<div style='background-color: none transparent;'></div>

Home » » မိုးသီးဇွန် တသက်လုံးဖုံးထားတဲ့ အမှူတမှူပေါ်ပြန်ပြီ

မိုးသီးဇွန် တသက်လုံးဖုံးထားတဲ့ အမှူတမှူပေါ်ပြန်ပြီ

မိုးသီးဇွန် အမှန်တရားဆို ဖုံးဖိထားလို့ ရတဲ့ အရာမဟုတ်ဘူးဆိုတာ မင်းသိနေလောက်ရောပေါ့ မင်းပါးစပ်ကထွက်ထွက်နေတဲ့ ပြည်သူတွေအတွက် ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်မြောက်ရေး အတွက်ဆိုနေတဲ့ စကားလုံးတွေ မင်းနဲ့ လုံးဝ အထိုက်တန်ဘူး မင်းသားယောင်ဆောင်ထားတဲ့ဘီလူးဆိုတာ မင်းမှ မင်းအစစ်ပဲ ငါတို့ ပြည်သူတွေကို မိုးသီးဇွန် မင်း အယုံမသွင်းနဲ့ မမြူစွယ်နဲ့ မင်းလို လူစိတ်မရှိ လူ့ ကျင့်ဝတ် ဖောက်ပြက်ပြီး တစ်ကိုကေါင်းသမားကို ငါတို့ အယုံ အကြည်မရှိဘူးဒါကြောင့် မင်း ခုအချိန်မှာ ဘာလုပ်မလည်းဆိုတာ မင်းစဉ်းစား ပြည်သူ၊ရဲဘော်၊မိတ်ဆွေများခင်ဗျားမိုးသီးဇွန်ဆီမှ အီးမေးတစောင်၊
လျှို့ဝှက်စွာ တွဲပြီးပို့ခဲ့ပါတယ်။အီးမေးထဲမှာ “ ကျနော့ရဲ့အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေကို အခုလိုအရေးကြီးကာလမှာဖြေရှင်းစရာမလိုဘူး။ ဋ္ဌေးနိုင်ကိုသူမသတ်ဘူးလို့ရေးထားပါတယ်။”

ဒီကိစ္စနှင့်ပတ်သက်လို့ ဋ္ဌေးနိုင်ကိုမိုးသီးသတ်သလားမသတ်ဘူးလားဆိုတာ ကိုအများက ဆုံးဖြတ်ပါ။ ကျနော်သိသလောက်ရှင်းလင်းတင်ပြပါ့မယ်။
ဋ္ဌေးနိုင် ဟာ ၁၉၈၈ ရန်ကုန်တက္ကသိုလ်ကျောင်းသားတယောက်ပါ။၁၉၈၈ မှာ ကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကို တည်ထောင်တဲ့အခါ
ဋ္ဌေးနိုင်ဟာ ကျနော့ရဲ့လက်အောက်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ဒေသကောလိပ် (၂) ရဲ့သမဂ္ဂတာဝန်ခံတယောက်ဖြစ်ပါတယ်။
ကျနော့ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီး ၁၉၈၈ နယ်စပ်ကိုရောက်တော့ သေဘောဘိုး စခန်းကိုရောက်ပါတယ်။အဲ့ဒီအချိန်ဟာ ABSDF ပထမသက်တန်း ကျနော်အထွေထွေအတွင်းရေးမှူး ( အေဘီ ဗဟို) မှာတာဝန်ထမ်းဆောင်နေတဲ့ ကာလဖြစ်ပါတယ်။ဒီလိုနဲ့ နှစ်လ သုံးလ အကြာမှာ ဋ္ဌေးနိုင်ဟာ ကျနော်နဲ့အတူနေဖို့ အေဘီ ဗဟို ကိုရောက်လာပြီး၊ကျနော့နားမှာနေခဲ့ပါတယ်။

ABSDF နှစ်ခြမ်းကွဲတော့ကျနော် ၊ ကိုကိုဦး၊ မိုးသီး ဦးဆောင်တဲ့ဘက်ကိုရပ်ခဲ့ပြီး မိုးသီးဥက္ကဋ္ဌ ဖြစ်ပါတယ်။ကိုကိုဦး က အထွေထွေအတွင်းရေးမှူး၊ ကျနော် က EC ပါ။မိုးသီး က ဋ္ဌေးနိုင်ကို ဗဟိုစစ်ရေးတာဝန်ခံပေးအပ်ခဲ့ပါတယ်ဒီလိုနဲ့ ကိုကိုဦးနဲ့ကျနော် တောင်ပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အချိန်
ဋ္ဌေးနိုင်ကို မိုးသီး ကဖမ်းလိုက်ပါတယ်။ဒီအချိန်မှာ နုငိအောင်ဘက်မှာ ကိုနေဝင်းအောင် နှင့် ကိုစိုးလင်း ( မြောက်ပိုင်း ABSDF) ကို သူလျှိုမှုနှင့်ဖမ်းဆီးပြီး မြေကျင်းမှာထည့်ထားခဲ့တယ်။ ( တလအကြာမှာ ဋ္ဌေးနိုင်အဖမ်းခံရတယ်ဖြစ်ပါတယ်)။

