ပြင်ဦးလွင်-မန္တလေး ခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် ကျပ် ငါးထောင် နှုန်းဖြင့် အိမ်အရောက်ပို့ဆောင်ပေးလျက်ရှိကြောင်းလည်း သိရသည်။
“တခြားမြို့တွေကို သွားမယ်ဆိုရင် ကားတွေအားလုံးက အဲကွန်း တွေတပ် ထားပြီး အဆင့်မြင့်ထားတယ်။
“အဲဒါတွေကြောင့် ပြင်ဦးလွင်-မန္တလေး အတွက်လည်း အခုလိုကားငယ်လေး တွေ ရှိသင့်တယ်ထင်လို့ သူငယ်ချင်းတွေနဲ့ ပေါင်းပြီးဖွင့်ဖြစ်သွားတာပါ”ဟု ချယ်ရီမြေကား အသင်းမှ ဥက္ကဋ္ဌ ဦးစည်သူတင်ဝင်းက မြန်မာတိုင်း(မ်) ကိုပြောသည်။ယခုလက်ရှိအချိန်တွင် ပြင်ဦးလွင်- မန္တလေးခရီးစဉ်အတွက် ကားသေး ၁၀ စီးဖြင့် စတင်ပြေးဆွဲပေးလျက်ရှိပြီး ဇွန်လကုန်ပိုင်းတွင် တိုးချဲ့ခရီးစဉ်အဖြစ် မိုးကုတ်နှင့် မိတ္တီလာခရီးစဉ်များကို လည်း ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment