<div style='background-color: none transparent;'></div>

Home » » နိုင်ငံခြားကားတွေထက် မြန်မာကား ကြည့်ရတာ ပိုကြိုက်တယ်ဆိုတဲ့ အဆိုတော်ဆိုတေး

နိုင်ငံခြားကားတွေထက် မြန်မာကား ကြည့်ရတာ ပိုကြိုက်တယ်ဆိုတဲ့ အဆိုတော်ဆိုတေး


လတ်တလော လုပ်ဖြစ်နေ တာနဲ့ ပထမ စီး ရီး နဲ့ ပတ်သတ်ပြီး ဝေဖန်တဲ့ အပေါ်မှာ အပေါ်မှာ ဆိုတေးရဲ့ အမြင်ကို ပြောပေးပါ။
နောက်ထပ် ဒုတိယ စီးရီးအတွက် အတီးတွေ စနေပြီ။ ကျွန်တော်က သီချင်းအေးတာပဲ ကြိုက်တယ်။ ပြီးတော့ သီချင်းအေးတာပဲ ရေးတတ် တယ်။ သီချင်းအေးတာပဲ ကျွန်တော်နဲ့ လိုက်မယ်လို့ ထင်တယ်။ လူ ၁၀၀ မှာ ၁၀ လောက်က သချင်းအေးတာကို မကြိုက်ကြပေမယ့် ကျန်တဲ့ ၉၀ က သီချင်းအေးတာကို ကြိုက်တယ်။
ကိုယ့်သီချင်းခွေ ရောင်းအား အခြေအနေကို အမြဲစုံစမ်းလေ့ရှိလား။
ကျွန်တော်ကိုယ်တိုင် ရေးတာဆိုတော့ အသဲကွဲသီချင်းနဲ့ အချစ်သီချင်းပဲ ရေးတတ်တယ်။ နောက်အခွေမှာလည်း ဒီလိုမျိုးပဲ ပါဖြစ်ဖို့ များပါတယ်။ ကျွန်တော့် သီချင်းတွေက ဘယ်လောက် ရောင်းရလဲ၊ ဘယ်အဆင့်မှာရှိလဲ ဆိုတာက အမြဲလေ့လာဖြစ်တယ်။ ဗီစီဒီထွက်ပြီးတဲ့ အချိန်ကနေ ခုထိ နံပါတ် ၁ နေရာမှာရှိဆဲပဲ။ FM မှာလည်း သီချင်းအတောင်းရဆုံး ဖြစ်နေတယ်။

ပထမစီးရီး အရမ်း အောင်မြင်ခဲ့တော့ နောက်စီးရီးအတွက် ပူပန်တာမျိုးရှိလား။
ပထမစီးရီး ပေါက်ခဲ့လို့ နောက်စီးရီးထွက်တဲ့အခါ မပေါက်မှာမျိုးကိုလည်း စိုးရိမ်နေတာမျိုး မရှိပါဘူး။ ကောင်းချင်စိတ်နဲ့လုပ်ရင် ကောင်းချင်မှလည်း ကောင်းမယ်။ ရိုးရိုးလေးပဲ အရင်က အခွေလည်း ပေါက်အောင်ဆိုပြီး ရေးခဲတာ မဟုတ်ဘူး။ ကိုယ့်ခံစားချက်က ပုံဖော်ပြီး ရေးခဲ့တာလေ။ ခုလည်းဒီအတိုင်းပဲ စိတ်ကူးပေါက်လာရင် ရေးလိုက်မယ်။ တီးလိုက်မယ်။ နောက်အခွေမှာလည်း ခု ကျွန်တော်ရေးတဲ့ သီချင်းတွေထဲက ၁၀ ပုဒ်လောက် ထည့်ဖို့ စဉ်းစားထားတယ်။
ခုချိန်မှာ အဆိုတော်အဖြစ် ရပ်တည်ဖို့ မလွယ်ဘူးလို့ ပြောကြတဲ့အပေါ်
ကျွန်တော်က ပထမခွေထုတ်လို့ မအောင်မြင်လည်း အရင်အတိုင်းပဲ။ ကျွန်တော်နေလို့ရတယ်။ ကျွန်တော်အရင်ကတည်းက ပျော်ပျော်ပဲ နေတတ်တယ်။ အသဲကွဲလို့သာ သီချင်းဆိုဖြစ်သွားတာ။ အရင်ကဆို ဒီလိုပဲ နေနေတာ။ မဖြစ်သွားလည်း ကျွန်တော်က မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေတယ်။ အောင်မြင်သွားတော့လည်း အောင်မြင်မှုကို ထိန်းသိမ်းတဲ့ အနေနဲ့ တန်ဖိုးရှိအောင် နေရမှာပေါ့။ သီချင်းဆိုတာကို ကျွန်တော်အလုပ်တစ်ခုကို တန်ဖိုးထားတယ်။ အဲဒီအတွက် ကောင်းအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။
အောင်မြင်မှုနဲ့အတူ တွဲပြီးပါတာတွေက..
ခုလို အောင်မြင်လာတော့ အများကြီး အပေါင်းအသင်း ဆံ့လာတယ်။ အောင်မြင်မှုနဲ့အတူ သတင်းကောင်းတွေ၊ သတင်းဆိုးတွေရော တွေးပြီး ပါလာတတ်တယ်။ ကျွန်တော်သီချင်းတွေထဲမှာ ခပ်ရှားရှား ဖက်တီးမဆိုတဲ့ တစ်ပုဒ်ပဲပါတယ်။ ကိုယ်တိုင်လည်းသိတယ်။ အဲဒီသီချင်းက ဘယ်သူ့မှ ရည်ရွယ်ပြီး ရေးတာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း ပြောရရင် ကျွန်တော့်အဘိုး ဆေးရုံတင်ထားရတော့ ကျွန်တော်ဆေးရုံ စောင့်ရတယ်။ အဲဒီမှာ ဆေးရုံစောင့်တွေက ကိုရီးယားကား ကြည့်နေကြတယ်။ လူနာက ရေသောက်ချင်လို့ ရေတောင်းတာကို ခဏနေဦးဆိုပြီး ဖြစ်နေတာ၊ ကြည့်လိုက်တော့ ကိုယ့်အဒေါ်အရွယ်ရှိတဲ့ ဝတုတ်တုတ် အဒေါ်ကြီး၊ အဒေါ်တွေကလည်း ကိုရီးယားကား သိပ်ကြိုက်တယ်။ သူတို့ ကြည့်ပြီးရေးထားတာ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။
ကိုရီးယားကား ကြိုက်တဲ့အထဲမှာ ဆိုတေးပါလား။
ကျွန်တာ် ကိုရီးယားကားကြည့်တာ ဝါသနာမပါဘူး။ နိုင်ငံခြားကားတွေထက် မြန်မာကားကြည့်ရတာ ပိုကြိုက်တယ်။ မြန်မာလိုပဲ ခံစားတတ်တယ်။
ခုရော အသည်းကွဲနေတုန်းလား။
ခုထိတစ်ယောက်တည်းပဲ ကျွန်တော်နောက်ခွေကို မင်္ဂလာပါဆိုတေးလို့ နာမည်ပေးထားတယ်။ ၂၀၁၃ နှစ်စပိုင်းလောက် ထွက်နိုင်အောင် ကြိုးစားနေတယ်။ မီးအိမ်ရှင်ဗီစီဒီကို တချို့ကြိုက်တာတွေ ရှိသလို မကြိုက်တာလည်း ရှိကြတယ်။ ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map