<div style='background-color: none transparent;'></div>

Home » » "ပရိသတ် စိတ်ဝင်စားတဲ့ ဆာကူရာနေရာမှာ ပြန်လည်ရွေးချယ်ခံရလို့ ဝမ်းသာ မျက်ရည်ကျခဲ့ရသူ ခိုင်သဇင်ဦး"

"ပရိသတ် စိတ်ဝင်စားတဲ့ ဆာကူရာနေရာမှာ ပြန်လည်ရွေးချယ်ခံရလို့ ဝမ်းသာ မျက်ရည်ကျခဲ့ရသူ ခိုင်သဇင်ဦး"


MRTV- 4 ရုပ်သံလိုင်းဟာ ပရိသတ်များ စိတ် ဝင်စားစရာကောင်းတဲ့ အစီအစဉ်များကို ရိုက်ကူးခဲ့တဲ့ ရုပ်သံတစ်ခုဖြစ်ပါတယ်။ ရုပ်သံလိုင်းတွေ အများကြီး ရိုက်ကူး

ပြီးခဲ့ပြီး အခုအချိန်မှာ ခြေလှမ်းသစ်ဖြစ်တဲ့ Flowers & Butterflies ရုပ်သံဇာတ်လမ်းတွဲကို ထပ်မံရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်မယ့် ဆာကူရာနေရာကို အကြောင်း အမျိုးမျိုး ကြောင့် ပြန်ပြီးရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခံရသူ ခိုင်သဇင်ဦးက ဆာကူရာနေရာမှာ ပါဝင်သရုပ် ဆောင်ဖို့အတွက် ဒုတိယအကြိမ်မှာ ပြန်ရွေးချယ် ခံရတာနဲ့ ပတ်သက်ပြီး “ပထမတစ်ခေါက်တုန်းက အပယ်ခံ ရတယ်။ စိတ်ဓာတ်လည်းတော်တော်ကို ကျသွားတာ။ တအားကို မျှော်လင့်ခဲ့ တာလေ။ ဒါပေမဲ့ အကြောင်းအမျိုး မျိုးကြောင့် ဆာကူရာနေရာမှာ သရုပ်ဆောင်ဖို့ ပြန်ပြီးခေါ်တယ်။ ပထမရွေးချယ်ထားတဲ့သူက အကြောင်း အရာတစ်ခုကြောင့် မလုပ်နိုင်တော့ဘူး။ ပြန်ပြီးပြိုင်ပွဲ ဝင်ဖို့ လှမ်းခေါ်တော့ မေမေက တွန်းအားပေးတယ်။ သူ့အတွက် စိတ်မကောင်းဖြစ်တယ်။ ဒါက ကိုယ့်ရဲ့အနုပညာလမ်းကြောင်း အစပဲလေ။ ဒါနဲ့ ဝင်ပြိုင်လိုက်တယ်။ ဒုတိယပြန်ပြီး ယှဉ်ပြိုင်တဲ့အခါမှာ မေမေကပြောတယ်။ သမီးပြိုင်ပါ၊ အနိုင်ရတာ၊ မရတာ အဓိကမဟုတ်ဘူး။ ရတော့လည်း အမြတ်၊ မရတော့ လည်း သင်ခန်းစာ ယူပေါ့လို့ ဆိုတာနဲ့ အားတင်းပြီး ပြိုင်ဖြစ်သွား တာပါ။ မမျှော်လင့်ဘဲနဲ့ အရွေးချယ်ခံရတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျတယ်။ ကျောင်းကိုတောင် ခိုင်မတက်တော့ ဘဲ ဒီအနုပညာလောကထဲကို ဝင်တာလေ” လို့ပြောပါတယ်။ သရုပ်ဆောင်တဲ့အခါမှာ ယောက်ျားလေးလို သရုပ်ဆောင်ရမှာ ဆိုတော့ အဲဒီဇာတ်ရုပ် အတွက် ဘာတွေ လေ့ လာဖြစ်လဲ မေးကြည့်တဲ့အခါ “အခက်အခဲတော့ ရှိတာပေါ့။ မိန်းကလေးဖြစ်တဲ့ အတွက် တစ်ခါမှလည်း ယောက်ျားလေးလို မနေဖူးဘူး။ ပြီးတော့ ပထမဆုံး ရိုက်ကူးမှု။ ရင်တအားခုန်သလို ပျော်လည်းပျော် တယ်။ ယောက်ျားလေး ပုံစံကို အမီ လိုက်နေရတော့ ဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ စကားပြောပုံက အစ သတိထား ရသလို ဒီဇာတ်ကားမှာ ခိုင်သဇင်ဦးဆိုတာထက် ငါက ဆာကူရာ ဆိုပြီးမု(ဒ်)ကို သွင်းပြီး လုပ်တယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားထားတာ ဖြစ်လို့ ပရိသတ်တွေက ဝေဖန် သုံးသပ်ပေးပါ” လို့ ပြောပြခဲ့ပါတယ်။ အနုပညာ အလုပ်ကိုပဲ ဆက်တိုက်လုပ်မှာဖြစ်ပြီး ကျောင်းအနေနဲ့ကတော့ ၁ဝတန်းလည်း အောင်ပြီးပြီဆိုတော့ အဝေးသင်ပဲတက်ပြီး အနုပညာ အလုပ်ကိုပဲ ဆက်လုပ်မှာဖြစ်ကြောင်း ပြောပြ ခဲ့ပါတယ်။

ထူးထူး
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map