<div style='background-color: none transparent;'></div>

Home » » ဂျက်ကီချန်း ရန်ကုန်မြို့ ကို ရောက်ရှိလာ(သတင်း/ဓာတ်ပုံ)

ဂျက်ကီချန်း ရန်ကုန်မြို့ ကို ရောက်ရှိလာ(သတင်း/ဓာတ်ပုံ)


UNICEF သံတမန် နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် ယနေ့နံနက် ၁၁ နာရီတွင် ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ်ရှိ ရွှေကျင်ဓမ္မရုံတွင် ရတနာ့မေတ္တာအဖွဲ့မှ စောင့်ရှောက်ထားသော ကလေးငယ်များ၊ အဖွဲ့တာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် တွေ့ဆုံခဲ့သည်။

 မိနစ် ၄၀ ၀န်းကျင် တွေ့ဆုံပြီးနောက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ကုန်သည်ကြီးများဟိုတယ်သို့ ခေတ္တအနားယူရန် ပြန်လည်ထွက်ခွာသွားသည်။ ဂျက်ကီချန်းသည် ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့ ဆီဒိုးနားဟိုတယ်မှ တံတားဦးလေဆိပ်သို့ ထွက်ခွာပြီး မန္တလေးမှ ရန်ကုန်သို့ ကိုယ်ပိုင်လေယာဉ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။
 7 days news journal
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map