<div style='background-color: none transparent;'></div>

Home » » "၀မ်းနည်းကြေကွဲစရာအချစ်ဇာတ်လမ်းလေးပါ"

"၀မ်းနည်းကြေကွဲစရာအချစ်ဇာတ်လမ်းလေးပါ"


ကောင်လေးတစ်ယောက်က သူ့ချစ်သူကောင်မလေးဆီက မက်ဆေ့တွေ ၀င်လာတာကိုညည်းငွေ့နေတယ် ။ နေ့တိုင်းနေ့တိုင်းပဲ “ နင့်ကို ငါအရမ်းချစ်တယ် ” “ နင့်ကို ငါလွမ်းတယ် ” တဲ့ မက်ဆေ့တွေကြောင့် သူ့စိတ်ထဲ ရိုးပြီးညည်းငွေ့သလိုဖြစ်လာတယ် ။

တစ်ညမှာတော့ ကောင်မလေးဆီက လာတဲ့ မက်ဆေ့ကို သူ မဖတ်ခဲ့ပဲ အိပ်ရာဝင်ခဲ့တယ် ။


နောက်တစ်ရက်မှာတော့ ကောင်မလေး အမေဆီကနေ ဖုန်းဝင်လာခဲ့တယ် ။ ကောင်မလေး ညက ကားတိုက်မှုဖြစ်ပြီး အဲဒီညတွင်းချင်းပဲ သေဆုံးသွားခဲ့ပြီတဲ့ ။


သူ ၀မ်းနည်းယူကြုံးမရဖြစ်ပြီး ကောင်မလေးညက ပေးတဲ့မက်ဆေ့ကို သွားဖတ်ကြည့်မိတော့


“ အချစ် ကျေးဇူးပြုပြီး အိမ်ရှေ့ကို ခဏထွက်လာခဲ့ပါ ငါ နင့်အိမ်ရှေ့မှာ ကားတိုက်မှုဖြစ်လို့ - - အခု ငါ့ရဲ့ နောက်ဆုံးအချိန်လေးမှာ နင့်ကို တွေ့ချင်ပါတယ် ကျေးဇူးပြုပြီး ငါ့ကို လာတွေ့ပါ နော် - - - ”


@@@@@@@@@@@@@@@@@@@


“ ကိုယ့်ချစ်သူပြောတဲ့စကား တစ်ခွန်း မက်ဆေ့တစ်စောင်ကို ဘယ်တော့မှ လစ်လျှုမရှုမိပါစေနဲ့ ”

by.သက်တန့်ချို

(ဖေ.ဘုတ်ခ်မှာဖတ်ပြီးအရမ်းစိတ်ထဲမှာသဘောကျမိလိုကူးယူဖော်ပြခြင်းပါ)


တကယ်စိတ်မကောင်းစရာအဖြစ်လေးပဲနော်..။အမြဲလိုဆိုတော.ချစ်သူတစ်ယောက်ရဲ.အပြုမူကတစ်ဖက်

သားဘာမှမထူးခြားခဲ.ပေမယ်.တကယ်တန်းသူ.ဘ၀တွက်လိုအပ်လာချိန်မှာအနားမှာမရှိတဲ.အခါ
နောင်တနဲ.အတူစိတ်ကြေကွဲဝမ်းနည်းမူကိုခံစားလာတတ်ရတယ်။ချစ်သူတစ်ယောက်ရဲ.အမြဲ."ချစ်တယ်"
ဆိုတဲ.စကားလေးတခွန်းကသင်.အတွက်အမြဲလိုမအေးမြနိုင်တောင်မကြားနိုင်တော.တဲ.ခါဆိုသင်.ရင်ထဲ
မှာပူလောင်နေတတ်တယ်ဆိုတာရောသတိထားမိရဲ.လားဟင်။ကြုံဖူးရဲ.လား.။နေ.စဉ်မက်ဆေ.အစောင်
တစ်ဆယ်မကပို.နေပေမယ်.တရက်လောက်မက်ဆေ.စ်ဗလာဖြစ်နေတဲ.သင်.ဖုန်းလေးကိုကြည်.ရင်း
လွမ်းဆွေးသတိရမူကိုရောခံစားရဖူးလား...။ဆိုလိုချင်တာကတော.အချစ်ဆိုတာအရမ်းနီးကပ်လွန်းခဲ.ရင်
လည်းသိပ်သတိမထားမိတတ်ကြပါဘူး.အရမ်းချစ်လွန်းနီးလွန်းနေလို.လေ။ဒါ.ကြောင်.သင်.ချစ်သူရဲ.
စကားတခွန်းမက်ဆေ.စ်တစ်စောင်ကိုဘယ်တော.မှပေါ.တန်တန်မတွေးပဲတော.မနေကြပါနဲ.နော်။
ချစ်သူရဲ.စကားတခွန်းမက်ဆေ.စ်တစ်စောင်ကိုအလေးနက်ထားရင်းသူကိုချစ်တယ်ဆိုတာကိုသက်သေပြ
နိုင်ကြပါစေ..............။

"လွမ်းခြင်း....ဆွေးခြင်း....နောင်တ...တို.နဲ.မသက်ဆိုင်သောချစ်သူဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ"




ချစ်ခင်လေးစားလျက်

 http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:5420649
Share this article :

1 comments:

3rdthameetaw said...

ဟုတ်တယ်..အနားမှာရှိတဲ့အချိန် တန်ဖိုးမထားတတ် ခဲ့ဘူး..
ဝေးသွားပြီဆိုမှ အရမ်းပဲခံစားရတယ်..နာကျင်ရတယ်...

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map