<div style='background-color: none transparent;'></div>

Home » » မြို့မှရွာသို့ပြန်လာစဉ် အမျိုးသမီးတစ်ဦးရွာသို့ရောက်ရန် (၂) မိုင်ခန့်အကွာလှည်းလမ်းပေါ်တွင် အသတ်ခံရ

မြို့မှရွာသို့ပြန်လာစဉ် အမျိုးသမီးတစ်ဦးရွာသို့ရောက်ရန် (၂) မိုင်ခန့်အကွာလှည်းလမ်းပေါ်တွင် အသတ်ခံရ

မကွေးတိုင်းဒေသကြီး မကွေး ခရိုင်တောင်တွင်းကြီးမြို့နယ်၊ စစ်တားအုပ်စု၊ မြို့ကိုင်းကျေးရွာ၊ အနောက်ဘက် (၂) ဖာလုံခန့် အကွာအလှည်းလမ်းဘေးတွင် အမျိုးသမီးတစ်ဦးအသတ်ခံရ ကြောင်း
သတင်းရရှိသည်။ ဖြစ်စဉ် မှာ အောက်တိုဘာ မွန်းတည့် (၁၂း၄၅)အချိန်ခန့်က တောင်တွင်း ကြီးမြို့နယ် စစ်တားအုပ်စု၊ မြို့ ကိုင်းကျေးရွာခွဲတာဝန်ခံဦးတင်မြင့် မှ မြို့ကိုင်းကျေးရွာအနောက်ဘက် (၂) ဖာလုံခန့်အကွာလှည်းလမ်း ဘေးတွင် အမျိုးသမီးတစ်ဦးလည် ပင်းပြတ်ရှုဒဏ်ရာဖြင့် သေဆုံးနေ ကြောင်း ဖုန်းဖြင့် ရဲစခန်းသို့ သတင်းပေးပို့ခဲ့သည်ဆို၏။ အဆိုပါ သတင်းအရ ရဲတပ်ဖွဲ့မှ အခင်းဖြစ် အရပ်အားသွားရောက်စစ်ဆေးရာ သေဆုံးသူအလောင်းမှာ မဌေးဌေး (၄၀) နှစ် (ဘ) ဦးစိန်မောင်၊ ကျောင်းဈေးရောင်း၊ ငှက်ပျော တောနေသူဖြစ်ပြီး လည်ပင်းယာ ဘက်ခြမ်းအရိုးအထိ ပျက်ရှဒဏ် ရာတစ်ချက်၊ မေးစေ့အောက်ပြတ် ရှဒဏ်ရာတစ်ချက်၊
ဝဲယာနား အောက်ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် ဘေးအနီးမြက်ခင်းပေါ်တွင် တစ်စောင်းလဲ ကျသေဆုံးနေသည် ကို စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်း အမှုအား ဆတ်သွားရဲစခန်းမှ (ပ) ၁၅၇/၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
လူသတ်တရားခံအား အမြန် ဆုံးဖမ်းဆီးရမိနိုင်ရန် ခရိုင်ရဲတပ် ဖွဲ့မှူးမြို့နယ်ရဲတပ်မှူးကိုယ်တိုင် အနီးကပ်စောင့်ကြပ်၍ တပ်ဖွဲ့ဝင် များအား အသွင်အမျိုးမျိုးဖြင့် အဖွဲ့ငယ်များဖွဲ့စည်း၍ လူသတ် တရားခံအား အမြန်ဆုံးဖမ်းဆီးရ မိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဟင်္သာ (တောင်တွင်းကြီး)

By Hot News Weekly
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map