ကျနော်နှင့် ကိုကိုဦးက မိုးသီးဆီကိုစက်ရိုက်ပြီး၊ ဘာကြောင့် ဋ္ဌေးနိုင် ကိုဖမ်းရတာလဲ လို့လှမ်းမေးပါတယ်။မိုးသီး က နိုင်အောင်တို့ဘက်မှ ကိုနေဝင်းအောင်နှင့် ကိုစိုးလင်း ကို စစ်ဆေးတဲ့အခါ သူတို့က မိုးသီးဘက်ကဋ္ဌေးနိုင်ဟာလည်း သူတို့နဲ့အတူတူပါပဲလို့ထွက်ဆိုလို့ ဖမ်းဆီးလိုက်ရတယ် လို့ဖြေရှင်းပါတယ်။

ကျနော်က ပြင်းပြင်းထန်ထန်ကန့်ကွက် ငြင်းချက်ထုတ်ခဲ့ပါတယ်။ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဟုတ်ဘူး။ငါနဲ့အတူတူလုပ်ခဲ့တာ။ လွှတ်ပေးပါ။ငါအာမခံတယ်။
ဋ္ဌေးနိုင်နဲ့ပတ်သက်လို့ငါတာဝန်ယူတယ်လို့စက်သွယ်ရေးစက်မှတဆင့်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့ မိုးသီး ဟာ ကျနော့်တောင်းဆိုချက်ကို ဂရုမစိုက်ပဲ ဖမ်းမြဲဖမ်းထားပါတယ်။ကျနော် ကိုကိုဦး ကို မေးတော့လည်း ဋ္ဌေးနိုင်ဟာ သူလျှိုလုံးဝမဖြစ်နိုင်ဘူး။ နောက်ပြီး နိုင်အောင့် ဘက်ကပေးတဲ့သတင်းနဲ့ဖမ်းတယ် ဆိုတာအခြေအမြစ်မရှိဘူး လို့ သူ့စဉ်းစားချက်ကိုပြောပြီး၊ကိုကိုဦး ဟာ သူ့ရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ကို အသုံးပြုပြီး မိုးသီးထံကိုကြေးနန်းရိုက်ပါတယ်။

“ မိုးသီး ငါအထွေထွေအတွင်းရေးမှူးတယောက်အနေနဲ့ သဘောထားပေးတယ်။ချက်ခြင်းလွှတ်ပေးပါ” လို့တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ မိုးသီးဂရုမစိုက်ပါဘူး။ ဋ္ဌေးနိုင်ကိုဖမ်းမြဲဖမ်းထားပါတယ်။အဲ့ဒီတော့ ကျနော်အတော်ဒေါသဖြစ်ခဲ့ပါတယ်။ဒါကြောင့် မိုးသီးမင်းဋ္ဌေးနိုင်ကိုချက်ခြင်းလွှတ်ပါ။မင်း မလွှတ်ရင် ငါမာနယ်ပလော ကို ရောက်၊ငါ့တပ်နှင့်တိုက်ပြီး ဋ္ဌေးနိုင် ကို ရအောင်ထုတ်ယူမယ် လို့
အကြောင်းကြားခဲ့ပါတယ်။
ဒီလိုနဲ့ ကျနော်မာနယ်ပလော ကို ဆင်းဖို့ကြိုးစားနေတဲ့အချိန်မှာ ကျနော့်ဆီကို ဖုံးတခုဝင်လာပါတယ်။အဲ့ဒါကတော့ ချင်းမိုင်မြို့ က ဗိုလ်မှူးကြီး ထုံ လို့ခေါ်တဲ့ ထိုင်းထောက်လှမ်းရေးအကြီးအကဲပါ။သူက “သန်းဝင်း မင်းမဆင်းနဲ့ မင်းဆင်းရင် မယ်ဇရင်း ဘတ်စ်ကားဂိတ်မှာပလိပ်တွေ က မင်း ကိုစောင့်ပြီး အပြီးသတ်လိုက်လိမ့်မယ် လို့ပြောပါတယ်။
အဲ့တော့ ကျနော်က မေးတယ်။ပလိပ်တွေက ကျနော့် ကို ဘယ်လိုလုပ်သိလဲ ဆိုတော့သူက မင်းကိုနယ်စပ်ကိုမရောက်အောင် ထိုင်းနယ်မြေထဲမှာ
အပြတ်ရှင်းဖို့ ထိုင်းပုလိပ် ကို ဘတ် တသောင်းပေးထားပြီးဖြစ်တယ် လို့ ပြောပါတယ်။ကျနော်အတော်အံ့သြပြီး အတော်လည်း ဒေါသဖြစ်ရပါတယ်။
ဒီလောက်တောင်ယုတ်မာရသလား လို့။ဒါနဲ့ ကျနော် မာနယ်ပလော ကို လုံခြုံရေးအရ မဆင်းဖြစ်တော့ပါဘူး။

