<div style='background-color: none transparent;'></div>

Home » » ကျောက်မဲ၌ ကြေးဘုရားရုပ်ပွားတော် ခြေတော်ရင်းမှ ဖြတ်၍ ခိုးယူခံရ

ကျောက်မဲ၌ ကြေးဘုရားရုပ်ပွားတော် ခြေတော်ရင်းမှ ဖြတ်၍ ခိုးယူခံရ

ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့၌ ကြေးဘုရားရုပ်ပွားတော်တစ်ဆူပျောက်ဆုံးမှုဖြစ်ပွားပြီး နောက်တွင်
ဘုရားစေတီများရှိကြေးဘုရားများအတွက် ဒေသခံများက စိုးရိမ်ပူပန်မှုများလျှက်ရှိသည်။

ယင်းကဲ့သို့ ဘုရားရုပ်ပွားတော်ပျောက်ဆုံးမှုမှာ ကျောက်မဲမြို့တည်ရှိခဲ့ပြီး နှစ်ပေါင်း(၈၀)ကျော်အတွင်း ပထမဆုံး အကြိမ် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ(၉)ရက်နေ့ညပိုင်းက အမှတ်(၂)ရပ်ကွက် ကျောက်တောင်ရပ်ရှိ အေးစေတီဘုရားတည် ထားရာ တောင်ပေါ်၌ ဥာဏ်တော်အမြင့် (၁၃)လက်မရှိသော ကြေးဘုရားရုပ်ပွားတော်တစ်ဆူကို ခြေတော်ရင်းမှ ဖြတ်တောက်၍ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

“ရပ်တော်မူရုပ်ပွားတော်ရဲ့ အောက်ခြေမှာရှိတဲ့ ဂြိုလ်ပြေနာမ်ပြေ ဘုရားရှစ်ဆူထဲက သောကြာထောင့်က ကြေးဘုရား ကို ခြေတော်ရင်းကနေ ဖြတ်ပြီး ခိုးယူသွားတာ၊ ရဲစခန်းကိုတော့ အသိပေးထားတယ် တိုက်ချက်ဖွင့် ထားတာတော့ မရှိပါဘူး´’ ဟု အဆိုပါဘုရားတောင်ပေါ်ရှိ ဆရာတော်တစ်ပါးက မိန့်ကြားသည်။


အဆိုပါကြေးရုပ်ပွားတော် ခိုးယူခံရပြီင်္းနောက်တွင် ဘုရားများအား ကာရံထားသော သံပန်းများရှိ လူတစ်ယောက် လက်နှိုက်နိုင်အောင် ကျဲနေသော နေရာများကို ထပ်မံကာရံထားလိုက်ပြီး ထပ်မံပျောက်ရှမှုမရှိစေရန် ကာကွယ်ထားကြောင်းကိုလည်း သိရသည်။

“တရားခံကို မြန်မြန်မိအောင်ကြိုးစားပေးစေချင်ပါတယ် မဟုတ်ရင် ဒီလိုပဲ ထပ်ပြီးခိုးခံနေရဦးမှာ၊ တစ်ခြားပစ္စည်း တွေကို ခိုးတာကို မမိသေးတာထား ဘာမှမဖြစ်ဘူး ဘုရားရုပ်ပွားတော်ကို ခိုးတာတော့ ဖြစ်နိုင်သမျှ မြန်မြန် မိစေချင် ပါတယ်” ဟု အသက် (၅၅) နှစ်အရွယ်ရှိ ဘုရားဂေါပကတစ်ဦးက ပြောသည်။

“ဒီနှစ်ထဲမှာ ဆိုင်ကယ်တွေ ပစ္စည်းတွေခဏခဏပျောက်တယ်၊ တစ်မြို့လုံး အနေအထားနဲ့ဆို ဆိုင်ကယ် ခိုးခံရ တာတင် အစီး(၅၀)မက တော့ဘူး တရားခံမိတာလည်း တစ်ခါမှမကြားဖူးဘူး၊ အခု ဘုရားရုပ်ပွားတော်ပါ ခိုးခံရပြီ ဒီအတိုင်းသာ ဆက်သွားနေရင် ဒီထက်ကြီးမားတဲ့ ရာဇ၀တ်မှုတွေ ဖြစ်လာနိုင်တယ် သက်ဆိုင်ရာတွေ အနေနဲ့ ဖိဖိစီးစီး ဖမ်းစီးတာမျိုးရှိ စေချင်ပါတယ်” ဟု အမှတ် (၂)ရပ်ကွက်ရှိ ဒေသခံတစ်ဦးမှ ပြောသည်။

မြို့တွင်း၌ ဆိုင်ကယ်ပျောက်ရှမှုများပြားလာခြင်းနှင့် ဘုရားရုပ်ပွားတော်ခိုးယူခံရမှုမှာ မူးယစ်ဆေးဝါးသုံးစွဲသူများ တိုးပွားလာခြင်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း အသက်(၆၅)နှစ်ရှိ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးက သုံးသပ်သည်။ayechanmon.16

“ပစ္စည်းခိုးတာတော့ မရှိလို့၊ လိုချင်လို့ခိုးတာ များတယ် ဘုရားကိုခိုးတယ်ဆိုတာတော့ ရောင်းစားဖို့ဆိုတာ အသိသာကြီးပဲ၊ ငရဲမကြောက်ဘာမကြောက်နဲ့ ဘုရားတောင်ခိုးတယ်ဆိုတော့ ဆေးချဖို့ငွေလိုတဲ့ သူတွေပဲ လုပ်ရဲမှာ”ဟု အငြိမ်းစားဗိုလ်မှူးဟောင်းက သုံးသပ်ပြောကြားသည်။

By MyitMakha Media Group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map