<div style='background-color: none transparent;'></div>

Home » » "ဘော်ဒီဂတ် တစ်ဦးငှားထားတဲ့ မိုးဟေကို"

"ဘော်ဒီဂတ် တစ်ဦးငှားထားတဲ့ မိုးဟေကို"

မိုးဟေကိုက “အဓိကကတော့ အဓိကပဲ” ဆိုတဲ့ ဇာတ်ကားမှာ ချမ်းသာပြီး ၊ မောင်နှမ ၂ ယောက်မှာ အစ်ကိုက နိုင်ငံခြားကိုခဏ ထွက်သွားတဲ့အတွက် မိန်းကလေး ဘော်ဒီဂတ် တစ်ဦး ငှားထားတဲ့သူ တစ်ဦးအဖြစ် သရုပ်ဆောင် ထားပါတယ်။ အပြင်
မှာတော့ ခုအချိန်မှာ ဘော်ဒီဂတ် မလိုအပ်သေးဘူးလို့ ဆိုလာတဲ့ မိုးဟေကိုက.. “သူ့နေရာနဲ့ သူပေါ့။ လိုအပ်တဲ့အချိန်လည်း လိုအပ် သလို ထားသင့်တဲ့ အချိန်လည်း ထားရမှာပေါ့။ ဒါပေမဲ့ အခုအချိန် မှာတော့ မိုးအတွက် မလို အပ်ဘူး။ အခြေအနေ၊ အချိန်အခါ၊ အကြောင်းကြောင်း တွေကြောင့် ထားသင့်ရင်လည်း ထားရမှာပေါ့။ ခုချိန် မလိုအပ်တော့ မစဉ်းစားမိတဲ့ အရာတစ်ခုပါ” လို့ပြောပြပါတယ်။ မိုးဟေကိုက အခုတလောမှာ ဒရာမာဇာတ်ကားတွေပဲ ဆက်တိုက် ရိုက်ခဲ့တဲ့အတွက် လူရော၊ စိတ်ရော နည်းနည်းပင်ပန်းတယ်ဆိုပေမယ့် ကြိုးစားမှုကိုမလျှော့ဘဲ တန်ဖိုးထား လုပ်တယ်လို့ ပြောပါတယ်။ “နေ့တိုင်း ညရော၊ နေ့ပါငိုရတော့ စိတ်ရော၊ လူရောပင်ပန်းတာပေါ့။ မျက်ရည်ကလည်း အစကတော့ အစစ်နဲ့ ငိုတာပဲ။ ငိုရတာ များတော့ မျက်စိကြောင်ပြီး မျက်ရည်တောင် မထွက်တော့ တဲ့အချိန်ဆို မျက်ရည်တုသုံးရတဲ့ အခါလည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်ကို တလေးတစားစောင့် ကြည့်နေတဲ့ ပရိသတ်တွေကို လေးလေး နက်နက် တန်ဖိုး ထားတာကြောင့် အကောင်းဆုံး လုပ်တယ်။ အားပေးတော့ ပင်ပန်းရကျိုးနပ်တယ်။ အရင်တုန်းကတည်းက ပေါ့ပေါ့တန်တန် မလုပ်ဘူး။ အခုရော၊ အရင်တုန်း ကရော တာဝန် ကြီးတယ်။ ဒီအလုပ်ကို ကိုယ်လုပ်နေ တဲ့ အချိန် လေးမှာ တန်ဖိုးရှိရှိ၊ အကျိုးရှိရှိ အသုံးပြုချင် တယ်၊ ဖြစ်ချင်တယ်။ ကြိုးစားမှုကို မလျှော့ဘူး” လို့ ပြောပြခဲ့ပါ တယ်။

မေမွန်မောင်

မေမွန်မောင်
popular journal
Share this article :

1 comments:

3rdthameetaw said...

ဘော်ဒီဂတ်ငှါးထားတယ်ဆိုလို့  ကိုသက်ကိုများလားလို့ 

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map