<div style='background-color: none transparent;'></div>

Home » » ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှို့ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှို့ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကနေ အင်တာနက်ကို ကျနော် ကျိုးစားပမ်းစား သုံးနေရပါတယ်။ အခုရေးနေတဲ့ စာကြောင်းတွေထဲမှာ မယုံနိုင်စရာ အဆန်းတကျယ်ဖြစ်ရပ်တွေအများကြီးပါဝင်နေပါတယ်။
တကယ်ကို ထူးဆန်းတဲ့ ဒီနိုင်ငံထဲမှာ ကျနော်ရောက်နေတာပါ။

ဒီနိုင်ငံက မတရားမှုတွေဖိနှိပ်မှုတွေကို သတင်းရေးခဲ့တဲ့အတွက် ကျနော့် ကိုနှစ်ကြိမ်တိုင်တိုင် ပြည်နှင်ဒဏ်ပေးခဲ့ ပါတယ်။
ဟော အခုကျတော့လည်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းစာအဖွဲ့ အနေနဲ့ ကျနော်ဖိတ်ကြားခြင်းခံရပြီး ပြန်ရောက်လိုက်ပါပြီ။ ဒါကျနော် ရဲ့ မလိမ်မိုးမလိမ္မာတာတွေကို မေ့ သွားကြပြီဆိုတော့ သဘောပေါ့။

ဒီလို ကမ္ဘာမှာအကျော်ကြားဆုံးခြံဝင်းထဲမှာ ကျနော်ရောက်နေတာဟာ အံမခန်းစရာ အပြောင်းအလဲပါ။.


ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်းက အဖြစ်အပျက်တွေကို ကျနော် ပြန်လည်မြင်ယောင်မိ ပါတယ်။ အဲဒီတုန်းကဆိုရင် ထောက်လှမ်းရေးတွေက ဒီခြံပေါက်ဝကို စောင့်ကြည့် နေပြီး အနောက်နိုင်ငံသားတွေ အပြည့် ပါတဲ့  ကားတစီးစီးများ ဒီခြံနားကပ်လာတယ်ဆိုရင် စကားပြောစက်တွေနဲ့ တိုးတိုးတိုးတိုးသတင်းပို့ ကြတော့တာဘဲ။

အဲဒိအချိန်တွေကများ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမပြောနဲ့ ဟောဒီတက္ကသိုလ်ရိပ်သာလမ်းကြီးရဲ့ ဘယ်နားကို မှကားရပ်လို့ မရဘူး။

အခုတော့လည်းဒီခြံထဲမှာဘဲ ဒေါ်စုဆီလာတဲ့ ဧည့်သည်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ အမေရိကန်သမ္မတအိုဘားမား လာရောက်တွေ့ ဆုံမှာကို ကျနော်စောင့်မျှော်နေရပါပြီ။

ဒါဟာ သုံးနှစ်ကြာ ခက်ခဲနက်နဲတဲ့ သံတမန်ရေးရာ ဆောင်ရွက်မှုတွေရဲ့ ရာဇ၀င်တင်တဲ့ ဖြစ်ရပ်ပါ။

အမေရိကန်အစိုးရ စီးပွားရေးပိတ်ဆို့ မှုဟာမြန်မာ ပြည်သူပြည်သားတွေ ကိုသာ ထိခိုက်စေခဲ့ပြီး အုပ်ချုပ်သူလူတန်းစားတွေကို တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ သယံဇာတအရင်းအမြစ်တွေကို လုပ်ချင်သလို လုပ်ခွင့် သလို ပေးလိုက်သလို ဖြစ်စေခဲ့ တာကြောင့် မအောင်မြင်ခဲ့ ပါဘူး။

၂၀၀၉ခုနှစ်မှာတော့ အမေရိကန်အစိုးရဟာ ဘာမားလို့ ခေါ်တွင်နေဆဲဖြစ်တဲ့  မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ရရှိလာတဲ့ အဖြေကတော့ မြန်မာအပေါ်ထားတဲ့ သဘောထားကို သိသိသာသာ ပြောင်းလဲဖို့ပါပဲ။ ဒါပေမဲ့  ဒီစေ့စပ်ညှိနှိုင်းမှုကို အားလုံးကစောင့်ကြည့်နေကြပြီး
ဘယ်လို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်သွားမလဲဆိုတာ အသေအချာမခန့်မှန်းနိုင်ခဲ့ ပါဘူး။

