ား
တဲ့ ပြေတီဦးက အလုပ်လည်းလုပ်ရင်း မိသားစု ကို အချိန်ပေးနိုင်အောင်လည်း
အမြဲကြိုးစား တယ် လို့ ပြောပြ ပါတယ်။ အဲဒါကြောင့်လည်း မိသားစုကို
အချိန်ပေးဖြစ်ပုံနဲ့ ပတ်သက် ပြီး ပြေတီဦး ကို မေးကြည့်ရာ…”နှစ်ယောက်တည်း
ရှိတုန်း ကတော့ အလုပ် သိပ်မရှုပ်ဘူး။ သမီးလေး မွေးလာတဲ့အချိန်မှာတော့
အိမ်မှာ ပိုပြီး သာယာစိုပြည် လာတယ်။ လူတွေအလုပ်ရှုပ်လာတယ်။ ပိုပြီး
ပြီးပြည့်စုံပြီး ပိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခု ဖြစ်လာတယ်။
မိသားစုအတွက် တတ်နိုင်သလောက် အချိန်ပေးတယ်။ အချိန် ပိုထွက်လာအောင် ကြိုးစား
တယ်။ သမီးနဲ့ ဆော့တယ်။ မိသားစုနဲ့ရင်းရင်းနှီးနှီးနေတယ်။ ဒီလို စိတ်ချမ်း
သာတဲ့ အတွက် အလုပ်လုပ်ရတာ ပိုကောင်းတာပေါ့။ လူဆို တာ ဘဝ မှာ အောင်မြင်ရင်
စိတ်ချမ်းသာတဲ့သူတွေ ချည်းပဲလေ။ ဒီလို အခြေ အနေ ကို ရေရှည်ဘယ်လို
ဆက်လက်တည်တံ့အောင် ထိန်းသိမ်းသွားမလဲဆိုတာ ဘဝမှာ ပို အရေးကြီးလာတယ်။
အဲဒါကြောင့် အရာအားလုံးကို မျှမျှတတ ကိုယ့်ဘက်က တာဝန်ကျေအောင်
ကြိုးစားရတာပေါ့”လို့ ပြောပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့ လိုအပ် တဲ့
အချက်တွေကိုလည်း ပြေတီဦးက “ယောက်ျားလေးရော၊ မိန်းကလေးရော ကိုယ့်တာဝန်ကိုယ်
ကျေရမယ်။ လူတွေမှာ ကိုယ့်တာဝန်နဲ့ ကိုယ်ရှိပြီးသား၊ အိမ်ထောင်ဦးစီး၊
အိမ်ရှင်မ ဒီတာဝန်တွေကို ကျေမယ်ဆိုရင်ဘယ်လို ပြဿနာမျိုးမှမရှိဘဲ
အေးချမ်းသာယာနေမှာပဲ။ အရေးကြီးတာက ကိုယ့်တာဝန် ကိုယ်ကျေဖို့ပဲ။ ကိုယ်တွေ
လည်း အိမ်ထောင်သက်တမ်း တအားနု သေးတယ်။ ဒီထက်ရှေ့ မှာ
ပိုပြီးရင်ဆိုင်လာရနိုင်တဲ့ အခက်အခဲတွေ၊ အတားအဆီး ၊ ဖြေရှင်းရ မယ့်
ပြဿနာတွေ ရှိ နိုင်တယ်။ ဒါတွေကို ကိုယ်တွေမှာရှိတဲ့ ဦးနှောက်
ရှိသလောက်၊အတွေးအခေါ်နဲ့ကြိုးစားပြီး ဖြေရှင်းသွားရမှာပဲ”လို့ပြေပါတယ်။
ဆက်လက်ပြီး အောင်မြင်တဲ့ အနုပညာရှင် ၂ဦးရဲ့ အိမ်ထောင်ရေး ညှိနှိုင်း မှုနဲ့
ပက်သတ်ပြီး ပြေတီဦးကို မေးဖြစ်တော့…”အိန္ဒြာကျော်ဇင် ဆိုတာ လည်း သာမန်
မိန်းကလေးတစ်ယောက် မဟုတ်ဘူး။ သူ့ရဲ့ အောင်မြင်မှု အရှိန်အဝါရှိပြီးသား၊
သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် အတွေး အခေါ်ရှိပြီးသား၊ ညှိနှိုင်းမှု
လုပ်တဲ့အခါ တော်ရုံ ထက်ပိုပြီး ဦးနှောက်သုံးရတယ်။ ကိစ္စ တစ်ခု ကို သူ
အလွယ်တကူ လက်ခံဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူလက် ခံနိုင်အောင်
ဖြေရှင်းနိုင်ဖို့ပြောပြနိုင်ဖို့ လိုတယ်။ ကိုယ့်အနေနဲ့ အများကြီး စဉ်းစား
ရတယ်။ ဒီလိုမိသားစုလေး ကို အေးအေး ချမ်းချမ်း တည်ဆောက် ထားတဲ့ အတွက်
တအားကျေနပ်တယ်။ ဘာပြဿနာ မှမရှိ ဘဲ နှစ် ဖက် စလုံး အစစ အရာရာ အဆင်ပြေတယ်။
အဲဒီလိုဖြစ်အောင် ကိုယ့်ဘက်က ယုံ ကြည်မှုတစ်ခုကို အပြည့်အဝ
တည်ဆောက်ထားတယ်”လို့ဆိုပါတယ်။
ပြေတီဦးက သမီးဖြစ်သူ ပြေသုဒြာရဲ့ အောက်တိုဘာ ၁၄ရက်နေ့မှာ ကျရောက် မယ့် ၁နှစ်ပြည့်မွေးနေ့ကို အလှူတွေပဲလုပ် ဖြစ်မှာဖြစ်ပြီး အဲ ဒီနေ့ ကိုတော့ သမီး အတွက်ပဲ တစ်နေကုန် အချိန်ပေးဖြစ်မယ် လို့ လည်း ပြောပြ ပါတယ်။ သမီးဖြစ်သူ ပြေသုဒြာနဲ့ ပတ်သက် ပြီး ပြေတီဦး က..”စဉ်းစားထားတာက မိဘမဲ့ဂေဟာတို့ လိုအပ် တဲ့ နေရာလေးတွေမှာ အလှူလေး တွေလုပ်ဖြစ်မယ်။ မွေးနေ မလုပ်ဖြစ်တာက သမီးက ငယ်သေး တာလည်း ပါတယ်။ သူ့ အတွက် ၁နှစ်ပြည့်မွေးနေ့ လုပ်ပေးလည်း သူက ဘာမှ မသိသေးဘူး။ လူတွေ အများကြီးနဲ့ဆိုတော့လည်း ဘာမှ မခံစား တတ်သေးဘူး။ သူသိတတ်လာပြီး နားလည်လာပြီ၊ မွေးနေ့ ဆိုတာလေးကို ခံစား တတ်လာပြီ ဆိုတဲ့ အရွယ်ရောက်မှ လုပ်ပေးဖို့များတယ်။ အဲဒီနေ့မှာ သူ့အတွက် အချိန်ပေးမယ်။ သူ့အတွက် ဒီအချိန်မှာ အမှတ် တရပေး လည်း သေချာသိမှာ မဟုတ်သေးဘူး။ ကိုယ့်မှာရှိ သမျှ အရာ အားလုံးက သမီးအတွက်ပဲလေ။ ”လို့ ပြောပြပါ တယ်။ ပြေတီ ဦး က လတ် တလော မှာတော့ ‘ပြိုင်ကား’ ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ မီးပွားနဲ့ ရိုက်ကူးနေပြီး ‘ပြေတီဦးပညာရေး ဖောင်ဒေးရှင်း’ရန်ပုံငွေပွဲကိုလည်း လုပ်ဖြစ် နိုင်ဖို့ ကြိုးစားနေတယ်လို့ပြောပြီး ပွဲလုပ်ဖြစ်ရင် သူ့ရဲ့မွေးနေ့ နိုဝင်ဘာ ၃ဝ ရက်နေ့ မှာ လုပ်ဖြစ်မယ်လို့ ဆိုပါတယ်။
မေမွန်မောင်

popular journnal

0 comments:
Post a Comment