<div style='background-color: none transparent;'></div>

Home » » ဗဟန်းမြို့နယ်တွင် နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွား

ဗဟန်းမြို့နယ်တွင် နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက် ဦးအောင်ကျော်ဖြူလမ်း အိမ်အမှတ် (-) တွင် ၁၇-၂-၂ဝ၁၂ ရက် ည ၈ နာရီခန့်က နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက်ကာ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားချိန်တွင် ဝင်ရောက်ရိုက်နှက်မှု ဖြစ်သည့် အိမ်၌အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြား လူငယ်ခြောက်ဦး ရှိနေရာ ရိုက်နှက်မှုကြောင့် နှစ်ဦး(ပုံ)မှာ ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြော ဌာနတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသလျက်ရှိကြောင်း သိရသည်။''ထိတာက သုံးယောက်ထိတာ အိမ်ရှင်ရဲ့သား အသက် ၂၄ နှစ်လောက်ရှိတဲ့ ဖြိုးသက်စံကတော့ ပထမ အရိုက်ခံလိုက်ရပြီးတာနဲ့ လန့်ပြီးလဲကျပြီးတော့ တက်နေတယ်။ သူရဲ့ညီအငယ်ဆုံး ဆယ်တန်းကျောင်းသား ဖြိုးငြိမ်းစံ (၁၆ နှစ်)ကတော့ အခုဆေးရုံမှာ၊ နောက်တစ်ယောက်က ဖြိုးသက်စံတို့ သူငယ်ချင်း အောင်သူစိုးလည်း ဆေးရုံမှာ အခုဆေးရုံမှာ အတွင်းလူနာ နှစ်ယောက်ပေါ့''ဟုဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ တစ်ဦးကဆိုသည်။ အခင်းမဖြစ်မီ တစ်ရက်က အဆိုပါ အိမ်မှ အသက် ၁၉ နှစ်ခန့်အရွယ် ဖြိုးဇင်အောင်ဆိုသည့် လူငယ်နှင့် သူငယ်ချင်းများ အပြင်တွင် စကားများ ရန်ဖြစ်ခဲ့ကြသေးသည်ဟု ဖြိုးဇင်အောင်က ပြည်မြန်မာဂျာနယ်ကို ပြောသည်။
''ကျွန်တော်တို့ အချင်းချင်းတစ်ယောက်ကို တစ်ယောက်စကြ နောက်ကြရင်းလက်သီးနဲ့ အပြန်အလှန် ထိုးခဲ့ကြတယ်။ အခုအခင်းဖြစ်တဲ့နေ့မှာ ကျွန်တော်အိမ်မှာမရှိဘူး။ အလုပ်ကပြန်လာမှသိတာ'' ဟု၎င်းကပြောသည်။ ၎င်းနေအိမ်ကို အစုလိုက် ဝင်ရိုက်သည့်အတွက် နောက်ဖေးမီးဖိုခန်း တစ်ခုလုံး ပစ္စည်းများဖရိုဖရဲ ပျက်စီးလျက်ရှိသည်ကို တွေ့ရသည်။ လာတာတော့ ကောင်လေးတွေ ၁ဝယောက်ကျော် လောက်ရှိတယ်။ အစက ဂိမ်းလာကစားတယ် ထင်လို့ မေးကြည့်တာ၊ လူလာရှာတာတဲ့၊ ဒါကြောင့် အခြေအနေကို ကြည့်လိုက်တော့ ပုံမဟန်တာနဲ့ ကလေးတွေပြန်ကြလို့ ပြောလိုက်သေးတယ်။ ခဏကြာတော့ အဲလိုပဲ ရိုက်ကြနှက်ကြဖြစ်တယ်'' ဟု အခင်းဖြစ်ပွားရာ နေအိမ်အနီးမှ မျက်မြင်တစ်ဦးက ဆိုသည်။ ဝင်ရောက်ရိုက်နှက်သည့် လူငယ်များသည် စတီးနာရီကို လက်တွင်ဆုပ်၍ ထိုးကြိတ်ခြင်းဖြစ်ကာ တုတ်၊ ခုံဖိနပ်များကိုပါ ကိုင်ဆောင်လာသည် ဟုလည်းမျက်မြင်သက်သေ များကပြောသည်။''အဲဒီအိမ်မှာ TV ကြည့်နေတဲ့ လူကကြည့်၊ ဂီတာတီးနေတဲ့သူက တီးနဲ့နေကြတာပေါ့။ သူတို့ အဖေကမရှိတော့ဘူး။ အမေကလည်း အိမ်မှာမရှိဘူး။ အင်းစိန်မှာ။ မီးဖိုချောင်ထိ ဝင်ရိုက်ကြတာ''ဟုအရိုက်ခံရ၍ ဆေးရုံရောက်နေသည့် ဖြိုးငြိမ်းစံ၏ အဒေါ်ဖြစ်သူက ရှင်းပြသည်။ အဆိုပါအမှုကို ဗဟန်းမြို့နယ်ရဲ စခန်းတွင်(ပ) ၈၁/ ၂ဝ၁၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုပုဒ်မ ၂၉၄၊ ၄၅၂၊ ၁၁၄ တို့ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။


ပြည်မြန်မာဂျာနယ်
Share this article :

2 comments:

စံပယ်ချို said...

ရဲတင်းလိုက်တာနော် ဘာတွေဖြစ်ထားလဲမသိရတော့ခက်သား
ဘာပဲဖြစ်ဖြစ်ဥပဒေအရလုပ်တာကောင်းပါတယ်
ခင်မင်တဲ့ sis jasmine

huai huai said...

ကြောက်စရာနော် ဘာလိုလူတွေမှန်းမသိ

Post a Comment

 
Copyright © 2011. အောင်သက်ခိုင် . All Rights Reserved
| Contact Us | Privacy policy | Term of use | Widget | Advertise with Us | Site map