<div style='background-color: none transparent;'></div>

Home » » လူ့အဖွဲ့အစည်း ရသင့် ရထိုက်သော အခွင့်အရေးများ ကာကွယ်စောင့်ရှောက် သွားမည့် ဒေါ်အောင်ဆန်းစုကြည်

လူ့အဖွဲ့အစည်း ရသင့် ရထိုက်သော အခွင့်အရေးများ ကာကွယ်စောင့်ရှောက် သွားမည့် ဒေါ်အောင်ဆန်းစုကြည်


လူ့ အဖွဲ့အစည်းမှ ရသင့် ရထိုက် သော အခွင့်အရေး များကို ကာကွယ်စောင့် ရှောက်သော  ပုံစံဖြင့် ကိုင်တွယ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဖြစ်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
''တရားဥပဒေ စိုးမိုးရေးထဲမှာ မီဒီယာအတွက်လည်း ပါတယ်။ အဲဒီအထဲမှာ အားလုံးအတွက်လည်း ပါတယ်။ တချို့က ဥပဒေဆိုတာ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ဖို့ ထင်ကြတယ်။ အန်တီကတော့ ဒီလို မယုံကြည်ဘူး။ ဥပဒေဆိုတာ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့စောင့်ရှောက်ဖို့၊ လူ့အဖွဲ့အစည်းက ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဒီပုံစံနဲ့ပဲ လုပ်သွားမှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က လတ်တလောအခြေအနေနှင့် ပတ်သက်၍ ပေါ်ပြူလာ နယူးစ်၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

သြဂုတ်လ ၇ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် ၂၁ ရက် မြောက်နေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူ့လွှတ်တော်မှ အဆိုပါ ကော်မတီ ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ကာ အတည်ပြုခဲ့ပြီး ဒီချုပ် ပါတီဝင် ဦးဝင်းမြင့် (ပုသိမ်မဲဆန္ဒနယ်)ကိုပါ အတွင်းရေးမှူးအဖြစ် ခန့်အပ်တာ ဝန်ပေးခဲ့သည်။ ယင်းကော်မတီတွင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့် (သင်္ဃန်းကျွန်း မဲဆန္ဒနယ်)ကိုပါ အဖွဲ့ဝင်အဖြစ် ခန့် အပ်ခဲ့ကြောင်း သိရသည်။
''လွှတ်တော်ကပေးတဲ့တာဝန်ကို ယူတာပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားဖြတ်ရွေးကောက်ပွဲဝင်တုန်းက လူထုကိုပေး ခဲ့တဲ့ ကတိကဝတ် ထဲမှာပါနေတယ်။ အဲဒီကတိနဲ့အညီ အကောင်အထည် ဖော်နိုင်ဖို့ဆိုတာ သူ့ရဲ့ ခေါင်းဆောင်အရည်အချင်း ပေါ်မှာ မူတည်ပါတယ်'' ဟု ဦးသိန်းညွန့်က ပြောသည်။
ယင်းကော်မတီ၏ တာဝန်များ တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ၊တရား ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်း မီဒီယာနှင့် သက်ဆိုင်သူအားလုံးတို့သည် တရားဥပဒေနှင့်အညီ နေထိုင်ပြုမူ ဆောင်ရွက်နိုင်ရန် တိုက်တွန်းခြင်း၊ နှိုးဆော်ခြင်း၊ ထိန်းညှိကူညီခြင်းပြုရမည်။ အရေးယူဆောင်ရွက်ရန် ရှိပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်ျတ်ာသို့ တင်ပြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံး လျက်ရှိသောဥပဒေများကို လေ့လာ၍ပယ် ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ် ပြဋ္ဌာန်းရန်တွေ့ရှိက လွှတ်တော်သို့ တင်ပြရ မည်ဖြစ်ကြောင်း၊ ထို့အပြင် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသော အကြောင်းကိစ္စများ ပေါ်ပေါက်လာပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့ အစည်းများကို ကူညီစောင့်ရှောက် ထိန်းညှိပေးရမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားသည်။
ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည် သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရအရေးယူခြင်းမှ ကင်း လွတ်ခွင့် ရှိသည်။ ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက် ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက်မရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေး များသို့ တက်ရောက်ခွင့်ရှိသည်'' ဟု ၄င်းက လွှတ်တော်တွင် ဖတ်ကြားရှင်းလင်း သည်။
၎င်းအပြင် အခွင့်အရေးများ အနေဖြင့် တာဝန်အရ ခရီးသွားလာရသည့် အခါ တွင် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့်စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များ အပြင် လွှတ်တော် မှသတ်မှတ်သော ရပိုင်ခွင့်များကို ခံစားခွင့်ရှိကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ''ကျွန်တော့်အနေနဲ့ ထောက်ခံပါတယ်။ လိုလိုလားလားရှိပါတယ်။ သူ့ရဲ့ကော်မတီ ခေါင်းစဉ်နဲ့ပတ် သက်တာတွေကို ကိုင်တွယ်နိုင်မှာပါ။ ကော်မတီတွေဖွဲ့စည်းပြီးသား ရှိသော်လည်းပဲ သီးခြားဝိုင်းပြီး ဆောင် ရွက်နိုင်မယ်ဆိုကောင်းတာပေါ့။ လုပ်ဖော်ကိုင်ဖက်ပဲ။ ကွန်ဂရက်ကျူလေး ရှင်းလုပ်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်အား လာရောက်လက်ဆွဲနှုတ် ဆက်စဉ် ၄င်းက ပြောသည်။
ယင်းကော်မတီသည် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပြီး ကော်မတီ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း လွှတ်တော်က သတ်မှတ်ထားကာ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၄ နှင့် ပုဒ်မ ၂၇ တို့ဖြင့် ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''လွှတ်တော်က ပေးတဲ့ တာဝန်ကို ထမ်းဆောင်ရမှာပေါ့။ ကိုယ့်ရဲ့ ခေါင်းဆောင်က ဥက္ကဋ္ဌနေရာမှာ ဆိုတော့ ဝမ်းသာတာပေါ့။ အဂတိတရား လေးပါးကင်းကင်းနဲ့ နိုင်ငံ သားအကျိုးနဲ့ နိုင်ငံအတွက် ကျေပွန်အောင် လုပ်ရမှာပါ'' ဟု ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ပေး အပ်ခံရသော ဦးဝင်းမြင့်က ဆိုသည်။
popular news
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map