ပြေတီဦးက L’opera Italian Restaurant မှ
ဦးစီးကျင်းပတဲ့ L’opera တင်းနစ် ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်နေပါတယ်။
မနှစ်ကလည်း ဒီတင်းနစ် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး ဒုတိယဆု ရရှ
ိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လာရောက် တာဝန် ထမ်းဆောင်ကြတဲ့
နိုင်ငံခြားသားများနဲ့တင်းနစ် ဝါသနာရှင် မြန်မာလူမျိုးများ ပါဝင်
ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင် ၁ဝဝခန့် ရှိကြောင်း သိရပါ တယ်။
ဒီပြိုင်ပွဲကို အောက်တိုဘာလမှာ စတင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဧပြီလမှာ ပွဲစဉ်တွေ
ပြီးဆုံးမှာ ဖြစ်ကာ တစ်ပတ်မှာ ပွဲစဉ်တစ်ခုသာ ယှဉ်ပြိုင်ရကြောင်း ပြေတီဦးက
ပြောပါ တယ်။
နိုင်ငံခြားသား ၂ဦးနဲ့ ပွဲစဉ် ၂ခုကို ယှဉ်ပြိုင် ခဲ့တဲ့ ပြေတီဦးက ၂ပွဲစလုံး အနိုင် ရရှိခဲ့ပါတယ်။ ပြေတီဦးက ဇာတ်ကားတွေ ဆက် တိုက် ရိုက်ကူးနေတဲ့ ကြားက တင်းနစ် ကိုလည်း အမြဲမပြတ် လေ့ကျင့် မှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ” ပြိုင်ပွဲက စနေ၊ တနင်္ဂနွေမှာ အဆင်ပြေတဲ့ ရက် ၁ရက် ပဲရိုက်လည်း ရတယ်။ တစ်ပတ် မှာ ၁ရက်ပဲ။ ၁ရက်မှာမှ ၁ပွဲပဲ ဆိုတော့ ရှုတင်နဲ့လည်း ညှိရတာ သိပ်မခက်ဘူး။ ပြိုင်ပွဲဝင်တဲ့ ကာလကရှည်တယ်။ ၁ဝလပိုင်း မှာ စပြီးပြိုင်တယ်။ သင်္ကြန်မတိုင်ခင် ဧပြီလဆန်း လောက်မှာ ဖိုင်နယ်ပြိုင်ရမယ်။ ကျွန်တော် ဝါသနာပါတဲ့ အလုပ်တစ်ခုကို စနစ်တကျနဲ့ လုပ်သွားမှာပါ။
ပြိုင်ပွဲက အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးနှစ်ဦး တွဲပြိုင်ပွဲတွေ ပါတယ်။ ကျွန်တော်ကတော့ အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲမှာပဲ ဝင်ပြိုင် တယ်။ double ဝင်မပြိုင်တာက အချိန် မရလို့ပါ။ ပွဲတွေ တအားများသွားရင် ရှုတင်နဲ့ အဆင် မပြေတော့ဘူး” လို့ ပြောပါတယ်။ မနှစ်က တင်းနစ် ပြိုင်ပွဲမှာ ဒုတိယဆု နဲ့သာကျေ နပ် ခဲ့ရတဲ့ ပြေတီဦးက ဒီနှစ်ပြိုင်ပွဲ မှာတော့ ချန်ပီယံဖြစ်အောင် ကြိုးစား ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

popular journal

1 comments:
အောင်သက်ခိုင်ရေ
ရောက်ပြီးသတင်းလေးတွေဖတ်ခဲ့တယ်
နေမကောင်းလို့နေရာတိုင်းမရောက်ဖြစ်တော့ဘူး
ခင်တဲ့ sis jasmine
Post a Comment