<div style='background-color: none transparent;'></div>

Home » » ထိုင်းဝန်ကြီးချုပ်ပောာင်းသက်ဆင်အား လုပ်ကြံရန် ကြံစည်နေကြောင်း ကောလပာလများပြန့်နှံ့

ထိုင်းဝန်ကြီးချုပ်ပောာင်းသက်ဆင်အား လုပ်ကြံရန် ကြံစည်နေကြောင်း ကောလပာလများပြန့်နှံ့

(Bangkok Post မှ 5 Nov 2012 ရက်စွဲပါ “Rumours swirl of plot to kill thaksin”သတင်းကိုဘာသာပြန်ဆိုသည်)
ထိုင်းဝန်ကြီးချုပ်ပောာင်းသက်ဆင်အား လုပ်ကြံသတ်ဖြတ်လိမ့်မည်ပာူသော ကောလပာလများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုသော ထိုင်း ကာကွယ်ရေးဝန်ကြီးဆူခွန်ပေါဆူဝမ်နာတက်ကယခုသီတင်းပတ်ခရီးစဉ်တွင် ဝန်ကြီးချုပ်ပောာင်းသက်ဆင်အား မြန်မာအစိုးရက ကာကွယ်စောင့်ရှောက် နိုင်လိမ့်မည်ပာု ယုံကြည်စိတ်ချကြောင်း ပြောကြားလိုက်သည်။

