<div style='background-color: none transparent;'></div>

Home » » စစ်တွေတွင်ဘင်္ဂါလီများက နေအိမ်များမီးရှို့

စစ်တွေတွင်ဘင်္ဂါလီများက နေအိမ်များမီးရှို့

(photo - Arakan info Bulletin)
7Day News Journal, 10June 2012 —-  ရန်ကုန်၊ဇွန်-၁၀
စစ်တွေမြို့ပြင်ရှိ ဘုမေရွာတွင် ယနေ့နံနက် ၃နာရီခန့်ကဘင်္ဂါလီလူမျိုးများ၏ ရှို့မီးကြောင့် အိမ်ခြေ ၅၀ခန့်မီးလောင် ကျွမ်းခဲ့ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ယနေ့မနက်ပိုင်းတွင်ပြောကြားသည်။
“ဘင်္ဂါဘီရွာနဲ့အနီးဆုံးက ရခိုင်အိမ်ကိုကုလားက စပြီးမီးရှို့တာ။ မီးသတ်ကားလည်းမလာရဲတော့ ဒီဘက်ကို ရှို့တာ သူတို့ဘက်ကိုပြန်လောင်ပြီး အိမ်ခြေ၅၀လောက်နဲ့ ဗလီလည်း မီးထဲပါသွားတယ်။
ဒီဘက်က ရခိုင်တွေဘက်က သည်းခံနိုင်တဲ့ အနေအထားကုန်နေကြပြီ”ဟု ဦးအောင်မြကျော်ကပြောသည်။
မီးလောင်နေသော်လည်း မီးသတ်ဝန်ထမ်းများက ၄င်းတို့၏လုံခြုံရေးအခြေအနေစိုးရိမ်ရသောနယ်မြေဖြစ်ခြင်းကြောင့် ညတွင်းချင်းသွားရောက်ငြိမ်းသတ်နိုင်ခြင်းမရှိဘဲ၊ ယနေ့မနက်မှသာ လုံခြုံရေးကားလိုက်ပါခြံရံကာ သွားရောက်ငြိမ်းသတ်ခဲ့ ကြောင်း အထက်ပါပုဂ္ဂိုလ်ကဆက်ပြောသည်။
ထို့ပြင် ယခု နေ့လည် ၁နာရီဝန်းကျင်တွင်ရရှိသည့်သတင်းအရ ဘင်္ဂါလီအများစုသည် စက်လှေများနှင့် ကုလား တန်မြစ်ကြောင်း အတိုင်းထွက်ခွာပြေးနေကြောင်း စစ်တွေမြို့ခံများက ပြောသည်။
“ဒီနေ့တော်တော်ဆိုတယ်။ စစ်မြေပြင်လိုဖြစ်နေပြီ။ ကုလားတွေနေတဲ့ ရွှေဗြားရွာမှာဆိုရင် သူတို့အိမ်တွေကို သူတို့မီး ရှို့ပြီး စစ်လှေတွေနဲ့ထွက်ပြေးနေပြီ။ ရခိုင်နဲ့နီးတဲ့ အိမ်တွေကို မီးတိုက်ပစ်ခဲ့တယ်။ ရခိုင်တွေရှို့တယ်ဆိုတဲ့ပုံစံမျိုးလုပ်ပြီးတော့ ပါ။”ဟု စစ်တွေမြို့၊ဆင်ကူးလမ်းရပ်ကွက်၊စက်ရုံလမ်းမှ ဒေသခံရခိုင်အမျိုးသမီးကြီးတစ်ဦးကပြောသည်။
စစ်တွေမြို့တွင် လက်ရှိဖြစ်ပျက်နေသည့်အနေအထားအရ ရခိုင်လူမျိုးများနေထိုင်သည့် ရပ်ကွက်များတွင် အမျိုး သမီးရော၊အမျိုးသားများပါ တုတ်၊ဓားများ အပြည့်အစုံစုဆောင်းကာ ရပ်ကွက်လိုက် အဖွဲ့လိုက် အသီးသီး စောင့်ဆိုင်းလျှက် ရှိပြီး၊ ရခိုင်များဘက် မှ တုန့်ပြန်မှုကို မြို့မိမြို့ဖနှင့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ တာဝန်ရှိသူများက လိုက်လံဆောင် ရွက်နေကြောင်းသိရ သည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က “ကျွန်တော်တို့လည်း ဆက်မညှိနိုင်တော့ဘူး။ ဒီဘက်က ထိန်း နေတာကို အခွင့် ကောင်းယူပြီး ထိန်းမနိုင် သိမ်းမရဖြစ်လာတယ်။ မာရှယ်လောက ဒီညထုတ်ရမယ့်အနေအထားမျိုး ဖြစ်နေ တယ်။သူတို့ဘက်က ထိန်းနိုင်တဲ့ မော်လ၀ီ(ဗလီဆရာ)တွေက မထိန်းဘဲ မြှောက်ပေးတဲ့ သဘောမျိုးဖြစ်နေတယ်။ သူတို့ ဘက်က ရွာတွေမှာ စီမံကိန်းကျကျ ထိန်းပေးနေတဲ့အဖွဲ့ရှိနေတယ်လို့ တိတိကျကျပြောလို့ရတယ်။”ဟု ပြောသည်။
ထို့ပြင် စစ်တွေမြို့ပြင်မှ ဘင်္ဂါလီလူမျိုးများ မြို့တွင်းသို့ဝင်ရောက်မလာနိုင်အောင် သေနပ်ပစ်ဖောက်တားဆီးနေသော လုံခြုံရေးများကိုလည်း ၄င်းတို့က ပြက်ရယ်ပြုခြင်း၊ မဖွယ်မရာလုပ်ပြခြင်းများ ရှိနေကြောင်း မနေ့ညနေကဖြစ်ခဲ့သည့်အခြေအ နေကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“လုံခြုံရေးတွေက သေနပ်မိုးပေါ်ထောင်ဖောက်တာကို သရော်တာ၊ ပုဆိုးလှန်ပြတာတွေလုပ်တယ်။ သေရမှာ မကြောက်တဲ့ ပုံစံမျိုးဖြစ်နေကြတာ”ဟု ၄င်းကပြောသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map