<div style='background-color: none transparent;'></div>

Home » » အကျဉ်းသား (၅၁၄)ဦးတို့ အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်း

အကျဉ်းသား (၅၁၄)ဦးတို့ အား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊  နိုင်ငံတော် သမ္မတသည် နိုင်ငံတော် 
တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ 


 လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် 

တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ဖြစ်စေသည့် နိုင်ငံ
သားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရန် အတွက် လည်းကောင်း၊

အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊
ချစ်ကြည်ရေးတို့ အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ
 ဖြစ်ကြသည့်


နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား
(၅၁၄)ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ
 မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂
ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း
 သိရှိရပါသည်။

အဆိုပါသတင်းကို ပြန်ကြားရေ သတင်းဝတ်စ်ဆိုဒ် တွင်ဖော်ပြထားသည်။

မူရင်းဆိုဒ်
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map