Eleven Media Group
ရမ်းဗြဲမြို့နယ် ကျောက်နီမော်အုပ်စု သပြေချောင်ကျေးရွာနေ မသီတာထွေးအား မုဒိန်းကျင့် လူသတ် လုယက်မှုနှင့် ပတ်သက်သည့် အဓိက တရာခံတစ်ဦးဖြစ်သူ ထက်ထက် (ခ) ရော်ချီးမှာ ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ အကျဉ်းထောင်၌ မိမိဝတ်ထားသော လုံချည်အနားကို ဆုတ်ဖြဲကာ ကြိုးအဖြစ်ပြုလုပ်ပြီး မိမိကိုယ်ကို မိမိ အဆုံးစီရင်သွားကြောင်း သတင်းရရှိပါသည်။

ဇွန်လ ၁၀ ရက်(ယနေ့) နံနက် ၆ နာရီတွင် အဆိုပါတရားခံ ထက်ထက်၏ အလောင်းကို ရင်ခွဲရုံတွင် ခွဲစိတ်ခဲ့ကြောင်းနှင့် နံနက် ၉ နာရီတွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။(5:26)p.m
7Day News Journal
““ဘူးသီးတောင် မောင်တောတွင် ပစ်ခတ်မှုများဖြစ်နေသည့် သတင်းများ မမှန်ဟုဆို””

ဘူးသီးတောင်-မောင်တောမြို့များတွင် ပြန်လည်ငြိမ်သက်နေပြီဖြစ်ပြီး ပစ်ခတ်မှုများရှိနေသည်ဟူသည့်သတင်းမှာလည်း ကောလဟာလသာဖြစ်
ကြောင်းဘူးသီးတောင်အခြေစိုက်ဗျုဟာရှိ မြန်မာ့တပ်မတော်ဗိုလ်ကြီးတစ်ဦးက 7Day News သို့ပြောသည်။
မောင်တောမြို့တောင်ဖက်အလယ်သံကျော်ရွာတွင် သေနတ်ပစ်ခတ်မှုနှင့် မီးလောင်မှုများ မရှိသော်လည်း ယင်းရွာနှင့် နီးစပ်သော ရွာတချို့တွင် ယမန်နေ့ညကမီးလောင်မှုများကြောင့် မောင်တောကယ်ဆယ်ရေးစခန်းသို့ ဒုက္ခသည်များ ရောက်ရှိနေကြောင်းအလယ်သံကျော်ရွာမှ ဒေသခံတစ်ဦးက
ပြောသည်။(5:01)p.m

ညမထွက်ရအမိန့်ကို စစ်တွေမြို့အတွင်း လှည့်လည်ကြေညာနေသော မော်တော်ယာဉ်တစ်စီးကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ - ပန်းလမ်း(စစ်တွေ)
7Day News Journal
စစ်တွေမြို့၊ ပင်လယ်နှင့်နီးသည့် မြို့သူကြီးရပ်ကွက်တွင် ဘင်္ဂါလီလူမျိုး
နှစ်ဦးက မိမိနေအိမ်များကို မီးဖြင့်ရှို့ကာ ပင်လယ်အတွင်းသို့ လှေဖြင့်
ထွက်ပြေးရာ မြို့ခံများက လှေများဖြင့်လိုက်လံဖမ်းဆီးခဲ့ကြောင်း စစ်တွေမြို့
ရှိ 7Day News သတင်းထောက်က ပေးပို့သည်။(5:19)p.m

စစ်တွေမြို့ အရှေ့မြောက်ဘက် ကုလားတန်မြစ်နံဘေးရှိ ဘင်္ဂါလီရွာ
ဖြစ်သော တရားသီးစုရွာတွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရပါသည်။ အဆိုပါရွာကို ရွာတွင် နေထိုင်နေသော ဘဂါင်္လီတစ်ဦးကပင် မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးရှို့ခဲ့သူကို ဖမ်းဆီးရမိထားကြောင်း သိရပါသည်။
တရားသီးစုရွာတွင် နေထိုင်သူများမှာ ထွက်ပြေးသွားပြီးနောက် မီးလောင်ကျွမ်းမှု စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။(4:44)p.m

ကျောက်ဖြူမြို့ ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မြစ်နားတန်းရပ်ကွက် ကျွန်းသာယာ အစုရှိ ဘင်္ဂါလီများနှင့် ဒေသခံ ရခိုင်လူမျိုးများအကြား ဆန်ရောင်းဝယ်ရာမှ အချင်းများဖြစ်ပွားခဲရာ မြို့နယ်တည်ငြိမ်ရေး ပူးပေါင်းအဖွဲ့များနှင့် လုံထိန်းတပ်များက အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။(4:25)p.m

ညနေ ၃ နာရီ ၄၀ မိနစ် အချိန်က စစ်တွေမြို့တောင်ဘက်တွင် ရှိနေသော စစ်တွေဟိုတယ်အနီးမှ စံပြရွာကို ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးရှို့မှုကြောင့် အိမ်ခြေ တစ်ရာခန့်ရှိသော စံပြရွာရှိ အိမ်အများစုမှာ မီးလောက်ကျွမ်းခဲ့ကြောင်း သိရပါသည်။ စံပြရွာသည် စစ်တွေဟိုတယ်နှင့် ပေ ၁၀၀၀ ခန့် အကွာတွင် တည်ရှိပါသည်။(4:11)p.m

Popular Myanmar News Journal
နောက်ဆုံးရ သတင်း
ဇွန်လ ၁၀ ရက်နေ့ ၁၅၁၅ နာရီချိန်မှစ၍ စစ်တွေလေယာဉ်ကွင်း၊ စစ်တွေရထားလမ်း (၂၀)မိုင် တောက်လျှောက်အား တပ်မတော်မှ တပ်ရင်းများနှင့် လုံခြုံရေး ဆောင်ရွက်နေ ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။(3:55)p.m

ဘူးသီးတောင်မြို့နယ် မူကြိုကျောင်းတွင် ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်လှစ်လိုက်ပြီး အဆိုပါ စခန်းတွင် လူ ၈၀၀ ခန့်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။(3:50)p.m

စစ်တွေမြို့တွင် မီးလောင်မှု ငါးနေရာခန့်ဖြစ်ပွားပြီး စံပြရပ်ကွက်အတွင်း တချို့နေရာများတွင်ရခိုင်လူမျိုးများနှင့်ဘင်္ဂါလီလူမျိုးများထိပ်တိုက်တွေ့ဆုံကာရိုက်နှက်မှု တချို့ဖြစ်ပွားနေပြီး စစ်တွေဆေးရုံကြီးသို့တင်ပို့သည့် ဒဏ်ရာရသူ ငါးဦးအထက်ရှိနိုင်ကြောင်း စစ်တွေမြို့ရှိ 7Day News သတင်းထောက်ကပေးပို့သည်။(4:00)p.m
ယမန်နေ့ညမှ ယနေ့အထိ စစ်တွေမြို့တွင် ရခိုင်လူမျိုးသုံးဦး၊ ဘင်္ဂါလီလူမျိုး နှစ်ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ထံမှ သတင်းရရှိသည်။(4:01)p.m

စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ဒဏ်ရာရရှိသူ ရခိုင်လူမျိုး ရှစ်ဦး စစ်တွေဆေးရုံသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည့်အတွက် သွားရောက်စုံစမ်းရာ ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြောပိုင်ခွင့်မရှိကြောင်း Eleven Media Group သတင်းထောက်သို့ ပြောကြားခဲ့သည်။(3:35)p.m

0 comments:
Post a Comment