သက်ဆင်သည် ၃ ရက်ကြာမည့် မြန်မာခရီးစဉ်အတွင်း ကြာသပတေးနေ့တွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံမည်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ပောာင်းသည် သောကြာနေ့တွင် ချင်းဇိုင်ခရိုင်၊ မယ်ဆိုင်နှင့် မျက်နှာချင်းဆိုင် မြန်မာနယ်စပ်တာချီလိတ်မြို့တွင် ထိုင်းအစိုးရ အဖွဲ့ဝင်များ၊ ဖြူထိုင်းပါတီဝင်အမတ်များ၊ ထိုင်း-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ပာု မျှော်လင့်ရသည်။
တာချီလိတ်သို့သက်ဆင်ရောက်ရှိစဉ်လုပ်ကြံရန် ကြံစည်မှုရှိသည်ပာုကောလပာလများ.ပြန့်နှံ့နေခြင်းနှင့်ပတ်သက်၍ဝန်ကြီးဆူခွန်ပေါက .မြန်မာအာဏာပိုင်များက ကောင်းစွာကာကွယ်နိုင်မည်ပာု ယုံကြည်ကြောင်းပြောကြားသည်။
သက်ဆင်သည်မယ်ဆိုင်နှင့်မျက်နှာချင်းဆိုင်ဖက်ခြမ်းရှိ နယ်စပ်နှင့်အတော်အတန်ဝေးသောပာိုတယ်တွင် တည်းခိုမည်ဖြစ်၍ ၎င်းအားကာကွယ် ပေးရန် ခက်ခဲလိမ့်မည်ပာု ဆူခွန်ပေါကဆိုသည်။
လတ်တလောတွင် ဒေသခံတိုင်းရင်းသားများနှင့်နယ်ခံမူးယစ်ဆေးဝါးဂိုဏ်းအကြား ပဋိပက္ခဖြစ်ပွားထားသောကြောင့်တာချီလိတ်သို့ သက်ဆင် လာရောက်ရန် မသေချာသေးပာုလည်း နယ်စပ်လုံခြုံရေးကဆိုသည်။
တာချီလိတ်သို့သက်ဆင်သွားဖြစ်လျှင်တည်းခိုနေထိုင်မည့် ရက်ရီးနားပာိုတယ်နှင့်ဂေါက်ကလပ်အနီးရှိ အိမ်တစ်အိမ်ကို မြန်မာအာဏာပိုင်များ က သောကြာနေ့တွင် စီးနင်းရှာဖွေခဲ့ကြသေးသည်။
၎င်းစီးနင်းရှာဖွေမှုတွင် အာပီဂျီလောင်ချာထိပ်ဖူး ၃ ခု၊ ယမ်းမှုန့်များနှင့် M-16 ကျည်ဆံများကိုသိမ်းဆည်းရမိသော်လည်း နယ်စပ်လက်နက် မှောင်ခိုဂိုဏ်းဖြိုခွဲမှုနောက်ဆက်တွဲ ဖမ်းဆီးခြင်းသားဖြစ်ပြီး သက်ဆင်၏ခရီးစဉ်နှင့် ဆက်စပ်မှုမရှိပာု မြန်မာရဲတပ်ဖွဲ့က ပြောကြားထားသည်။
သို့သော် ယင်းလက်နက်များသည် စနေနေ့တွင် တာချီလိတ် ရွှေတိဂုံပုံစံတူဘုရား၌ သက်ဆင်နှင့်ရှပ်နီအုပ်စုများ ဘုရားဝတ်ပြု ဆုတောင်းပွဲပြုလုပ်စဉ်တိုက်ခိုက်ရန်ဖြစ်သည်။ နယ်စပ်လုံခြုံရေးအသိုင်းအဝိုင်းထံမှသတင်းရရှိကြောင်း သက်ဆင်၏သား ပန်သောင်တေးရှင်နာဝပ်ထရာ က ၎င်း၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။
“လုပ်ကြံမည့်အစီအစဉ်နောက်ကွယ်တွင် ထိုင်းအုပ်စုတစ်စုရှိနေကြာင်း၊ ယခုတစ်ကြိမ်သည် သက်ဆင်အားလုပ်ကြံရန် ၅ ကြိမ်မြောက် ကြံစည် မှုဖြစ်ကြောင်း၊ ယခုကိစ္စတွင် ၎င်းအုပ်စုပင် ပတ်သက်နေကြောင်း”ပန်သောင်တေူရှင်နာဝပ်ထရာက ပြောကြားသည်။
တာချီလိတ်သို့သက်ဆင်ရောက်လာပါက ၎င်းအားထောက်ခံသူ ၁၀,၀၀၀ ခန့်လာရောက်တွေ့ဆုံလိမ့်မည်ပာု မျှော်လင့်ရကြောင်း ဖြူထိုင်း လွှတ်တော်အမတ် ဆူရာဆစ်က ပြောကြားသည်။
သက်ဆင်အားတွေ့ဆုံကြမည့် ရှပ်နီအုပ်စုဝင် ၅၀၀၀ ခန့်သည် မယ်ဆိုင်မှ တာချီလိတ်သို့ ဘတ်စ်ကား အစီး ၁၀၀ ခန့်ဖြင့် သောကြာနေ့တွင် ထွက်ခွာကြမည်ပာု သိရှိရသည်။
ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ပောာင်းအဘီဆစ်က ထိုင်းအစိုးရနှင့်ရဲတပ်ဖွဲ့အား သက်ဆင်ကိုဖမ်း၍ ရုံးတင်စစ်ဆေးရန် မနေ့က တောင်းဆိုလိုက်သည်။
ထိုင်းဝန်ကြီးချုပ်နှင့် သူမ၏လက်ထောက်ချာလမ်ယူဘန်ရွန်(ရဲတပ်ဖွဲ့ကိုကြီးကြပ်ရသူ)တို့သည် သက်ဆင်အား ဖမ်းဆီးကြရန်ပျက်ကွက်ပါက ဝတ္တရားပျက်ကွက်မှုဖြင့် တရားစွဲခံရနိုင်သည်ပာု အဘီဆစ်က အကွက်ချောင်းတိုက်ခိုက်လိုက်သည်။
သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းပြီး ၎င်းအားမျက်ကွယ်ထောင်ဒဏ်မချမှတ်မီ ထိုင်းနိုင်ငံမှတိမ်းရှောင် သွားခဲ့ခြင်း ဖြစ်သည်။
From -TransparencyMyanmarblog 
မြန်မာ့သားကောင်း
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map