<div style='background-color: none transparent;'></div>

Home » » ဂျက်စတင်ဘီဘာစုံတွဲ လမ်းခွဲမည့်သတင်းများ ထွက်ပေါ်

ဂျက်စတင်ဘီဘာစုံတွဲ လမ်းခွဲမည့်သတင်းများ ထွက်ပေါ်


အက်ရှ်လေ တစ်ဒေးလ်၏ မွေးနေ့ပွဲကို ပြီးခဲ့သည့် သီတင်းပတ်က တက်ရောက်စဉ် အသက်(၁၉)နှစ်အရွယ် ဆလီနာသည် သူမ၏ ချစ်သူကြောင့် စိတ်ဆိုး ဒေါသထွက်ကာ ငိုကြွေးနေခဲ့ကြောင်း မျက်မြင် အချို့က People မဂ္ဂဇင်းသို့ ပြောကြားခဲ့ ဂျက်စတင်ဘီဘာနှင့် ဆလီနာ ဂိုမက်ဇ်တို့ကြား ပြဿနာအချို့ ရှိနေပြီး လမ်းခွဲမည့် အခြေအနေထိ ဦးတည်နိုင်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အက်ရှ်လေ တစ်ဒေးလ်၏ မွေးနေ့ပွဲကို ပြီးခဲ့သည့် သီတင်းပတ်က တက်ရောက်စဉ် အသက်(၁၉)နှစ်အရွယ် ဆလီနာသည် သူမ၏ ချစ်သူကြောင့် စိတ်ဆိုး ဒေါသထွက်ကာ ငိုကြွေးနေခဲ့ကြောင်း မျက်မြင် အချို့က People မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
သတင်းဓာတ်ပုံ အများအပြားတွင်မူ Love You Like a Love Song အဆိုတော် ဆလီနာသည် ပျော်ရွှင်နေဟန်ဖြင့် အပြုံးပန်း ဝေနေသော်လည်း သူမနှင့် ဘီဘာတို့ကြား ပြဿနာအချို့ ဖြစ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သူမသည် အဆိုပါ မွေးနေ့တွင် ဘီဘာ၏ သူငယ်ချင်း တစ်ဦးဖြစ်သော အယ်လ်ဖရက်ဒို ဖလိုရက်စ်နှင့်လည်း နီးနီးကပ်ကပ် ရှိနေခဲ့သည်။ 
 လတ်တလောတွင် ဘီဘာနှင့် ဆလီနာတို့ တွဲနေသော်လည်း ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးသည် အေးစက် တင်းမာနေကြောင်းလည်း အတွင်းအလူ အချို့က ဆိုသည်။ သို့သော်လည်း ဆလီနာနှင့် ဘီဘာတို့၏ လမ်းခွဲမှု ကောလဟာလများသည် ယခင်ကလည်း ထွက်ပေါ်ခဲ့ဖူးပြီး ဩဂုတ်လက နာမည်ကျော် လူငယ်စုံတွဲ ပြတ်စဲပြီဟု သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း မေလတွင်မူ ဆလီနာနှင့် ဘီဘာတို့သည် မိသားစုချင်း တွေ့ဆုံခဲ့သလို ရဟတ်ယာဉ်စီး ခရီးတစ်ခု အတူထွက်ခဲ့ကာ နှစ်ဦး အားလပ်ရက်များတွင် တွေ့ဆုံဖြစ်ခဲ့ကြသည်။ ယခုနောက်ဆုံး ထွက်ပေါ်လာသည့် သတင်းနှင့် ပတ်သက်ပြီးမူ နာမည်ကျော် လူငယ်ဂီတကြယ်ပွင့် စုံတွဲက မည်သည့် မှတ်ချက်မျှ မပြုလုပ်သေးဟုလည်း သိရှိရသည်။
Source: People
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map