<div style='background-color: none transparent;'></div>

Home » » ရှားပါးသည့် မျိုးဗီဇဆိုင်ရာ ရောဂါကြောင့် တစ်ကိုယ်လုံး အမွေးထူထပ်စွာ ဖုံးလွှမ်းနေသည့် ညီအစ်မသုံးဦး

ရှားပါးသည့် မျိုးဗီဇဆိုင်ရာ ရောဂါကြောင့် တစ်ကိုယ်လုံး အမွေးထူထပ်စွာ ဖုံးလွှမ်းနေသည့် ညီအစ်မသုံးဦး

လူပေါင်းတစ်ဘီလျံတွင် တစ်ဦးသာ ဖြစ်နိုင်ချေရှိသော အလွန်ရှားပါးသည့်

ဝံပုလွေရောဂါဟုခေါ်သော မျိုးဗီဇဆိုင်ရာ ရောဂါကြောင့် တစ်ကိုယ်လုံး အမွေးထူထပ်စွာ
ဖုံးလွှမ်းနေသည့် ညီအစ်မသုံးဦးသည် ယောက်ျား လိုချင်သောကြောင့်
့်အမွေးကင်းစင်သည့်ဘဝသို့ ရောက်လိုကြောင်း ဖေဖော်ဝါရီလ ၈ရက်နေ့တွင် DMသတင်းဌာနသို့ ပြောကြားခဲ့သည်။
တစ်ကိုယ်လုံး အမွေးဖုံးနေသည့် ညီအစ်မသုံးဦးမှာ
ဆာဗီတာ (၂၃နှစ်)၊ မိုနီရှာ (၁၈နှစ်)၊ဆာဗီထရီ (၁၆နှစ်)တို့ဖြစ်ပြီး သူတို့သည်အိန္ဒိယနိုင်ငံ
အလယ်ပိုင်း ပြွန်းမြို့အနီးရှိ ရွာငယ်လေး တစ်ရွာ၌ နေထိုင်ကြသည်။သူတို့သည် တစ်နေ့နေ့၌ အထူးလေဆာ ကုထုံးကိုခံယူလျက် အမွေးများ ကင်းစင်သည့်ဘဝကို ခံယူကာ
အိမ်ထောင်ပြုရန်အတွက် ရည်မှန်းချက် ထားရှိထားသည် ဟုဆိုသည်။ သူတို့သည်
မွေးချင်းညီအစ်မ ခြောက်ဦးရှိသည့်အနက် သုံးဦးမှာ ယခုကဲ့သို့ အမွေးထူရောဂါရနေ
ခြင်းဖြစ်သည်။ ယင်းလေဆာကုထုံး ခံယူရန်အတွက် တစ်ဦးလျှင် အိန္ဒိယရူပီး၃၅ဝ,ဝဝဝ
(အမေရိကန်ဒေါ်လာ ၆,၇၅ဝ) ကုန်ကျမည်ဟုဆိုသည်။
Share this article :

3 comments:

လွင်ပြင်လှိုင်းငယ် said...

သနားပါတယ်နော်

စံပယ်ချို said...

ထူးဆန်းလိုက်တာနော်

ချစ်စံအိမ် said...

ကြည့်သွားပါတယ်
ဘာပြောရမလဲမသိလို့ 
အပေါ်ကနှစ်ယောက်ပြောသလိုပဲ:P

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map