<div style='background-color: none transparent;'></div>

Home » » ဗန္ဓုလတံတားအဆင်း(သာကေတ)တွင်ယာဉ်ကိုးစီးတိုက်မှု(သတင်း/ဓာတ်ပုံ)

ဗန္ဓုလတံတားအဆင်း(သာကေတ)တွင်ယာဉ်ကိုးစီးတိုက်မှု(သတင်း/ဓာတ်ပုံ)

မဟာဗန္ဓုလတံတားအဆင်းတွင် ယဉ်ကိုးစီး တိုက်မှု ယနေ့ နံနက် ၁၁နာရီ ၄၅ မိနစ်ခန့်တွင်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုသည်ဒေါပုံ သင်္ဘောကျင်းမှတ်တိုင် အဆင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယဉ်တိုက်မှု တွင်ပါဝင်သော မော်တော်ယဉ်များမှာ
လုပ်ငန်းခွင်သုံးကား ၊အဌားယာဉ် နှင့်အိမ်စီး ကားများ အပါ အ၀င် ကုန်ကားတစ်စီးပါဝင်ကြောင်း သိရသည်။

“လောလောဆယ်တော့ အတည်ပြုချက်ယူလို့မရသေးပါဘူး။ တိုက်တာတော့တော်တော်လေးပြင်းထန်တယ်။ ဒီယာဉ်တိုက်မှုက သာမန်တိုက် တဲ့ဖြစ်စဉ်မျိုးနဲ့မတူဘူး။
အိမ်စီးကားတစ်စီးဆိုရင် လုံးဝမှောက်သွား တယ်။နောက်ပြီးနှစ်စီး တစ်တွဲ ဆင့်တိုက်မှုတွေ လဲဖြစ်သွားတာတွေ့ရတယ်။



ယဉ်တိုက်မှုမှာ ပါဝင်တဲ့လူတွေကိုတော့ဆေးရုံကိုပို့ထားပါတယ်။မှောက်သွား တဲ့ကားတစ်စီးဆိုရင် ဆီတွေလမ်းမမှာ ပြန့်ကျဲနေ တဲ့ အတွက်မီးလောင်မှာစိုးရိမ်ရတယ်။
အခုတော့ မီးသတ် ဌာနကို အကြောင်းကြား ထားပါပြီ” ဟု စည်ပင်ဝန် ထမ်းတစ် ဦးကပြောသည်။


“တော်တော်လေးကံကောင်းတယ်လို့ပြောရမယ် ကျွန်တော်က လမ်းထိပ်ကို ထွက်လာ တော့ ၀ုန်းကနဲ အသံ တစ်ချက်ကြား လိုက်တယ်
လှည့်ကြည့်လိုက်တော့ ဆီပေပါတွေတင်လာတဲ့ ကားက တံတား အဆင်းနား မှာရှိတဲ့ လမ်းထိပ်ကို ၀င်လာတဲ့အတွက် အမြန်ရှောင်လိုက်ရတယ်
ကားက သစ်ပင်နဲ့ တိုက်ပြီးမှရပ်လို့ပေါ့ “ဟု ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူ တစ်ဦးက ပြောသည်။
 
ယာဉ်တိုက်မှု နှင့် ပတ်သက်၍ မျက်မြင် တစ်ဦးကလည်း “အရမ်းကံကောင်းသွားတယ် ဘာလို့လဲဆိုတော့ လိုင်းကား နဲ့ဖြစ်ရင် မလွယ်ဘူး
ဒဏ်ရာရတဲ့လူတွေတော့ အားချင်း taxi တွေနဲ့ဆေးရုံကို သွားတာတွေ့ လိုက် ရပါ တယ် ” ဟု ပြောကြားသည်။

ယခုအခါ အခင်းဖြစ်ရာနေရာကို မီးသတ်ကားများ လူနာတင်ယဉ်များ ရောက်ရှိ လျှက်ရှိကြောင်း ယင်းနှင့် ပတ်သက် သည့်
အသေး စိတ်အချက်အလက်များကို ထပ်မံဖော်ပြပေးသွားပါမည်။

http://sphotos-e.ak.fbcdn.net/hphotos-ak-prn1/65348_453585164679112_128259990_n.jpg 
 
http://sphotos-d.ak.fbcdn.net/hphotos-ak-ash3/526162_453584524679176_611675602_n.jpg 
Eleven Media Group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map