<div style='background-color: none transparent;'></div>

Home » » အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု တစ်ခုကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့်မိန်းကလေးအား အင်တာနက် အနိုင်ကျင့်မှုပြုခဲ့ သူကို Anonymous ဖော်ထုတ်

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု တစ်ခုကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့်မိန်းကလေးအား အင်တာနက် အနိုင်ကျင့်မှုပြုခဲ့ သူကို Anonymous ဖော်ထုတ်

အင်တာနက်ပေါ်မှ အနိုင်ကျင့်မှု တစ်ခုကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့်
 (၁၅)နှစ်အရွယ် မိန်းကလေး အမန်ဒါတော့ဒ်ကို အဓိက နှိပ်စက် အနိုင်ကျင့်ခဲ့သူ၏ 

အချက်အလက် အချို့ကို Anonymous Hackers အဖွဲ့က ဖော်ထုတ်
 ပြောကြားလိုက်သည်။

 အမန်ဒါသည် သူမတစ်ချိန်က စိတ်ရူးပေါက်ကာ ပြသခဲ့ဖူးသည့် အပေါ်ပိုင်း
 ဗလာကျင်း ဓာတ်ပုံများ ဖြန့်ဝေခြင်း ခံရသည့်နောက် အောက်တိုဘာ (၁၀)
ရက်နေ့က သတ်သေသွားခဲ့သည်။

 သူမသည် Onlineပေါ်မှ အနှိမ်ခံ၊ အနိုင်ကျင့်ခံရသည့် ဖြစ်စဉ်များကြောင့် ဘဝတွင် ဆက်လက်ရှင်သန်ချင်စိတ်မရှိလောက်အောင် ဆိုးရွားခဲ့ခြင်းကို သတ်မသေမီ 
ဗီဒီယိုတစ်ခုဖြင့် စာတန်းများ ကိုင်ဆောင်ကာ ရင်ဖွင့်ခဲ့သေးသည်။ အဆိုပါ 
ဗီဒီယိုကို YouTubeတွင် လွှင့်တင်ထားခဲ့သည်ကို တွေ့ရသည်။

ယခုအခါ Anonymous Hackers အဖွဲ့က သနားစရာ မိန်းကလေးကို စိတ်ပိုင်းဆိုင်ရာ

 ဆိုးရွားစွာ အနိုင်ကျင့်ခဲ့သည့် ပုဂ္ဂိုလ်နှင့် ပတ်သက်ပြီး မိမိတို့ အချက်အလက်အလျို့ ခြေရာခံထားနိုင်ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။ 

မိန်းကလေး၏ မိသားစုနှင့် ကျောင်းနေဖက် သူငယ်ချင်းများထံသို့ အမန်ဒါ၏ 
ဓာတ်ပုံများ ပေးပို့သူသည် အသက်(၃၂)နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး
 ဗြိတိသျှ ကိုလံဘီယာတွင် နေထိုင်ကြောင်း ဖော်ပြခဲ့သည်။ ထိုသူကြောင့် အမန်ဒါမှာ
 မိမိကိုယ်ကိုယ်ဆွဲကြိုးချ အဆုံးစီရင်သွားခြင်းဟု Anonymous Hackers အဖွဲ့က 
အခိုင်အမာ စွပ်စွဲထားသည်။


ကနေဒါနိုင်ငံ၊ ဗန်ကူးဗားတွင် နေထိုင်သော ကျောင်းသူလေး သေဆုံးမှုအတွက် 
Anonymous Hackersအဖွဲ့မှ ဖော်ထုတ်လာမှုကို မိမိတို့ အလေးအနက် စဉ်း
စားမည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားသည်။

 Daily Mail သတင်းဌာနက ဥပဒေကြောင်းဆိုင်ရာ ငြိစွန်းနိုင်သည့် အချက်
အလက်များကြောင့် Anonymous Hackersအဖွဲ့က တိုက်ရိုက် စွပ်စွဲသူ၏ အမည်နှင့်
 ကိုယ်ရေး အချက်အလက်များကို ဖော်ပြမသွားချေ။ Anonymous Hackersအဖွဲ့က 
YouTubeတွင်ဗီဒီယိုတစ်ခု လွှင့်တင်ပြီး မိမိတို့ ခြေရာခံ သိရှိထားသူ၏ အချက်အလက်များ၊ မွေးနေ့နှင့် နေရပ်လိပ်စာတို့ကို ပြောကြားသွားသည်။



"အဲကောင်က ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ တကယ့် စက်ဆုပ်စရာ 

 ကောင်စားမျိုးပဲ။ သူ့ကို ပြစ်ဒဏ်ပေးရမယ်"ဟု အဆိုပါ ဗီဒီယိုတွင် မျက်နှာဖုံးစွပ် Hackerတစ်ဦးက ပြောကြားသွားသည်။ Anonymous Hackersအဖွဲ့၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် YouTubeက အဆိုပါ ဗီဒီယိုကို ဖယ်ရှားပစ်ခဲ့သည်။

 Anonymous Hackersတို့က ၎င်းတို့သည် ထိုသူကို သေစေလိုကြောင်း အတိအလင်း ပြော
ဆိုထားသလို ယင်းပုဂ္ဂိုလ်သည် မိမိ ကျူးလွန်ခဲ့သည့် ကိစ္စကြောင့် ညဘက်တွင် 
အိပ်ကောင်းခြင်းပင် မအိပ်ရဲဘဲ မျက်စိတစ်ဖက် ဖွင့်ထားရမည်ဟု ခြိမ်းခြောက်ခဲ့သည်။



CKNW သတင်းဌာနက အဆိုပါ ပုဂ္ဂိုလ်ကို ဆက်သွယ်ရန် ကြိုးစားမှု မအောင်မြင်ကြောင်းနှင့် ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများကို မေးမြန်းခဲ့

ရာတွင် ထိုသူသည် ပါတီပွဲ နှစ်သက်လေ့ရှိပြီး ၎င်း၏ အိမ်တွင် ငယ်ရွယ်သော
 မိန်းကလေးများ ဝင်ထွက် သွားလာနေတတ်ကြောင်း ပြောကြားခဲ့သည်။

 တနင်္လာနေ့က ဗြိတိသျှ ကိုလံဘီယာ ရဲတပ်ဖွဲ့သည် အဆိုပါ နေအိမ်သို့ သွားရောက်
ခဲ့သည်ဟု ယူရသည်။ ရဲတပ်ဖွဲ့က Anonymous Hakersတို့၏ စွပ်စွဲချက်သည် အတိ
အကျ မှန်ကန်ကြောင်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း ယင်းအချက်ကို အလေး
ထား စုံစမ်းသွားမည်ဟု ပြောဆိုထားသည်။ 

Planet News

 သူမရဲ့ နောက်ဆုံးဗွီဒီယိုဖိုင်ကြည့်ပါ။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map