<div style='background-color: none transparent;'></div>

Home » » "ပုဂံမှာ မြင်းလှည်းမောင်းနေတဲ့ ဝတ်မှုံရွှေရည်"

"ပုဂံမှာ မြင်းလှည်းမောင်းနေတဲ့ ဝတ်မှုံရွှေရည်"

ပုဂံမှာ သွားရောက်ရိုက်ကူးခဲ့တဲ့ ဗီဒီယို ဇာတ်ကား၂ကားမှာ မြင်းလှည်းမောင်း တဲ့ ကောင်မလေး တစ်ယောက်ပုံစံနဲ့ ယွန်းထည်ဆိုင်က ကောင်မလေး တစ်ယောက် အဖြစ် သရုပ်ဆောင်ရတဲ့ ဝတ်မှုံရွှေရည်က ရိုက်ကူးခဲ့တဲ့ ၂ကားစလု
ံးကို ရိုက်ချင်တဲ့ ဇာတ် ဖြစ်သလို၊ ခရီးထွက်ရတဲ့ အတွက် ပျော်ခဲ့ရ တယ်လို့ ဆိုပါတယ်။ မြင်းစီးရင်း မြင်းပေါ် က ပြုတ်ကျတတ်သလို၊ မြင်းနဲ့ အကျိုးမပေးပေမယ့် ဒီတစ်ခေါက်မှာတော့ အဆင်ပြေခဲ့တယ်လို့ ဆို တာကြောင့်..
”ခရီးသွားရရင် ကစ်က တအားပျော်တယ်လေ။ အခု ခရီးထွက်ရင်း အလုပ် လုပ်ရတာပျော်တယ်။ ပင်ပန်းတာတော့ ပင်ပန်းတယ်။ အမှတ်တရ ကတော့ မြင်းလှည်း မောင်းတတ်သွားတယ်။ အဆင်ပြေခဲ့တယ်။ ဇာတ်ကလည်း ကစ် တအား ကြိုက်တဲ့ကား ဆိုတော့ အားရတယ်။ အညာသူတစ် ယောက်ပုံစံ ဆိုတော့ ချည်ထည်တွေချည်းပဲ ဝတ်ရတယ်။ ဒီကားတွေကို ပရိသတ်တွေ လည်း ကြိုက်မှာ ပါ။ နေရာလည်း စုံတယ်။ နယ်မှာ ရိုက်တာက ပင်ပန်းတယ်။ မနက်အစောကြီးထပြီး ရာသီ ဥတု အခက်အခဲရှိရင်တောင် အားစိုက် ပြီးလုပ် ရတယ်။ ဒီလို အကုန်လုံး အပင် ပန်းခံရိုက် ထားတဲ့အတွက် ပရိသတ်ကြည့်ရ ကျိုးနပ်မှာပါ” လို့ပြောပြပါတယ်။ ဇာတ်ကားရိုက်ကူးရင်း ပုဂံမှာ ဘုရားတွေ လည်း ဖူးခဲ့ပြီး အချိန် သတ်သတ်မရတဲ့ အတွက် သေချာ တော့ မသွားဖြစ် ခဲ့ဘူးလို့ ဆိုပါ တယ်။ ပုဂံမှာ ဇာတ်ကားရိုက်ကူးမှု ပြီးတဲ့နောက်ဆုံးနေ့ကိုတော့ ပုပ္ပား ကို အကုန်လုံးသွားခဲ့ကြတယ် လို့လည်း ပြောပြခဲ့ပါတယ်။

မေမွန်မောင်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map