာ ကိုပြည့် ဖြိုးအောင်က နောက်မှ လိုက်ကာ ကလေးငယ်၏ ရင်ဘတ်ကို ဓားဖြင့်ထိုး သတ်ခဲ့ပြီး ကိုကျီးကန်း၏ ယောက္ခမ ဖြစ်သူမှာ ဆယ်အိမ်မှူး ဦးတင့်စိုးအိမ် ပေါ်သို့ တက်ပြေးသော်လည်း ၄င်း ဆယ်အိမ်မှူး အိမ်ပေါ်တက်၍ ဓားဖြင့် ၁၁ ချက် ထိုးသတ်ခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ရှင်းပြသည်။

အခင်းဖြစ်ပြီးနောက် ကိုပြည့်ဖြိုး အောင်က အိမ်သာရှေ့ချုံပုတ် ထဲတွင် ဓားကို ဝှက်၍ ထွက်ပြေး တိမ်းရှောင်သွား ကြောင်း ရပ်ကွက် အတွင်းရှိ ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။

"သူတို့က နှစ်အိမ့်တစ်အိမ်လို နေ ကြတာ။ အဲလိုလည်း တစ်ခါမှ ရန်မဖြစ် ဖူးကြဘူး။ ပြည့်ဖြိုးအောင်က ကျီးကန်း နဲ့ တစ်ယောက်တစ်ခွန်း စကားများပြီး သူ့အိမ်မှာ ဓားသွားယူတော့ ပြည့်ဖြိုး အောင်ရဲ့ အမေက တစ်အိမ်လုံးကို သတ်ပစ်လို့ ပြောတယ်။ အဲဒါကြောင့် အဘွားကြီးကို ဖမ်းထားပြီး သူ့အစ်မနှစ်ယောက် ကိုတော့ စစ်ဆေးဖို့ ခေါ်ထားတယ်"ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က The Voice Weekly သို့ ပြောကြား သည်။

ကိုပြည့်ဖြိုးအောင်မှာ ငါးရှဥ့် ထောင်ဖမ်းသည့် အလုပ်ကို လုပ်ကိုင်ပြီး ကိုကျီးကန်းတို့ မိသားစုမှာ ခွေးများသတ် ၍ ဆိတ်သားဟု လိမ်လည် ရောင်းချကာ စီးပွားရှာလျက် ရှိကြောင်း ယင်းရပ်ကွက် အတွင်း နေထိုင်သူများက တညီတညွတ် တည်း ပြောဆိုသည်။
အဆိုပါ လူသတ်မှုကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံး ရရှိသော သတင်းများ အရ အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ကိုပြည့်ဖြိုးအောင်ကို နိုဝင်ဘာလ ၁ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အဆိုပါ (၆၉) မင်းရဲကျော်စွာ လမ်းတွင် နံနက် ၁၁ နာရီ မိနစ် ၄၀ ၌ ဖမ်းဆီးရမိခဲ့ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းတွင် ၄င်းကို (ပ) ၃၈၂/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆/ ၁၁၄ တို့ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိသည်။
The Voice Weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map