<div style='background-color: none transparent;'></div>

Home » » မြန်မာနိုင်ငံတွင်အာရှစံနှင့်ညီသော ကျောင်းသားသီးသန့်ဖယ်ရီ လာမည့်ပညာသင်နှစ်တွင် ပြေးဆွဲမည်

မြန်မာနိုင်ငံတွင်အာရှစံနှင့်ညီသော ကျောင်းသားသီးသန့်ဖယ်ရီ လာမည့်ပညာသင်နှစ်တွင် ပြေးဆွဲမည်


ကျောင်းသားသီးသန့်ဖယ်ရီ လာမည့်ပညာသင်နှစ်အမီ စတင် ပြေးဆွဲပေးတော့မည်ဟု Great Father Land ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
 အဆိုပါ ကျောင်းကားများကို အာရှစံနှုန်းအတိုင်း ပြုလုပ်မည်ဖြစ် ပြီး မြို့ပြင်ရှိတက္ကသိုလ်၊ ကောလိပ် များ ကျောင်းကားမလုံလောက်မှုနှင့် ကျောင်းကားများ စံချိန်စံညွှန်း မမီ မှုများကြောင့် ကျောင်းသားများ ကျောင်းသို့ မရောက်မရှိစေရန် ကျောင်းသားသီးသန့်ဖယ်ရီ ပြုလုပ် ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရ သည်။ ”ကျောင်းသားတွေ က ကျော ပိုးအိတ်နဲ့ ကားတွယ်စီးရတယ်ဆို တာကတော့ ကျောင်းသားအခွင့် အရေးဆုံးရှုံးတာပေါ့။ ကျောင်းသား ဆိုတာ ကျောင်းသားစတိုင်အပြည့် ရှိရမယ်လေ”ဟု ၄င်းက ထပ်မံပြော သည်။ ကျောင်းကားများကို စင်ကာ ပူမှ ကားသစ်စီးရေ ၃ဝ မှ ၅ဝ ကြား တင်သွင်းမည်ဖြစ်ပြီး ပုဂ္ဂလိ က ကျောင်းများမှလွဲ၍ မူကြိုမှတက္က သိုလ်ကော လိပ် အဆင့်အထိပြေး ဆွဲမည်ဖြစ်ကြောင်း၊ မူကြိုအဆင့် ကလေးများအား Super Custom ဖြင့် ပြေးဆွဲပေးရန်လျာထားကြောင်း
သိရသည်။ယာဉ်ငယ်များကို မူကြိုအ ဆင့် ကားများအတွက် ဦးစားပေးခေါ်ယူ မည်ဖြစ်ကာ အနိမ့်ဆုံးအရည်အချင်း ဘွဲ့ရဖြစ်ရမည်ဟု သိရသည်။ ကျောင်းကားပေါ်တွင် ကျန်း မာရေးဆေးသေတ္တာ၊ တီဗီနှင့်  lesson program များ ပြသပေးမည်ဖြစ် ကြောင်း သိရသည်။ ကျောင်းကား များအား မစီးမနေရ မဟုတ်ဘဲ ကျောင်းများတက္ကသိုလ်များတွင် ကျောင်းကားဂိတ် သတ် မှတ်ထား ပေးမည်ဖြစ်ပြီးကျောင်းကားခကိုမူ မသတ်မှတ်ရသေးဟု သိရသည်။
မိုးငယ်၊ ရန်နိုင်  
popular myanmar
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map