ကျွန်မ၇ဲ့ သူငယ်ချင်းဖြစ်သူ လင်မယားမှာ စလုံးတွင် spass ဖြင့် အလုပ်လုပ်ကိုင်နေပါသည် ငွေကြေးအနည်းငယ် နှောင်ေ၇းအတွက် စုဆောင်းမိသောအခါ ကလေး စတင်ယူခဲ့ကြပါသည် သူငယ်ချင်းမှာ ယခု အလုပ်တွင် လွန်ခဲ့သော ၄ နှစ်ကတည်းက spass ဖြင့် လုပ်ကိုင်ခဲ့ပါသည်
ဒီနှစ် သူငယ်ချင်းတွင် ကိုယ်ဝန်၇ှိလာသောအခါ အလုပ်၇ှင်မှ မီးဖွားခွင့် ၂ လပေး မည်ဟု ပြောခဲ့ပါသည်
ကိုယ်ဝန်၆ လကျော်လာသောအခါ အလုပ်၇ှင်မှ သူငယ်ချင်းဖြစ်သူအား အလုပ်ထွက်အောင် နည်းမျိုးစုံဖြင့် ဖိအားပေးခဲ့ပါသည် သူငယ်ချင်းဖြစ်သူမှာလဲ ကလေးနှောင်ေ၇းနှင့် မိသားစု အေ၇းမို့ အလုပ်ထွက်ချင်သော်လဲ မထွက်ခဲ့ဘဲ နှောင်လာမဲ့ ၇င်သွေးလေးအတွက်ဟု အားတင်းကာ အလုပ်ဆက်လုပ်ခဲ့ပါသည် တစ်ခါတရံ အလုပ်၇ှင်၇ဲ့ အလုပ်ထွက်၇န်ဖိအားပေးမှု့တွေကို ကျွန်မဆီမှာ ခံစားမှုတွေကိုပြောပြပြီး သူငယ်ချင်း ငိုခဲ့၇ပေါင်းလဲများပါသည် သူငယ်ချင်းဖြစ်သူ ကိုယ်ဝန် ၇ လကျော်သောအခါ ၇န်ကုန်ခဏပြန်၇န် လစာမဲ့ ဖြင့် ခွင့် ၃ ပတ် အလုပ်၇ှင်ထံ တင်သောအခါတွင် အလုပ်၇ှင်မှ သူငယ်ချင်းအား အလုပ်ထွက်ခိုင်းခဲ့ပါသည် သူငယ်ချင်းဖြစ်သူမှာလဲ အလုပ်ထွက်စာတင်ခဲ့ရပါသည် အလုပ်၇ှင်မှ သူငယ်ချင်းဖြစ်သူ ကိုယ်ဝန်သည်အား အလုပ်များ ခိုင်းခဲ့ပြီး ကိုယ်ဝန် ၆လကျော်မှ စပြီး အလုပ်ထွက်အောင်နည်းမျိုးစုံသုံးခဲ့ ပြီး ကိုယ်ဝန် ၇ လကျော်သောအခါ သူငယ်ချင်းဖြစ်သူက လစာမဲ့ ခွင့်တင်မှုကို အကြောင်းပြပြီး အလုပ်ထုတ်ခဲ့ပါသည် အလုပ်၇ှင်မှ ကိုယ်ဝန်သည်အား မီးဖွားပြီးလျင် ကိုယ်ဝန်သည်အား လစာဖြင့် ခွင့် ၂လ မပေးချင်သောကြောင့်လုပ်ချင်းဖြစ်ပါသည် ကျွန်မ ကြားဖူးသည်မှာ MOM ကို မေးဖြင့်တိုင်းကြားလို့၇သည်ဟု ကြားဖုးပါသည် ဘယ်ကနေစပြီး ဘယ် ၀တ်ဆိုဒ်ကို ပို့၇မှန်းမသိဖြစ်နေပါသည် သိသော မြန်မာ မောင်နှမများ ကျွန်မ၇ဲ့ သူငယ်ချင်းဖြစ်သူအား ကူညီလမ်းပြပေးစေချင်ပါသည် သူငယ်ချင်းအလုပ်ထွက်၇လဲ ၇ပိုင်ခွင့် ၇ှိသည့် မီးဖွားခွင့် လစာနှစ်လ စာကို ၇စေချင်ပါသည် သိသောသူများ မည်သို့လုပ်ဆောင်၇မည်ကို ပြောပြပေးစေချင်ပါသည် http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:323520


1 comments:
မြန်မာတွေလဲ တိုင်းတပါးမှာ တော်တော်လေး အနိုင်ကျင့်ခံနေရပါလားဗျာ
စိတ်မကောင်းလိုက်တာ
Post a Comment