နောက်တော့ မာနယ်ပလောကျခါနီးမှာ မိုးသီးဘက်ကရော၊ နိုင်အောင့်ဘက်ကပါ ဋ္ဌာနချုပ်ကိုရွေ့ပြောင်းရပါတော့တယ်။အဲ့ဒီအချိန်မှာနိုင်အောင့်ဘက်မှာ ကိုနေဝင်းအောင်နဲ့ ကိုစိုးလင်းတို့ဟာ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။မိုးသီး ဘက်မှ ဋ္ဌေးနိုင်ကတော့ အသတ်ခံလိုက်ရပါတယ်။နောက်ပိုင်း ကျနော်ဟာ ဋ္ဌေးနိုင်ကိစ္စနဲ့ပတ်သက်လို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ သူတွေ အားလုံး ကို မေးမြန်းပါတယ်။ သူတို့ရှင်းပြတာက ဋ္ဌေးနိုင် ကိုစဖမ်းဖမ်းခြင်း၊ တဲအိမ်တခုမှာ လှောင်ပိတ်ထားတယ်။ဗဟိုထဲမှာပေါ့။

နောက်နှစ်ပတ်အကြာမှာတော့ ဋ္ဌေးနိုင် ကို ဗဟိုရဲ့တဘက်ကမ်း သောင်ရင်းမြစ်ရဲ့တ ဘက်ခြမ်းမှာမြေကျင်းသေးသေးေ လးတူးပြီးတယောက်တည်းထားပါ တယ်။ဘာအစောင့်မှမထားပဲ ထမင်းပို့မှ လှေနှင့်သွားပို့ကြပါတယ်။

နောက်ပိုင်းအစောင့်စစ်သား နှစ်ယောက်ကိုမေးတော့ သူတို့က ကိုဋ္ဌေးနိုင် ကို ထားတာသိတ်ရက်စက်တယ်ဗျာ တဲ့။

သူ့အရပ် သူ့ကိုယ်ခန္ဓာနဲ့မဆန့်တဲ့ ခြေထောက်ဆန့်လို့မရတဲ့ မြေကြွင်းထဲမှာထည့်ထားပြီးခြေထောက်ကလည်း အချိန်တိုင်းကွေးထားရတော့ တလလောက်အကြာမှာ ဋ္ဌေးနိုင်ဟာမတ်တပ်ရပ်လို့မရတော့ပဲ၊ ချိသွားတယ် တဲ့။နောက်စစ်သားတယောက်ကမျက်ရည်ဝြဲပီးပြောတာက
သူတို့ထမင်းသွားပို့တဲ့အချိန်မှာ တာဝန်ခံတယောက်ပါတယ် တဲ့။သူတို့ ဋ္ဌေးနိုင် ကိုတွေ့တဲ့အခါ၊
ဋ္ဌေးနိုင် က “မင်းတို့ငါ့ကိုဘယ်တော့သတ်မလဲ၊ မြန်မြန်သတ်လိုက်ပါကွာ။

ငါမင်းတို့နှပ်စက်တဲ့ ဒဏ်ကိုမခံနိုင်တော့လို့ပါလို့ နေ့တိုင်းတောင်းပန်ပြောတယ်လို့ ကျနော့ကိုရှင်းပြပါတယ်။
ဒီလိုနဲ့ ဗဟိုဟာ စစ်ရေးအရရွှေ့ပြောင်းတဲ့အချိန်မှာ

မိုးသီးဟာ သူများတွေမရိပ်မိအောင် ဋ္ဌေးနိုင်လိုသရုပ်ဆောင်တဲ့တယောက်ကိုရွေးပြီးမျက်နှာကိုဂုံနီအိပ်အုပ် သဏ္ဍန်လုပ်သရုပ်မှန်အောင်လိမ်ညာပြီး လှေပေါ်ကိုတရားခံခေါ်သွား တယ်ဆိုတဲ့ပုံစံနဲ့ ဖန်တီးပါတယ်။

အဲ့ဒီသရုပ်ဆောင်တဲ့သူက ကိုရဲလင်း လို့ခေါ်ပါတယ်။သူကိုယ်တိုင် ကျနော့ ကို ပြောပြတာဖြစ်ပါတယ်။

