<div style='background-color: none transparent;'></div>

Home » » မြောက်ဥက္ကလာပ လူသတ်မှု ၂၃ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာ

မြောက်ဥက္ကလာပ လူသတ်မှု ၂၃ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်သုဝဏ္ဏရှိ အရှေ့ပိုင်းခရိုင် တရား ရုံး၌
 ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရစစ်ဆေး လျက်ရှိသော မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီလမ်းထိပ်၌ ဖြစ်ပွားခဲ့ သော
လူသတ်မှုကို အရှေ့ပိုင်းခရိုင် တရားရုံးမှ စီရင်ပိုင် ခွင့်တူညီသော သင့်တော်ရာ
ခရိုင်တရားရုံးတစ်ခုခုသို့ လုံခြုံရေးအရ ပြောင်းရွှေ့စစ်ဆေးခွင့်ပြု ပါရန် ရန်ကုန်
တိုင်းဒေသကြီး တရား လွှတ်တော်သို့ သက်ဆိုင်ရာက ဩဂုတ်လ ပထမသီတင်းပတ်
အတွင်းက တင်သွင်း လျှောက်ထားခဲ့ကြောင်း ခရိုင်ဥပဒေ အရာရှိက
 မြန်မာတိုင်း(မ်)ကို ပြောကြား သည်။


အမှုဖြစ်ပွားခဲ့ပုံမှာ ၂၀၁၁ ခုနှစ်၊ နိုဝင် ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ် ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် (က) ရပ်ကွက် နွယ်သာကီ(၆)လမ်းထိပ်ရှိ အရက်ဆိုင်ရှေ့၌ နွယ်သာကီ(၈)လမ်း နေ ကျော်မင်း (၃၂ နှစ်)မှာ ယာဘက် ရင်အုံ ထိုး
သွင်းဒဏ်ရာ တစ်ချက်၊ ယာ ဘက် လက်ဖျံ ပြတ်ရှဒဏ်ရာတစ်ချက်၊

 လည်ကုပ်တွင် ပြတ်ရှဒဏ်ရာနှစ်ချက် ရရှိပြီး အမည်မသိသူ ငါးဦးက ဓားများ နှင့် ၀ိုင်းခုတ်ခံရ၍
 သေဆုံးခဲ့မှုကို မြောက် ဥက္ကလာပမြို့နယ်၊ ဝေသာကီရဲစခန်းက (ပ) ၅၂၂၂/၂၀၁၁ ပြစ်မှုပုဒ်မ
၃၀၂ အရ အမှုဖွင့် အရေုးယူခဲ့သည်။

အမှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ အထူးမှုခင်းနှိမ်နင်းရေးဌာနစု မှူး ရဲအုပ်မျိုးအောင်မြင့်နှင့်အဖွဲ့က ကျော်လွင် (၄၅ နှစ်)ကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင်
လည်းကောင်း၊ မြောက် ဥက္ကလာပမြို့နယ်နေ သက်ဦး (၄၄ နှစ်)၊ သက်ဇော်ထွန်း (၁၉ နှစ်)နှင့်
မသီတာ(ခ) မခင်နှင်းသီတာ (၄၃ နှစ်)တို့ကိုလည်း ထိုနေ့၌ပင် ဆက်လက်ဖမ်းဆီးခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှူးကလည်း သင်္ဃန်းကျွန်းမြို့နယ်နေ
 ထွန်းထွန်းဝင်း (ခ) ရဲအောင် (ခ) ကျွဲကြီး (ခ) ခတ္တာ (၃၈ နှစ်)ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင်
ဖမ်းဆီး ရမိခဲ့ပြီး ဒုစရိုက်နှိမ်နင်းရေးဌာနစုက ဒဂုံအရှေ့ပိုင်းမြို့နယ်နေ ဇင်မင်းထက် (ခ) ဒီမိုး (၂၃ နှစ်)ကိုလည်းကောင်း၊

 အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့အထူးမှုခင်း နှိမ်နင်းရေး ဌာနစုမှူးမှ
 မြောက်ဥက္ကလာပ မြို့နယ်နေ ညီညီဦး (ခ) ညီဦး (၃၇ နှစ်) ကိုလည်းကောင်း ဆက်လက်ဖမ်းဆီး
ရမိ ခဲ့သည်။

ယင်းလူသတ်မှုနှင့်ပတ်သက်၍ ပါဝင် ကျူးလွန်ခဲ့သည်ဆိုသူ ၂၃ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာ ထားကာ စစ်ဆေးလျက်ရှိရာ တရားလိုပြသက်သေ ၆၀ အနက်မှ ခုနစ်ဦးကို စစ်ဆေးပြီးစီးခဲ့သည်။

"အမှုစစ်ဆေးနေစဉ် ဘယ်သူက ဓားနဲ့ ထိုးတယ်လို့ပြတဲ့ တရားလိုပြသက်သေ ကို ဖမ်းထားတဲ့ တရားခံက လက်ထိပ်နဲ့ ခေါင်းကို ရိုက်မလို့ ရဲက အဆွဲမြန်လို့၊ သူတို့က နည်းနည်းကြမ်းတယ်"ဟု အမှု လိုက် ဥပဒေအရာရှိက ရှင်းပြသည်။

"တစ်ခါတစ်ရံ အချုပ်ကားနဲ့ ခေါ်လာ ရင် အပြန်မှာ ရန်ဖြစ်တာမျိုးရှိတယ်။ ရန်ဖြစ်လို့ တံခါးဖွင့်မိလိုက်ရင် ကားထဲ မှာ လက်ထိပ်ခတ် မထားတာကြောင့် ပြေးမယ်ဆိုရင် ပြေးနိုင်တယ်"ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

အမှုကို ရုံးပြောင်းလျှောက်ထားနေ စဉ်အတွင်း စစ်ဆေးခြင်းကို ခေတ္တဆိုင်းငံ့ ထားပြီး ရန်ကုန်
တိုင်းဒေသကြီး တရား လွှတ်တော်က အမိန့်ချမှတ်ပြီးမှသာ ဆက်လက် စစ်ဆေးသွားမည်ဖြစ်
 ကြောင်း သိရသည်။

Myanmar Times
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map