<div style='background-color: none transparent;'></div>

Home » » လယ်သမားများတံစဉ်၊ စပါးနှံကိုင်ကာ မြို့တော်ခန်းမရှေ့ ဆန္ဒပြ

လယ်သမားများတံစဉ်၊ စပါးနှံကိုင်ကာ မြို့တော်ခန်းမရှေ့ ဆန္ဒပြ



ဧရာဝတီဘလော့ . ၂၃ရက်နေ့ မေလ ၂၀၁၂  —- ဒီကနေ့ညနေ ၆ နာရီခွဲအချိန် ရန်ကုန် မြို့တော်ခန်းမရှေ့မှာ တံဇဉ်နဲ့ စပါးနှံတွေကို ကိုင်ထားတဲ့ လယ်သမားတွေ စုဝေးနေကြပါတယ်။
မနေ့ ည ၇ နာရီဝန်းကျင်မှာ ဒီနေရာမှာပဲ လူဦးရေ ၁၀၀ ကျော် ဖယောင်းတိုင် မီးထွန်း ဆန္ဒပြခဲ့ပြီး ဒီကနေ့ တောင်သူလယ်သမားတွေကလဲ စပါးနှံကိုင် ဆန္ဒပြဖို့ ရောက်လာကြတာဖြစ်ပါတယ်။

အာဏာပိုင်တွေကလဲ သူတို့ကို ကားပေါ်က မဆင်းဖို့ တားမြစ်ခဲ့ပါတယ်။ စပါးနှံကိုင်ပြီး ဆန္ဒပြချင်ရင် လယ်ကွင်းထဲမှာ သွားပြပါလို့ ပြောဆိုပါတယ်။
ဖယောင်းတိုင်ကိုင်ပြီး ဆန္ဒပြခွင့် ရှိရင် စပါးနှံကိုင်ပြီး ဆန္ဒပြခွင့် ရှိပါတယ်လို့ လယ်သမားတွေဘက်က ပြောဆိုခဲ့ပါတယ်။
လယ်သမားအုပ်စုဟာ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာကနေ ကား ၆ စီး အပြည့်နဲ့ လာခဲ့ကြတာပါ။ ဆန္ဒပြဖို့ ခွင့်ပြချက် မရတာကြောင့် ၄ စီး ပြန်လွတ်လိုက်ကြောင်း သိရပါတယ်။
သူတို့ဟာ ၂၀၁၀ခုနှစ်က ဇေကမ္ဘာကုမ္ပဏီက လယ်ဧက ၈၀၀ ကျော်ကို မတရား သိမ်းယူခြင်း ခံခဲ့ရတဲ့ လယ်သမားတွေ ဖြစ်ပါတယ်။
သူတို့ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို လူတွေက သတိ မထားကြတာကြောင့် အခုလို လာရောက်ဆန္ဒပြရတာပါလို့ လယ်သမားတွေက ပြောပြပါတယ်။
လယ်သမားတွေကို မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဥက္ကဌ ဦးနေမျိုးဝေနဲ့ တွဲဖက် အတွင်းရေမှူး အောင်မျိုးဦးတို့ ဦးဆောင်ခဲ့တာလို့ သိရပါတယ်။
Share this article :

0 comments:

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map