<div style='background-color: none transparent;'></div>

Home » » ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်

ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်

အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသားတစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့်
 လေလံဈေးပေးမှုများ အပြီးတွင် နတ်ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုး
က အသက်(၂၀)အရွယ် ကက်ထရီနာမစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။


ရန်ပုံငွေ အလှူတစ်ခုအတွက် သူမ၏ အပျိုစင်ဘဝကို ရောင်းချမည်ဟု ကြေညာ
ထားသည့် ဘရာဇီးလ် ကျောင်းသူလေး၏ လေလံကိစ္စသည် နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

 အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့် လေလံဈေးပေးမှုများ အပြီးတွင် နတ်ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက်(၂၀)အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။

ကက်ထရီနာသည် ယခင်ကတည်းက သူမသည် ပြည့်တန်ဆာ တစ်ဦး မဟုတ်ကြောင်းနှင့် သူမ၏ ခန္ဓာကိုယ်ကို တစ်ကြိမ်သာ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် ကက်ထရီနာသည် နောက်ဆုံးတွင် အပျိုစင်ဘဝကို ရောင်းချရန် ဒေါ်လာ (၇၈၀၀၀၀)ဖြင့် အဆိုပြုမှုကို သဘောတူ လက်ခံလိုက်သည်။

ဂျက်မီလာနှင့် ဂျက်ရိုက်ဆိုသော အမေရိကန်နှစ်ဦး၊ အိန္ဒိယသူဌေး ရူဒရာ ချက်တာဂျီတို့သည် ကက်ထရီနာအတွက် အပြိုင်လေလံဆွဲခဲ့သော်လည်း နတ်ဆူကသာ အမြင့်ဆုံး ဈေးပေးသွားခြင်း ဖြစ်သည်။ ကက်ထရီနာ၏ အစီအစဉ်သည် အင်တာနက်တွင် လူပြောသူပြောများသော ကိစ္စတစ်ခု ဖြစ်ခဲ့ပြီး ဝေဖန်မှု အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။


သူမသည် Virgins Wantedဆိုသော မှတ်တမ်းဗီဒီယိုအတွက်လည်း ဩစတြေးလျ ရုပ်မြင်သံကြား အဖွဲ့တစ်ခုကို မှတ်တမ်းတင်ခွင့်ပေးမည်ဟု ပြောဆိုထားရာ အပြာရုပ်ရှင်မယ် တစ်ဦးအဖြစ် ပြစ်တင်မှုများလည်း ရှိခဲ့သည်။ သူမသည် အဆိုပါအဖွဲ့က စီစဉ်ပေးသည့် လေယာဉ်ပေါ်တွင် မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။

ကက်ထရီနာကမူ "ကျွန်မကတော့ ဒါကို လုပ်ငန်းတစ်ခုလို့ပဲ မြင်ပါတယ်။ ကျွန်မမှာ ခရီးတစ်ခုသွားဖို့ အခွင့်အရေးလည်း ရှိလာတယ်။ ဇာတ်ကားတစ်ကားမှာ အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ခွင့်ရမှာ ဖြစ်သလို အဲဒီအတွက် ထိုက်သင့်တဲ့ ခံစားခွင့်လည်း ရှိဦးမယ်။ ကျွန်မ ပြောချင်တာက ဘဝတစ်လျှောက်လုံးမှာ တစ်ခါတည်းပဲ ဒီကိစ္စကို ဆောင်ရွက်တာပါ။

 ကျွန်မဟာ ပြည့်တန်ဆာ တစ်ယောက် မဟုတ်ပါဘူး။ ပြောရရင်တော့ လူတစ်ယောက်ဟာ တစ်ခါလောက် အံ့ဩစရာ ဓာတ်ပုံကောင်းတစ်ခု ရိုက်ဖူးရုံနဲ့ ဓာတ်ပုံဆရာ ဖြစ်မလာနိုင်ဘူးလေ"ဟု ပြောဆိုခဲ့ဖူးသည်။

သူမသည် လေလံအောင်မြင်သော ဂျပန်သားနှင့်အတူ ဩစတြေးလျနှင့် အမေရိကန်ကြား ခရီးစဉ်တွင် လေယာဉ်ပေါ်၌ ချစ်တင်းနှီးနှောရမည် ဖြစ်သည်။ သူမအား ယင်းကိစ္စ မတိုင်မီနှင့် ပြီးဆုံးချိန်တို့တွင် အင်တာဗျူးရန်လည်း စီစဉ်ထားသည်။

 နတ်ဆူ အနေဖြင့် ၎င်း၏ ရုပ်သွင်ကို မီဒီယာများတွင် မဖော်ပြနိုင်အောင် ဖုံးကွယ်ထားခွင့် ရမည်ဖြစ်သည်။ ယခုသဘောတူညီချက်အရ သူမအား လေလံဆွဲ အောင်မြင်သူသည် အပိုဆောင်း ကိရိယာ တန်ဆာပလာများ ယူဆောင်ခွင့် မရှိသလို အကာအကွယ် ပစ္စည်းကို မဖြစ်မနေ ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

နတ်ဆူသည် သူမနှင့် မတွေ့ဆုံမီ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကင်းရှင်းကြောင်း စစ်ဆေးခံရမည်ဟုလည်း သိရသည်။ ဒါရိုက်တာ ဂျက်စတင် ဆဲလ်ဆီ တာဝန်ယူမည့် မှတ်တမ်းဗီဒီယိုအတွက် အလက်ဇန္ဒားအမည်ရှိ လူပျိုတစ်ဦးသည်လည်း မှတ်တမ်းဗီဒီယို အရိုက်ခံမည် ဖြစ်သည်။ ၎င်းအား နီနီဘီဟု အမည်ဖော်ပြသော ဘရာဇီးလ် အမျိုးသမီး တစ်ဦးက ဒေါ်လာ (၃၀၀၀)ဖြင့် ဝယ်ယူခဲ့သည်။

ကက်ထရီနာသည် လေလံမှ ရရှိသော ငွေကြေးများကို ဆင်းရဲနွမ်းပါးသော မိသားစုများအတွက် အိမ်ရာဆောက်လုပ်ပေးမှု စီမံကိန်းများတွင် လှူဒါန်းမည် ဖြစ်သည်။ သူမသည် သောမတ်စ် ဝီလျံ ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်အတွက် အပျိုစင်တစ်ဦး ရှာဖွေနေမှုတွင် လက်ခံသဘောတူခဲ့ပြီး ယခုအစီအစဉ်အတွက် လွန်ခဲ့သော (၂)နှစ်က လက်မှတ်ထိုးခဲ့သည်။

 ကက်ထရီနာက လေလံမှ ရရှိလာသည့် ငွေကြေးအားလုံး၏ (၉၀)ရာခိုင်နှုန်းနှင့် မှတ်
တမ်းရုပ်ရှင်အတွက် ရရှိမည့် ငွေများမှ ဒေါ်လာ (၂၀၀၀၀)တို့ကို သူမ၏ ဇာတိပြည်
နယ်ဖြစ်သော ဆန်တာ ကက်ထရီနာတွင် နွမ်းပါးသူများအတွက် ခေတ်မီ အိမ်ရာများ
 ဆောက်လုပ်မည့် စီမံကိန်းအတွက် လှူဒါန်းသွားမည်ဟု ကြိုတင်ပြောဆိုထားသည်။





Planet News
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map