<div style='background-color: none transparent;'></div>

Home » » သီရိရှင်းသန့် လောဘ

သီရိရှင်းသန့် လောဘ

“တံတိုင်းများကို ဖြတ်ကျော်ခြင်း” ဆိုတဲ့ ဇာတ်ကားမှာ သီရိရှင်းသန့်က မိသားစုအတွက် အနစ်နာခံသွားတဲ့ ကောင်မလေး တစ်ယောက်အဖြစ် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားက ဒရာမာဇာတ်ကားလေး ဖြစ်တာကြောင့် အသစ်တစ်ယောက်အနေနဲ့ လိုအပ်ချက်တွေတော့ ရှိပေမယ့် အကောင်းဆုံး ကြိုးစားထားတယ်လို့လည်း ပြောပြပါတယ်။
ဇာတ်ကားရိုက်ကူးမှုတွေမှာတော့ လတ်တလော ဒရာမာဇာတ်ကားတွေ အရိုက်များနေတယ်လို့ ပြောပြတာကြောင့်.. “ကိုယ်ကတော့ မရိုက်ဖူးတာတွေ ရိုက်ကြည့်ချင်တယ်။ ပညာလိုချင်တဲ့ လောဘရှိတယ်။ အခု ဟာသကားတွေပဲ ကြည့်နေတဲ့အချိန်မှာ ဒရမ်မာဇာတ်လေးနဲ့ ရသတစ်မျိုး ပေးချင်တယ်။ ဒါပေမဲ့ ဒရာမာကခက်တော့ တော်တော်ကြိုးစားရတယ်။ ကိုယ်တိုင်က ဒရမ်မာလုပ်ရတာကိုလည်း ကြိုက်တယ်။ ကိုယ်နဲ့လည်း လိုက်တယ်လို့ထင်တယ်” လို့ ပြောပြပါတယ်။ သီရိရှင်းသန့်က “မြွေမြွေချင်းခြေမြင်” ဇာတ်ကားမှာလည်း ကျော်ရဲအောင်နဲ့အတူ တွဲပြီး သရုပ်ဆောင်ထားသလို၊ ဒီဇာတ်ကားမှာ အသက်ကြီးတဲ့ သူတစ်ယောက်အဖြစ်လည်း သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး သီရိရှင်းသန့်က..

ဒီဇာတ်ကားမှာက ၃ ဆင်းန်လောက်ပဲ ပါတယ်။ ဒီကားကလည်း ဒရာမာ ကားလေးပဲ၊ အဓိကက အသက်ကြီးသွားတော့ မိတ်ကပ်နဲ့ ရုပ်ချရတာပေါ့။ အနှစ်၂၀ လောက် ကြီးသွားတယ်ဆိုပေမယ့် တအားကြီး အသက်ကြီးသွားတာမျိုးတော့ မဟုတ်ပါဘူး။ ဒီကားရိုက်တုန်းကလည်း အားလုံးက သင်ပေးကြပါတယ်” လို့ ပြောပြပါတယ်။
popular news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map