<div style='background-color: none transparent;'></div>

Home » » မန္တလေး – မူဆယ်လမ်းတွင် ကုန်ကားတစ်ီးထပ်မံ ဗုံးခွဲခံရ

မန္တလေး – မူဆယ်လမ်းတွင် ကုန်ကားတစ်ီးထပ်မံ ဗုံးခွဲခံရ

ကုန်တင်ကားတန်း

သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၄ရက်နေ့ မေလ ၂၀၁၂  —  မန္တလေးမြို့မှ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ဘက်သို့ ထွက်ခွာသည့် ကုန်တင်ကားတစ်စီးအား ယမန်နေ့ ည ၈ နာရီ ခွဲ ခန့်က ကွတ်ခိုင်မြို့နယ် ဟိုမုန်းရွာ တံတားအနီးတွင် အမည်မသိလက်နက်ကိုင် အဖွဲ့မှ ဗုံးခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည် ။

၎င်းလက်နက်ကိုင်များက ကုန်ကားအား ဗုံးခွဲပြီးနောက် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ယခုလို ပြောသည် ။
“မနေ့ညပိုင်း ၈ နာရီခွဲလောက်ပေါ့။ ကွတ်ခိုင်မြို့နယ် ဟိုမုံးရွာ တံတားနားမှာ ကုန်ကားတစ်စီးကို အရင် ဗုံးခွဲတာပေါ့နော်။ အဲဒါပြီးမှ မီးရှို့လိုက်တယ်။ သူတို့ တင်လာတာကတော့ ပဲပုတ်စေ့။ နမ့်အွန်မီးသတ်က ဒီနေ့မနက် ၇ နာရီလောက်မှာ ကား မီးငြိမ်းဖို့တဲ့ သွားကြတယ် ” ဟု သူက ဆိုသည် ။
ယခုလ ၁၉ ရက်နေ့ကလည်း ၄င်းနေရာအနီး၌ ကုန်ကားတစ်စီး ဗုံးခွဲခံခဲ့ရသေးရာ ယခု ဒုတိယအကြိမ် ထပ်မံ ကားဗုံးခွဲခံရ ခြင်း  ဖြစ်သည် ။
အဆိုပါဖျက်ဆီးခံလိုက်ရသည့် ကုန်ကားပိုင်ရှင်မှာ မန္တလေးမြို့မှ ဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ သူများ ထိခိုက်မှု ရှိမရှိ အတိအကျ မသိရပေ ။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map