<div style='background-color: none transparent;'></div>

Home » » တောင် ကိုရီးယား အစိုးရက မြို့တော် ဆိုးလ် ၏ တောင်ဘက်တွင် ဝန်ကြီး ဌာနများ ရုံးစိုက်ရာ မြို့တော်ဖွင့်လှစ်

တောင် ကိုရီးယား အစိုးရက မြို့တော် ဆိုးလ် ၏ တောင်ဘက်တွင် ဝန်ကြီး ဌာနများ ရုံးစိုက်ရာ မြို့တော်ဖွင့်လှစ်


တောင် ကိုရီးယား အစိုးရက မြို့တော် ဆိုးလ် ၏ တောင်ဘက်တွင် ဝန်ကြီး ဌာနများ  ရုံးစိုက်ရာ မြို့တော် စီဂျောင်အား ဇူလိုင်လ ၂ ရက်က ဖွင့်လှစ်ခဲ့သည်။ ဆိုးလ် မြို့တော် ၏ တောင်ဘက် ကီလိုမီတာ ၁၂ဝ အကွာအဝေး တွင်ရှိသော စီဂျောင်မြို့အား နိုင်ငံ ၏ ဝန်ကြီးဌာနများရုံးစိုက်ရာမြို့ အ ဖြစ်သတ်မှတ် တည်ဆောက်ခဲ့ပြီး ယခုအခါ နိုင်ငံ၏ မြို့တော်အသစ် အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အစိုးရရုံးများအား တစ်နေရာ တည်းတွင်စုဝေးထားခြင်းဖြင့်လုပ်ငန်း ကိစ္စများကို ပိုမိုသွက်လက်စွာ၊ စွမ်း ဆောင်ရည်ပြည့် ဝစွာ ထမ်းဆောင်နိုင် စေရန်ရည်ရွယ်ထားခြင်းဟုသိရသည်။ စီဂျောင်မြို့အား တောင်ကို ရီးယားမြို့တော်သစ်အဖြစ် ၂ဝဝ၂ ခုနှစ်ကတည်းကစတင်ရန်ရည်ရွယ် ထားသော်လည်း လွှတ်တော်တရား ရုံးချုပ်က ငြင်းဆိုထားသဖြင့် ၂ဝဝ၄ ခုနှစ်တွင်မှ စတင်တည်ဆောက်နိုင် ခဲ့သည်။ အနည်းဆုံးအားဖြင့် အစိုးရ အေဂျင်စီ ၃၆ ခုနှင့် ရုံးများအား ၂ဝ၁၅ တွင်အပြီးပြောင်းရွှေ့ရန် စီစဉ် ထားပြီး မကြာမီနှစ်များအတွင်း နိုင်ငံ့ ဝန်ထမ်းများကိုလည်း ပြောင်းရွှေ့စေ မည်ဟု သိရသည်။ သို့ရာတွင် သမ္မတရုံးနှင့် ကာ ကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ကဲ့သို့သော အဓိက ဝန်ကြီးဌာနများမှာ ဆိုးလ်မြို့တွင် သာ အခြေစိုက်ကျန်ရစ်မည်ဟု သိရ သည်။
”ဗဟိုအစိုးရ အဖွဲ့ကို နေရာ ခွဲထားရင် စွမ်းဆောင်ရည်တွေ လျော့ကျသွားတတ်တာကြောင့် ယခုလို စီစဉ်ရခြင်း ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် Kim Hwang-Sik က AFP သတင်းဌာနသို့ ပြောသည်။ထို့အပြင် မြို့တော်သစ်မှာ မြောက်ကိုးရီးယားနယ်စပ်နှင့်လည်း အလှမ်းဝေးသဖြင့် ပိုမိုစိတ်ချလုံခြုံ သည့် နေရာဟု ရှုမြင်ရသည်။
ကျော်ရဲလင်း Ref:BBC
Popular News
Share this article :

1 comments:

Unknown said...

ဖတ်သွားတယ် အကိုရေ...:-)

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map