သူတို့ရွေ့ပြောင်းကြတဲ့အချိန်မှာ ဋ္ဌေးနိုင်သေပြီးဖြစ်တယ်။သူတို့သတ်ပြီးဖြစ်တယ်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိသလဲ။
ဋ္ဌေးနိုင်ကိုသတ်တာမိုးသီးမှာတာဝန်ရှိတယ်။မိုးသီး ဟာ အဲ့ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌ ပါ။ဒါကို သူမသတ်ပါဘူး လို့ ရှောင်ထွက်လို့မရပါဘူး။
ခေါင်းဆောင်လုပ်ချင်ရင်တာဝန်ယူရဲတဲ့သတ္တိရှိရပါတယ်။ ပြည်သူရဲဘော်မိတ်ဆွေအပေါင်းတို့ခင်ဗျား
အထက်ပါအဖြစ်အပျက်ကိုဖတ်ကြည့်ကြပါ။
မိုးသီးဟာ ၈၈၈၈ ခေါင်းဆောင်တယောက်မဟုတ်ပါ။
နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်ပါ။
ကျောင်းသားချင်းသွေးစွန်းတဲ့လူသတ်ကောင်သက်သက်သာဖြစ်ပါတယ်။
ကျနော်တို့က စစ်အဏာရူးပြီးပြည်သူကိုသတ်တဲ့ စစ်အာဏာရှင်ဘီလူးတွေကို တိုက်နေတာပါ။
အခု မိုးသီးနှင့် နိုင်အောင်ဟာ အာဏာတခြမ်းပဲ့လေး ကို ရတာတောင်
ဒီလိုယုတ်ယုတ်မာမာ ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ကြတဲ့
လူသတ်ကောင် လူယုတ်မာများသာဖြစ်တယ်။
နိုင်ငံရေးခေါင်းဆောင် ကျောင်းသားခေါင်းဆောင်များလုံးဝမဟုတ်ပါ

ဒီတော့ ခင်ဗျားတို့ကိုသတိပေးချင်ပါတယ်။
“မိုးသီး” ဒီလိုစွပ်စွဲချက်ဟာ အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှု လို့ မင်းကပြောတယ်။

မိုးသီး မင်းဘဝမှာ ဒီကိစ္စဟာ အရေးကြီးတယ် ဆိုတာသတိပြုပါ။ နိုင်ငံရေးဆိုတာ မင်းလိုလူသတ်ကောင်နဲ့မပတ်သက်ဘူးဆိုတာနားလည်ပါ။
မင်းသတ်ခဲ့တဲ့ လူသတ်မှုအတွက်ဖြေရှင်းဖို့မင်းပြင်ဆင်ပါ။

ဒီနေ့က စပြီး ကျောင်းသားခေါင်းဆောင်၊
နိုင်ငံရေးခေါင်းဆောင်ဆိုတာလုံးဝမသုံးပါနဲ့။

မိုးသီးနဲ့နိုင်အောင်ဟာ စစ်ဘီလူးကောင်တွေလိုပဲ ဆိုးတဲ့လူသတ်တရားခံ၊
လူယုတ်မာများသာဖြစ်ပါကြောင်းရှင်းပြလိုက်ရပါတယ်။

(သန်းဝင်း)
From -  မုဆိုးဗိုလ်ရွာသား
Share this article :

2 comments:

hnar hnar said...

ဒါတင် ဘယ်ကမလဲ တိုင်းတစ်ပါးမှာ နိုင် ငံရေးကိုခုတုံး
လုပ်ပြီး နိုင် ငံခြားကလှူတဲ့ ပိုက်ဆံတွေနဲ့ ရန်ပုံငွေတွေ
ကိုသူရှာလို့ရတဲ့ငွေလိုသ ဘောထားပြီးငွေကိုရေလိုသုံး
တာရောရှိတယ်ဗျ။ သူများသားပျိုသမီးပျို တွေကိုဖျက်
ဆီးခဲ့တာရောကျန်သေးသပ။ ရန်ပုံငွေတွေ နဲ့ ယိုးဒယား ဆင်းပြီး ဖာချတာရော သူ့ရဲ့ ဝသီဆိုတာမ မေ့ကြဖို့ ပြောချင်ပါတယ်။

myotun said...

လွန်ခဲ့တဲ့ ၃လလောက်က မလေး၇ှားလာသွားပြီး ဘင်္ဂလီကုလားတွေနဲံ့ လာတွေ့ ပါတယ်။
ပိုက်ဆံစုပြီး လက်နက်ဝယ်ပြီး မြန်မာပြည်ကို ပြန်တိုက်ဖို့  စည်း၇ုံးခဲ့ တယ်။
dr chatgyi blog မှာ ပြန်ကြည့် နိုင်ပါတယ် ။ ဒီကောင် လူလိမ်ပါ။။

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map