<div style='background-color: none transparent;'></div>

Home » » ကလေးထိန်းခ မတတ်နိုင်၍ ကလေးငယ်များအား အိမ်မှာသံကြိုးဖြင့် ချည်နှောင်ထားသူ

ကလေးထိန်းခ မတတ်နိုင်၍ ကလေးငယ်များအား အိမ်မှာသံကြိုးဖြင့် ချည်နှောင်ထားသူ

တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်တွင် ကလေးထိန်းခမတတ်နိုင်သော မိဘများက အလုပ်သွားလုပ်ချိန်မှာ ၎င်းတို့၏သားသမီးနှစ်ဦးကို အိမ်တွင်သံကြိုးများဖြင့် ချည်နှောင်ထားခဲ့ကြောင်း သိရသည်။ ၎င်းအိမ်အနီးမှ ဖြတ်သန်းသွားလာသူတစ်ဦးက ယင်းဖြစ်ရပ်ကို တွေ့မြင်သွားသောကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအား အကြောင်းကြားခဲ့သည်။
ယင်းတို့၏ မိဘနှစ်ဦးစလုံးမှာ ဆင်းရဲနွမ်းပါးလွန်းသောကြောင့် ကလေးထိန်းခ မတတ်နိုင်၍ယင်းသို့ လုပ်ဆောင်ရသည် ဟုဆိုသည်။ ကလေးငယ်များကို သံကြိုးများဖြင့် ချည်နှောင်ထားသည့်လုပ်ရပ်မှာ တရားနည်းလမ်းမကျဆိုသည်ကို ကလေး၏ ဖခင်နှင့်မိခင် နှစ်ဦးလုံးကသိကြောင်း ကလေးဖခင်ကပြောပြသည်။ ''ကလေးတွေရဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျုပ်မိန်းမက ခဏခဏငိုတယ်ဗျ၊ ကျုပ်တို့မှာက တခြားရွေးစရာလည်း မရှိဘူးလေ။ အပြင်မှာ အလုပ်လုပ်ရတာလည်း မလွယ်ဘူးဗျ''ဟု ကလေးဖခင်က သူတို့အတွေ့အကြုံအား ပြန်ပြောင်းပြောပြသည်။
ပြည်မြန်မာ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map