<div style='background-color: none transparent;'></div>

Home » » ပိုက်လုံးများတင်ဆောင်လာသည့် ယာဉ်တစ်စီး ဘီအမ်ခရီးသည်တင်ယာဉ်အား ရှောင်တိမ်းရာ လမ်းဘေးရှိဓာတ်တိုင်နှင့် စားသောက်ဆိုင်ငယ်အားတိုက်မိ

ပိုက်လုံးများတင်ဆောင်လာသည့် ယာဉ်တစ်စီး ဘီအမ်ခရီးသည်တင်ယာဉ်အား ရှောင်တိမ်းရာ လမ်းဘေးရှိဓာတ်တိုင်နှင့် စားသောက်ဆိုင်ငယ်အားတိုက်မိ


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊မောင်းမကန်ကမ်း သာလမ်းပေါ်တွင် ဇူလိုင်လ ၈ ရက် နေ့နံနက် ၉နာရီ ၃၀မိနစ်အချိန် ခန့်က သဘာဝဓာတ်ငွေ့လိုင်းသွယ် ပိုက်လုံးများတင်ဆောင်လာသည့် ယာဉ်တစ်စီးသည် တစ်ဖက်လမ်း မှလမ်းကြောမှားဝင်ရောက်လာသည့် ခရီးသည်တင်ယာဉ် ဘီအမ်တစ်စီး အားရှောင်တိမ်းရာ လမ်းဘေးရှိ ဓာတ်တိုင်နှင့်စားသောက်ဆိုင်ငယ် အား ၀င်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ် မှဇီးကုန်းသို့ ပို့ဆောင်ရန်ပိုက်လုံး များ တင်ဆောင်လာသောယာဉ်မှာ တောင်ဒဂုံမြို့နယ်၊မောင်းမကန် ကမ်းသာလမ်းရှိ အမှတ်(၀၃၈) သ ဘာဝဓာတ်ငွေ့ဆိုင်ရှေ့ အရောက် တွင် လမ်းပြောင်းပြန်မောင်းနှင် လာသော ဘီအမ်ခရီးသည်တင် ယာဉ်အား ရှောင်တိမ်းရာ လမ်းဘေး ရှိဓာတ်တိုင်နှင့်ထမင်းကြော်ရောင်း သည့် ဆိုင်အားဝင်တိုက်မိခြင်းဖြစ် သည်။
ယင်းဖြစ်စဉ်ကြောင့် ဓာတ်တိုင် တစ်တိုင်နှင့် လမ်းဘေးစားသောက် ဆိုင်ငယ်တစ်ဆိုင် ပျက်စီးခဲ့ပြီး လူ သေဆုံးမှု မရှိကြောင်းနှင့်ပိုက်လုံး တင်ကား၏ ခေါင်းပိုင်းပျက်စီးမှု များဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
"ဘီအမ်ကားကလမ်းပြောင်း ပြန်မောင်းတာ။အဲဒါပိုက်လုံး တင်တဲ့ ကားကရှောင်လိုက်တာပါ။ထမင်းကြော်ဆိုင်မှာစားတဲ့သူတွေ မရှိတော့လို့တော်သေးတယ်။ပ စ္စည်းတွေသိမ်းပြီးနေပြီ။မျက်နှာ ချင်းဆိုင်တိုက်မိရင်ခရီးသည်တွေ သေတာမျိုးဖြစ်နိုင်တယ်။ဒါတောင် ဘီအမ်ကားကပိုက်လုံးတင်တဲ့ ကားနောက်ပိုင်းကိုတိုက်မိသေး တယ်"ဟုအနီးရှိ ကွမ်းယာရောင်းသူ အမျိုးသမီးက ပြောပြပါသည်။
ခရီးသည်တင်ဘီအမ်ကားမှ ကားမောင်းသူမှာထွက်ပြေးတိမ်း ရှောင်သွားသည်ဟုသိရပြီးယင်း ဖြစ်စဉ်ကြောင့်တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက်ရှိလမ်းသွယ်အချို့ဓာတ်အား ပျက်တောက်မှုဖြစ်ပေါ်ခဲ့ကြောင်းသိ ရသည်။
eleven media group
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map