<div style='background-color: none transparent;'></div>

Home » » "သမီးရဲ့ မယ်သီလရှင် ဝတ်ထားတဲ့ပုံလေးကို မြင်ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိခင် ဒေါ်အေးယဉ်သန်း "

"သမီးရဲ့ မယ်သီလရှင် ဝတ်ထားတဲ့ပုံလေးကို မြင်ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိခင် ဒေါ်အေးယဉ်သန်း "


"ပီတိလည်းဖြစ်တယ်။ ကျွန်မမှာ သမီး နှစ်ယောက် ရှိတယ်။ ကျွန်မအခု အသက် ၅၈နှစ်အထိ သီလရှင် မဝတ်ဖြစ်ခဲ့သေးဘူး။ ဝတ်ဖို့လည်း အခြေ

အနေမပေးခဲ့ဘူး။ အခု ကျတော့ ကျွန်မသမီးအကြီးလည်း ဝတ်ပြီးသွားပြီ။ သင်ဇာလည်း ဝတ်ပြီးသွားပြီဆိုတော့ သမီးတွေကတောင် အန်တီ့ထက်ပိုပြီး ပါရမီရှိတယ်။ သူ့အတွက် အညံ့တွေ လည်း ကင်းစင်သွားတာပေါ့။ သင်ဇာက သူစိတ်ညစ်လာတာတို့၊ အခက်အခဲ ဖြစ်လာတာတို့ဆိုရင် အန်တီ့ကို တိုင်ပင် တယ်။ အဲဒီအခါကျရင် အန်တီက သူ့ကို နေတာ၊ ထိုင်တာကအစ မိဘအနေနဲ့ သွန်သင်ဆုံးမတယ်။ တစ်ခါတလေကျရင်လည်း အန်တီတို့ခေတ်နဲ့ မတူတော့ တာတွေကို နားလည်ပေးရတာတွေ ရှိတယ်။ အန်တီက စီးပွားရေး အရရော၊ ကျန်းမာရေးအရရော သူ့နောက်ကို လိုက်နိုင်တာမျိုး မရှိတဲ့အတွက် အမေ အနားမှာမရှိတော့ လူငယ်တစ်ယောက်အနေနဲ့ သူ့ဘာသာသူ ဆုံးဖြတ်ရ တယ်။ အမှားတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ အန်တီက သူ့ကို အကြံဥာဏ်တွေ အကောင်းဆုံးပေးတယ်။ အခုလို သီလရှင်ဝတ်ဖို့ကိုလည်း အတတ်နိုင်ဆုံး သူ့အတွက် လုပ်ပေးတာ ပါ။ သူ့အတွက် အိမ်ထောင် ဖက်ဆို တာကလည်း အန်တီတို့တုန်းက ကိုယ့်စိတ်ကြိုက် ရွေးထားတဲ့အတွက်ကြောင့် သူ့ကို ဘယ်သူဘယ်ဝါကိုယူ ဆိုတာကိုမျိုး မသတ်မှတ် ဘဲ သူကြိုက်တာကို ရွေးချယ်ပြီး ဘဝကို လျှောက်စေချင်တယ်။ "လို့ ပီတိစကား ဆိုခဲ့ပါတယ်။

မေမွန်မောင်၊ ဝဿန်
popular journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map