<div style='background-color: none transparent;'></div>

Home » » တကယ်လိုချင်ရင် ရမှာပါမလွဲ

တကယ်လိုချင်ရင် ရမှာပါမလွဲ


“If you want something badly enough
you will get it.”

မင်းတစ်ခုခုကို ဆိုးဆိုးဝါးဝါး လိုချင်နေပြီဆိုရင် အဲဒါကို မင်းရမှာပါပဲ။
ဒါ မှန်ပါတယ်။ မင်းတစ်ခုခုကို အမှန်တကယ် လိုချင်ပြီဆိုရင် အဲဒါကို မင်းရပါလိမ့်မယ်။ လိုချင်တဲ့ ဆန္ဒဆိုတာ လွယ်လွယ်နဲ့ ရပ်မသွားနိုင်တဲ့ တွန်းအားတစ်မျိုးပဲလေ။
မင်းရဲ့ ရည်မှန်းချက်နဲ့ပတ်သက်လို့ စဉ်းစားကြည့်ပါဦး။

- အဲဒါကို မင်းဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး လိုချင်သလဲ။
- အဲဒါကိုရဖို့ မင်း အနစ်နာခံနိုင်၊ အပင်ပန်းခံနိုင်မလား။
- ဘယ်လို အခြေအနေမျိုးနဲ့ကြုံရင် မင်း လက်လျှော့လိုက်မှာလဲ။

မင်း တစ်ခုခုကို အမှန်တကယ် ဆိုးဆိုးဝါးဝါး လိုချင်လို့ရှိရင် နောက်ဆုတ်ဖို့ဆိုတာကို မင်းရွေးချယ်မှာမဟုတ်ပါဘူး။ မင်းကို အကောင်းတကာ့အကောင်းဆုံးဖြစ်အောင်၊ မင်းရဲ့ စွမ်းဆောင်ရည်တွေကို မီးညှိပေးမှာက မင်းရဲ့ လိုချင်တဲ့ ဆန္ဒပါပဲ။ မီးတောက် သေးသေးလေးက အပူတွေအများကြီး မပေးနိုင်ဘူးဆိုတာတော့ မင်းသိပါတယ်။ ဒါပေမဲ့ ပိုကြီးမားတဲ့ ပိုပြင်းထန်တဲ့ မီးတောက်ကြီးကို ရဖို့အတွက်တော့ အဲဒီမီးတောက်သေးသေးကို လိုအပ်တာပါပဲ။

