<div style='background-color: none transparent;'></div>

Home » » တော်ဝင်မင်းသမီး ကိတ်က ဓါတ်ပုံကိစ္စ ကို တရားစွဲမယ်

တော်ဝင်မင်းသမီး ကိတ်က ဓါတ်ပုံကိစ္စ ကို တရားစွဲမယ်

လွန်ခဲ့တဲ့ သတင်းပတ်က ဗြိတိန် တော်ဝင်မင်းသား ၀ီလျံနဲ့ ကြင်ယာတော် ကိတ်တို့ ၂ ဦး မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကို ရောက်နေတုန်း မင်းသမီး ကိတ်ရဲ့ အပေါ်ပိုင်း ဗလာကျင်းနေတဲ့ ဓာတ်ပုံတွေကို ပြင်သစ် အ၀ါရောင် မဂ္ဂဇင်း တခုဖြစ်တဲ့ French Closer မှာ ဖော်ပြခြင်း ခံခဲ့ရပါတယ်။
ဒါကြောင့် မင်းသမီး ကိတ်ကတော့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိပါး ချိုးဖောက်ချက်နဲ့ အခုတော့ တရားစွဲ လိုက်ပါပြီတဲ့။


ဓာတ်ပုံ- The Sun
တကယ်တော့ မင်းသား ၀ီလျံနဲ့ ကြင်ယာတော် ကိတ်တို့ ဟာ အပန်းဖြေစခန်းတခုမှာ လွတ်လွတ် လပ်လပ်နေ စဉ်မှာဘဲ ပါပါ ရာဇီ ဓာတ်ပုံ သမားက အဝေးကနေ အနီးကပ် ဆွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ ကို ပြင်သစ် မဂ္ဂဇင်းက ဖော်ပြခဲ့တာနဲ့ ပတ်သက် ပြီး ဓာတ်ပုံ သမားကိုလည်း ဖော်ထုတ် ဖို့နဲ့ ပြင်သစ် မဂ္ဂဇင်းအနေနဲ့ ဒါဟာ ပုဂ္ဂလိက လွပ်လပ်ခွင့်ကို ချိုးဖောက်တာ ဖြစ်လို့ အခုလို တရားစွဲတာဖြစ် ပါသတဲ့။

လွန်ခဲ့တဲ့ လပိုင်းကပဲ ကိတ်ရဲ့ မတ်တော် ဖြစ်တဲ့ မင်းသား ဟယ်ရီရဲ့ အမေရိကန်ပြည်ထောင် စု လော့စ်အိန်ဂျလိစ် မှာ အ ၀တ် ဗလာ ကျင်းဖြစ်နေတဲ့ မင်းသား ဟယ်ရီရဲ့ ဓာတ်ပုံတွေ ထွက်ပေါ် လာပြီး နောက်ပိုင်း တော်ဝင်မိသားစုလည်း မျက်နှာ ပျက်ခဲ့ရပါသေးတယ်။
 
From- ဧရာဝတီ
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map