အခုဒီခြံထဲမှာရှိတဲ့ အရာရှိကြီးတွေကတော့ ဒီလိုပြောင်းလဲမှုတွေအတွက်သူတို့  အံသြ၀မ်းသာရတာကို ပွင့်ပွင်းလင်းလင်းကို ထုတ်ပြောကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကလွတ်တာ နှစ်နှစ်လောက်ပဲ ရှိသေးတာနဲ့ ဒီမိုကရေစီကို သွားရာလမ်းကြောင်းကလည်း တလွဲကြီး ဖြစ်နေတာကို မမေ့ သင့်ဘူးဆိုတာကိုပါ။

အခုတော့ဒေါ်စုဟာ လွတ်မြောက်ရုံသာမက ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေနဲ့ ပါတွေ့ ဆုံနေပါပြီ။

သူဟာလွှတ်တော်အမတ်တယောက် ဖြစ်နေပြီး သမ္မတ ဦးသိန်းစိန်ကတောင် ဒေါ်စုဟာ တနေ့မှာ ခေါင်းဆောင်တယောက် ဖြစ်လာနိုင်တယ်လို့ ပြောကြားနေပါတယ်။
ဒါပေမဲ့ ဒီရလဒ်တွေပျောက်ပျက်မသွားဖို့ အရေးကြီးပါတယ်။
နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကလည်း အခြေအနေ အတော်ဆိုးနေပါတယ်။

နိုင်ငံရဲ့ ၂၅ရာခိုင်နှုန်းလောက် မီးမရသလို ကျန်းမာရေး စောင့်ရှောက်မှု ကလည်း အတော်နိမ့်ကျနေပါတယ်။ လူမျိုးစုပြဿနာတွေကလည်း ရှိနေပြီး နိုင်ငံမြောက်ပိုင်းက ကချင်ပြည်နယ်နဲ့ အနောက်ပိုင်းက ရိုဟင်ဂျာတွေရဲ့ ပြဿနာတွေဆက်လက် ဖြစ်ပွားနေဆဲပါ။

စစ်တပ်က နိုင်ငံရေးနဲ့ လူမှုရေးတွေကို ထိန်းချုပ်ထားဆဲ ဖြစ်သလို ရာပေါင်း များစွာသော နိုင်ငံရေးအကျဉ်းသားတွေလည်း သံတိုင်တွေနောက်မှာ ရှိနေဆဲပါ။။

ဒါပေမဲ့ အရင်တုန်းက ဘယ်တုန်းကမှမရှိခဲ့တဲ့ မျှော်လင့်ချက်တရားတွေတော့ ဒီနိုင်ငံမှာရှိလာပါပြီ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥယျာဉ်ထဲက နှင်းဆီပန်းရနံ့တွေလည်း လေထဲမှာ သင်းပျံလာပါတယ်။ နှင်းဆီနံ့ တွေနဲ့ အတူဒီလေထုထဲမှာ ရနေတဲ့ အရာတခု လည်း ရှိပါသေးတယ်။ဒါကတော့ အင်တာနက်ပါ။

မြန်မာနိုင်ငံလို အင်တာနက်သုံးရတာ နှေးကွေးဈေးကြီးရုံတင်မက ကန့် သတ်ချက်တွေများတဲ့ တိုင်းပြည်တခုမှာ အခုလို ပန်းခြံထဲကနေကြိုးမဲ့ အင်တာနက်သုံးပြီး အီးမေးလ်တွေစာတွေ ပို့ နေရတာ
တကယ့် ကို မယုံနိုင်စရာကြီးပါ။

မယုံရင်လည်းပုံပြင်လို့ သာမှတ်လိုက်ပါတော့။ ထပ်ပြောရအုန်းမယ်။ ကျနော်ဒေါ်အောင်ဆန်းစုကြည်ခြံထဲကနေ အင်တာနက်သုံးနေပါတယ်။h

CNN သတင်းထောက် Dan Rivers, CNN ၏ Miracles in Suu Kyi's secret garden ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။
မြန်မာ့သားကောင်း
Share this article :

1 comments:

စံပယ်ချို said...

အင်း......ဟုတ်တာတွေပြောတတ်တဲ့သူတွေအဲလိုပဲပြည်နှင်ခံရတယ်လေ..
အားလုံးအမှန်တွေ....

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map