မီးတောက်ကြီးဆိုတာကတော့ မင်းရဲ့ စိတ်အားထက်သန် ပြင်းပြမှုပါ။ ဘယ်နေရာမျိုးမှာမဆို အကောင်းတကာ့အကောင်းဆုံးဖြစ်ဖို့ တောက်လောင်နေတဲ့ မင်းရဲ့ဆန္ဒပေါ့။
မင်းရဲ့ ဆန္ဒက ပြင်းထန်သလား မပြင်းထန်ဘူးလားဆိုတာ မသေချာဘူးဆိုရင်၊ မင်းရဲ့  ဆန္ဒကို ပိုပြီး ပြင်းထန်လာစေမယ့် နည်းလမ်းတစ်ချို့ရှိပါတယ်။
စာရွက်တစ်ရွက်ကို ယူလိုက်ပါ။ ပြီးတော့ မင်းရဲ့ ရည်မှန်းချက်ကို ဘာကြောင့်လိုချင်ရသလဲဆိုတဲ့ အကြောင်းပြချက်တွေကို ချရေးလိုက်ပါ။ မင်းစိတ်ကူးလို့ရသမျှ ကောင်းကျိုးတွေအားလုံးကို ချရေးပါ။ အကြောင်းပြချက် များများပိုရလေ၊ မင်းရဲ့ လိုချင်တဲ့ဆန္ဒက ပိုကြီးမားလာလေလေပါပဲ။
မင်းရဲ့ရည်မှန်းချက်ကရမယ့် အကျိုးရလာဒ်စာရင်းကို နံနက်ခင်းတိုင်းမှာ ဖတ်ပါ။ ဒါဆို အဲဒီရည်မှန်းချက်ဟာ တစ်နေ့ခင်းလုံး မင်းခေါင်းထဲမှာ စွဲနေပါလိမ့်မယ်။ ဒီတော့ မင်းဟာ ပိုပြီး တက်ကြွလာမယ်၊ ပိုပြီး  စိတ်အားထက်သန်လာမယ်။
မင်းရဲ့ ရည်မှန်းချက်က ပိုကြီးမားလေ၊ အတားအဆီးတွေ ပင်ပန်းမှုတွေက ပိုများလေပါပဲ။ အဲဒါတွေကို မင်းကြောက်ချင်ကြောက်နေနိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးအတွက် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားလေးတစ်ချို့ကို လက်ဆောင်ပေးချင်ပါတယ်။
( ကိုယ့် blog ဟာ နိုင်ငံရေးဘလော့ဂ်မဟုတ်ပါဘူး။ ဒါ့ကြောင့် နိုင်ငံရေးနဲ့ပတ်သက်တာတွေကို ကိုယ် ရေးမှာလည်းမဟုတ်ဘူး။ မင်းရဲ့ အောင်မြင်ရေးလမ်းကြောင်းကိုသွားရာမှာ အသုံးဝင်မယ့် နည်းလမ်းတွေကိုပဲ ကိုယ်က ပြောမှာပါ)
ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားက ဘာလဲဆိုတော့ -
” မကြောက်အောင်ဆိုတာ ကိုယ့်မှာ ခံယူချက်တစ်ခုရှိရမယ်။
ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးပြင်းထန်တဲ့ စိတ်တစ်ခုကို မွေးရမယ်။
ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးတော့ လုပ်ချင်တဲ့စိတ်က များရမယ်။
ဒီလို စိတ်ဓာတ်တွေမွေးမှ ရမှာပဲ ”
ဟုတ်ပါတယ်။ မင်းရဲ့ ဆန္ဒက မပြင်းထန်ဘူးဆိုရင် အခက်အခဲလေးတစ်ခုကို တွေ့တာနဲ့ မင်းကြောက်ပြီး လက်လျှော့သွားမှာပဲ။ ဒီတော့ မင်းကြောက်တဲ့စိတ်ဓာတ် ပိုပြီးတော့ လုပ်ချင်တဲ့စိတ်က များရမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေဟာ ကိုယ့်အတွက် တော်တော်လေး တွန်းအားဖြစ်ခဲ့ပါတယ်။
ကိုယ်နိဂုံးချုပ်ပါမယ်။
ဆန္ဒဟာ အောင်မြင်မှုလမ်းကြောင်းမှာရှိနေတဲ့ အတားအဆီးမှန်သမျှကို ကျော်လွှားနိုင်တယ်။
ဆန္ဒဟာ တောင်တန်းကြီးတွေကို မြေမှုန့်လေးတွေဖြစ်အောင် လုပ်ပစ်နိုင်တယ်။
မင်းရဲ့လမ်းကြောင်းမှာ ဘယ်လိုအတားအဆီးတွေပဲရှိရှိ၊ ဆန္ဒက အဲဒီအတားအဆီးတွေကို ရွှေ့ပစ်နိုင်ပါတယ်။
ကိုးကား- The Law of Desire by Arina Nikitina
Share this article :

2 comments:

စံပယ်ချို said...

မင်းတစ်ခုခုကို ဆိုးဆိုးဝါးဝါး လိုချင်နေပြီဆိုရင် အဲဒါကို မင်းရမှာပါပဲ။
ဒါ မှန်ပါတယ်။ မင်းတစ်ခုခုကို အမှန်တကယ် လိုချင်ပြီဆိုရင် အဲဒါကို မင်းရပါလိမ့်မယ်။ လိုချင်တဲ့ ဆန္ဒဆိုတာ လွယ်လွယ်နဲ့ ရပ်မသွားနိုင်တဲ့ တွန်းအားတစ်မျိုးပဲလေ----------------------------------------မှတ်သားစရာတွေအများကြီးရတယ်
ခင်မင်တဲ့ sis jasmine

ချစ်စံအိမ် said...

မှတ်သားသွားပါတယ်

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map