<div style='background-color: none transparent;'></div>

Home » » မောင်တောမြို့နယ် ကျေးရွာများ လုံခြုံရေးအရ စိုးရိမ်နေရဆဲ

မောင်တောမြို့နယ် ကျေးရွာများ လုံခြုံရေးအရ စိုးရိမ်နေရဆဲ


Arakan Times, 10June 2012 (02:57  p.m )    —-  ကျေးရွာများအတွက် လုံခြုံရေးမပေးနိုင်သေးသောကြောင့် မောင်တောမြို့နယ်မှ ကျေးရွာနေပြည်သူ များအား မောင်တောမြို့ထဲသို့ ပြောင်းရွှေ့ပေးနေရပြီး တစ်ချို့မှာ တောတောင်ထဲတွင် ပုန်းအောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။
အခု ကျနော်တို့ လေးမိုင်ဘက်ကိုသွားနေတာ၊ အဲဒီမှာရှိနေတဲ့ ကျေးရွာတွေက လူပေါင်း ၂၀၀၀ကျော်လောက်ကို မောင်တောမြို့ထဲမှာရှိတဲ့ အ.ထ.က(၁) အထက်တန်းကျောင်းနဲ့ တစ်ခြား နေရာတွေမှာ ခွဲပြီး နေရာချထားမှာပါ၊
အခု ထွက်ပြေးလာကြတဲ့ သူတွေအတွက် ထမင်းထုတ်တွေ ဝေဖို့လည်း ပြင်ဆင်နေကြပါတယ်၊ မောင်တောမြို့ထဲမှာတော့ ဒုက္ခသည်ပေါင်း ၄၀၀၀ကျော်၊ ၅၀၀၀လောက်ရှိပါတယ်၊ တောထဲမှာလည်း ဆရာမ ၅ဦး ပုန်းအောင်းနေရတယ် အဲဒီနေရာကိုလည်း ကျနော်တို့ သွားရောက်ပြီး ကယ်ထုတ်မှာဖြစ်ပါတယ်” ဟု ကျေးရွာများမှ ပြည်သူများကို ကူညီရန်သွားရောက်နေသော မောင်တော ဒေသခံတစ်ဦးက ပြောပြသည်။
အခုလို ကယ်ဆယ်ဖို့သွားလာနေကြသော လမ်းများတွင်လည်း မူဆလင်ကုလားများက ကျောက်ခဲများဖြင့် လှမ်းပေါက်ခြင်း၊ လေးခွများဖြင့် လှမ်းပစ်ခြင်းများရှိနေကြောင်း သိရှိရသည်။
ယနေ့ ဇွန်လ ၁၀ရက်နေ့တွင် မောင်တောနဲ့ စစ်တွေမြို့များအတွက် ရဲနှင့် စစ်အင်အားများ ထပ်မံပို့ပေးဖို့လည်း အစီစဉ်ရှိကြောင်းလည်းသိရှိသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map