<div style='background-color: none transparent;'></div>

Home » » အမျိုးသမီးတစ်ဦးနားကပ် အလုခံရပြီး ပလာယာဖြင့် ဦးခေါင်းအား အထုခံရ

အမျိုးသမီးတစ်ဦးနားကပ် အလုခံရပြီး ပလာယာဖြင့် ဦးခေါင်းအား အထုခံရ

နားကပ်လုခံရသူ အမျိုးသမီးတစ်ဦးအား အသင့်ပါလာသောပလာယာဖြင့် ဦးခေါင်းအား အထု ခံရမှုဖြစ်စဉ် မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် ဒေါ်… (၅၃ နှစ်) တိုက်(၁) အခန်း(-) ဆီသန့်ဝန်ထမ်းအိမ်ရာ (၃)ရပ်ကွက် မရမ်းကုန်းမြို့နယ်နေသူသည် နေအိမ်မှခ၀ဲခြံရှိ ဖိနပ်စက်ရုံသို့ သွားရန် ထွက်လာစဉ် ဆီသန့်ဝန်ထမ်းအိမ်ရာ လမ်းထိပ်အနီးအရောက်၌ ကိုကို(ခ) ကိုလင်း(၂၇ နှစ်) ကျဘမ်း ရွာမအနောက်ရပ်ကွက် အင်းစိန်မြို့နယ်နေသူသည်
နောက်မှ လိုက်လာကြောင်း သိရသည်။ လိုက်လာပြီး ပုခုံးနှစ်ဖက်အား ကိုင်ကာလမ်းဘေးအုတ်တံတိုင်းသို့ ကပ်ခိုင်း၍ နားနှစ်ဖက်ရှိ နီလာကျောက်ပါ နားကပ်တစ်ရန်အား ဆွဲဖြုတ်စဉ် ၀ဲဘက်နားရှိ နားကပ်တစ်ဖက် တန်ဖိုး(၁၂၀၀၀၀ိ/) ခန့်မှာပါရှိသွားပြီး ကိုကို(ခ) ကိုလင်းက အသင့်ပါလာသော ပလာယာဖြင့် ဦးခေါင်းအားထု၍ ဒေါ်.. မှာ ၀ဲမျက်ခုံးအထက်ပေါက်ပြဲ ဒဏ်ရာရ ရှိကာ အင်းစိန်ဆေးရုံ၌ ဆေးကုသခဲ့ရကြောင်းသိရသည်။ ဘုရင့်နောင်ရဲစခန်း(ပ)၄၀၉/၁၂ ဖြင့် အမှုဖွင့်ပြီး တရားခံအား ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map