<div style='background-color: none transparent;'></div>

Home » » အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ (ရုပ်/သံ)

အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ (ရုပ်/သံ)

ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ အမျိုးသမီး သီးသန့်ယဉ်လိုင်းတွေကို အမျိုးသမီးထုက သဘောကျကျေနပ်တဲ့ အတွက် တိုးချဲ့ပြေးဆွဲသွားဖို့ရှိနေပါတယ်။ (ရုပ်/သံ)ဒီဗွီဘီ
အမျိုးသမီးတို့၏ ကာယိနြေ္ဒအချက်ပေး ကာကွယ်ရန် အင်္ဂါနေ့တိုင်း ဝီစီဝေပြီ ဆိုတဲ့ အကြောင်းကိုလည်း ပေါ်ပြူလာ သတင်းမှာအခုလိုဖော်ပြထားပါတယ်။

Whistle for help အစီအစဉ်အရ အပတ်စဉ် အင်္ဂါနေ့တိုင်း ရန်ကုန်မြို့တွင်း လူစည်ကားရာ အရပ်များတွင် ဝီစီနှင့် အသိပေး စာစောင်များကို ဝေငှနေကြောင်း အခရာ အမျိုးသမီးအဖွဲ့မှ သိရသည်။ ရန်ကုန်မြို့တွင်း ဘတ်စကားယာဉ်များတွင် အမျိုးသမီးများအပေါ် ကာယိနြေ္ဒနှာင့်ယှက်မှုကို ရပ်တန့်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ဝေငှခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ သိရသည်။ ကာယိနြေ္ဒ နှောင့်ယှက်ခံရမှုသည် အမျိုးသမီးများ အတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် အမျိုးသမီးများ အနေဖြင့် ယခုကဲ့သို့ နှောင့်ယှက် ခံရပါက နှုတ်ဆိတ်မနေဘဲ ဝီစီဖြင့် အကူအညီတောင်းရန် လိုအပ်ပြီး အမျိုးသားများကလည်း အကူအညီပေးရန် လိုအပ်ကြောင်း အခရာ အမျိုးသမီးအဖွဲ့မှ ဒါရိုက်တာတစ်ဦးက ပြောသည်။ “ခရာမှုတ်တာ၊ မမှုတ်တာကတော့ ကိုယ်ပိုင်အခွင့်အရေးပါ။ ခရာမမှုတ်ဘဲ ဒီအတိုင်း ငြိမ်ခံနေမလား၊ အနည်းဆုံးတော့ ဒီအပြုအမူတွေ တန့်သွားပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ အမျိုးသမီးများ သီးသန့်ယာဉ်လိုင်း ပြေးဆွဲပေးရန် စတင်လှုံ့ဆော်ခဲ့သူ ဒေါ်ကေခိုင်အောင်ခင်က ယခုအစီအစဉ်သည် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ခြေ ရှိသော်လည်း အမျိုးသမီးထု၏ ကာယိနြေ္ဒကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ခြင်းကြောင့် ကြိုဆိုရမည်ဟု ဆိုသည်။

ပေါ်ပြူလာဂျာနယ်
Share this article :

2 comments:

ချစ်စံအိမ် said...

ကောင်းတာပေါ့နော်

လွင်ပြင်လှိုင်းငယ် said...

သတင်းကောင်းပါ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map