
Yangon Media Group , 25May 2012 —- မြန်မာနိုင်ငံတွင် အော်တိုမတ်တစ်မော်တော် ကားလိုင်စင်များမကြာခင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စီးပွားကူသန်း ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်က ကုန်သွယ်စက်မှု အသင်းချုပ် (၂၁) ကြိမ်မြောက်နှစ်ပတ် လည် စုံညီ အစည်းအဝေး တွင် ပြောကြားလိုက်သည်။
လက်ရှိ တင်သွင်းလျှက်ရှိသောမော်တော် ကားများလိုင်စင်ရရှိရေးကိုလည်နေ့ချင်းပြီးဆောင် ရွက်ပေး လျှက်ရှိကြောင်း သိရသည်။
”မော်တော်ကားလိုင်စင်တွေ ကိုနေ့ချင်းပြီး ဆောင်ရွက်ပေးနေပါတယ်။လိုင်စင်စနစ်ဆိုတာနိုင်ငံ တာကာ မှာ မရှိတော့ပါဘူး။ လက်ရှိမြန်မာနိုင်ငံမှာ လည်း အော်တိုမတ်တစ်လိုင်စင်တွေ ကိုမကြာခင်မှာ စတင် တော့မှာဖြစ်ပါတယ်။အမြန်ဆုံး အကောင်အထည်ဖော်နိုင် အောင်ဆောင်ရွက်သွား မှာပါ”ဟု ပြည်ထောင်စု ဝန်ကြီး ဦးဝင်မြင့်က ပြောသည်။ထို့သိုမော်တော်ကား လိုင်စင်များအား အော်တိုမတ်တစ်စနစ်ပြောင်းလဲလိုက်ပါကမော်တော် ကားဝယ် ယူသူများ အနေနှင့် လိုင်စင်ဝင်ရောက်ရသော အခက်အခဲများ ရှိတော့မည်မဟုတ်ကြောင်း သိရ သည်။ ”ဒီစနစ်ကတော့အကောင်း လည်ရှိ သလို အဆိုးလည်ရှိနိုင်တယ်။ဘာဖြစ်လိုလည်ဆိုတော့တစ် နှစ်တစ်ခါ လိုင်စင်ဝင်တဲ့ အခါမှာကားရဲ့ ကြံ့ခိုင်မှုတွေကို မဖြစ်မနေစစ်ဆေး ဖြစ်တာပေါ့။ အိမ်စီးကားတွေ ကတော့ ပြသာနာ မရှိဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ လိုပြောရမှာ ပေါ့။ ကားလိုင်စင်ဝင်ရတဲ့ဒုက္ခ မရှိတော့ ဘူးပေါ့” ဟုလိုင်းကားပိုင်ရှင်ဦးအောင်နိုင်ဝင်း ကပြောသည်။
လက်ရှိမြန်မာနိုင်ငံအနေနှင့်လည်တစ်နှစ် အတွင်းကုန်သွယ်မှုတန်ဖိုးသုံးဘီလီယံကျော်မြင့်တက် လာကာယခု စနစ်အကောင် အထည်ပေါ်ပါကလက် ရှိထက်ပိုပြီး ကုန်သွယ်မှုတန်ဖိုးများ မြင့်တက် လာနိုင်ကြောင်း သိရသည်။
2 comments:
သတင်းကောင်းလေးပါပဲ
အခုတလောသတင်းစုံတယ်..
Post a Comment