<div style='background-color: none transparent;'></div>

Home » » စင်္ကာပူ က ငွေလှမ်း ကူတဲ့မုံ၇ွာမြို့ ရဲ့ တစ်ဦးတည်းသော အမျိုး သမီး ဆိုက်ကား နင်းသူ

စင်္ကာပူ က ငွေလှမ်း ကူတဲ့မုံ၇ွာမြို့ ရဲ့ တစ်ဦးတည်းသော အမျိုး သမီး ဆိုက်ကား နင်းသူ


နန္ဒဝန်ရပ်ကွက်က အမျိုးသမီး ကို facebook ပေါ် မှာ သု့ ဘဝ ရုန်းကန် ရတဲ့ 
ဘဝ တစ်စိတ် တပိုင်း ကို တင်ပေးလိုက်တာ.....စင်္ကာပူ မှာ အလုပ် လုပ်နေတဲ့  မြန်မာ အမျိုးသားတစ်ဦးနဲ့  သူငယ်ချင်းတွေ က သနားလို့  ဆိုပြီး မုံရွာမှာရှိတဲ့  ကျတော့် မိတ်ဆွေ ကို
ဆက်သွယ်ပြီး ငွေ ၂ သိန်းခွဲ ကူလိုက်တာ ဒီနေ့ ဇူလိုင် ၉ ရက် မနက် ၉ နာ ရီ မှာ ငွေပေးအပ်ခဲ့ပါတယ်။

ပေးအပ်တာ ကို မုံရွာ ရန်ကင်းရပ် ကိုလှ မိုး နေအိမ် မှာ ဖေ့ ဘုတ်တင်သူ ကို မုံရွာမောင်၊ကိုလှ မိုးနဲ့ 
ကျတော် တို့  သုံးဦး တို့ ရှေ့ မှာ ပေးအပ်ခဲ့ ပါတယ်။သူ့ ခမျာ ဝမ်းသာလွန်းလို့ မျက်ရည်ကျနေ မိပါတယ်။
စင်္ကာပူ က ငွေလှမ်း ကူတဲ့  ကိုဝင်းထွဋ် နဲ့  သူငယ်ချင်း တွေ ၊ဖေ့ ဘုတ်တင်ပေး သူ ကိုမုံရွာမောင်၊ကြားထဲ က ဆက်သွယ်ပေးတဲ့  ကို လှမိုး တို့  ကို ဆိုက်ကားသမီး ကိုယ်စားကျေးဇူးတင်ကြောင်း ကျတော် ကပြောပြလိုက်ပါတယ်။
(အမျိုးသမီး ခင်ပွန်း ဆိုက်ကားသမား က ဆုံးပြီး ၉တန်း၊၁ တန်း၊သူငယ်တန်း ကလေး ၃ယောက်နဲ့ 
အိမ်ခန်းလေး တစ်ခုမှာ အိမ်လ ခ တစ်သောင်းကျော် ကို ဆိုက်ကားနင်း ရင်း ရုန်းကန်နေတဲ့ အမျိုး
သမီး ဖြစ်ပါတယ်။)



Share this article :

1 comments:

khin said...

ပီတိဖြစ်ပြီး ၀မ်းသာ သာဓုခေါ်မိ ပါတယ်။

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map