<div style='background-color: none transparent;'></div>

Home » » အင်းလေးကန် အရှေ့တောင်ဘက်တွင် ဟိုတယ်ဇုန်အသစ် တည်ဆောက်မည်

အင်းလေးကန် အရှေ့တောင်ဘက်တွင် ဟိုတယ်ဇုန်အသစ် တည်ဆောက်မည်

အင်းလေးကန်အတွင်း လက်ရှိဖွင့်လှစ်ထားသော ဟိုတယ် တစ်လုံးကို တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်းအိအိထွေး
The Myanmar Times , 24May 2012  —- ကမ္ဘာလှည့်ခရီးသွားများအားဆွဲဆောင်ရာ အဓိကဒေသတစ်ခုဖြစ်သည့် ရှမ်း ပြည်နယ် အင်းလေးဒေသတွင် ဟိုတယ် ဇုန်အသစ်တစ်ခုကို တည်ဆောက်ရန် နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုလိုက်ပြီဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ယခုလ ၁၆ ရက်က မြန်မာတိုင်း(မ်)ကို ပြောသည်။

“အင်းလေးဒေသမှာ ဟိုတယ်ဇုန် အသစ်တည်ဆောက်ဖို့ကို သမ္မတရုံးက မနေ့က မေလ ၁၅ ရက်က ခွင့်ပြုလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ မြေနေရာ လျှောက်ထား မှုကို သက်ဆိုင်ရာပြည်နယ်အစိုးရက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနသို့ ကန့်ကွက်ရန် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ဝန်ကြီးဌာန၏ သဘောထားကို ပြည်နယ်အစိုးရက ပြည်ထောင်စု အစိုးရသို့ တင်ပြ၍ ဆုံးဖြတ်ချက်ချခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဟိုတယ်ဇုန်သစ်အတွက် ဧက ၂,၀၀၀ လျှောက်ထားခဲ့မှုကို စိစစ်၍ ဧက ၆၂၀ ကျော်ကို ဟိုတယ်ဇုန်သစ် အဖြစ် အင်းလေးကန်၏ ရေဝေရေလဲ ဒေသများ၊ ပတ်ဝန်းကျင်ကို မထိခိုက်စေရန် ကန်၏အရှေ့ဘက် တောင်ကုန်းပေါ် တွင် ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“ကန်ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကို မထိခိုက်စေတဲ့ နေရာမှာ ချထားပေး တာပါ” ဟု ၎င်းက ပြောသည်။
အင်းလေးကန်၏ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်စေမည့် ကန်ထဲတွင် ဟိုတယ်ဆောက်လုပ်မှုများကို ထပ်မံ ခွင့်ပြုတော့မည် မဟုတ်သော်လည်း လက်ရှိဟိုတယ် ၁၆ လုံးကိုမူ ဆက်လက် ခွင့်ပြုထားသည်ဟု ၎င်းက ပြောသည်။
“နောက်ထပ် အင်းလေးဒေသမှာ ဟိုတယ်သစ်ဆောက်ဖို့ ၁၆ လုံး လျှောက် ထားတာကို အခုဟိုတယ်ဇုန်သစ်မှာ ခွင့်ပြုလိုက်ပါတယ်” ဟု ၎င်းက ပြော သည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မသိရှိသေးကြောင်း မြန်မာတိုင်း(မ်)၏ မေးမြန်းချက်ကို ယခုလ ၁၇ ရက်က ပြန်လည်ဖြေကြားခဲ့သည်။
“ဒီကိစ္စ ကျွန်တော်တို့ဆီ စာမရောက် သေးပါဘူး” ဟု ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ဒုတိယရုံးအဖွဲ့မှူး ဦးမိုးဇော်ထွတ်က ပြောကြားခဲ့ပြီး ဟိုတယ်ဇုန်သစ်အတွက် မြေဧက ၂,၀၀၀ လျှောက်ထားမှုမှာ မှန်ကန်သည်ဟု အတည်ပြု ပြောကြားသည်။
ဖွံ့ဖြိုးလာနေသော ဟိုတယ်နှင့် ခရီး သွားကဏ္ဍအတွက် ဟိုတယ်များ၊ ဟိုတယ် အခန်းများ တိုးပွားလာစေရန်သာ ရည်ရွည်၍ ဟိုတယ်ဇုန်သစ်ကို တည်ဆောက်ခြင်းဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ၏ အမည်ပေါက်ဖြင့် မြေကွက်များ ရောင်းချခြင်းမဟုတ်ကြောင်း ၎င်းက ပြောသည်။
“မြေက ကျွန်တော်တို့ ဌာနအပိုင် မဟုတ်ဘူး။ မြေကွက်အတွက်ရမယ့် ပိုက်ဆံက နိုင်ငံတော်ဘဏ္ဍာထဲဝင် မလား၊ သက်ဆိုင်ရာ ပြည်နယ်ဘဏ္ဍာ ထဲဝင်မလား၊ ကျွန်တော် မသိပါဘူး” ဟု ၎င်းက ပြောသည်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map